၁၈ ဇန်နဝါရီ ၂၀၁၃ - ၂၀:၃၀

အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို (၂၀-၁-၂၀၁၃)ရက်နေ့၊ညနေ(၃း၀၀)နာရီမှာ ရန်ကုန်မြို့၊ဆိပ်ကမ်းသာ လမ်းရှိ The Strand Hotelမှာ စည်းကား သိုက်မြိုက်စွာကျင်းမှာဖြစ်ပါတယ် ။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို (၂၀-၁-၂၀၁၃)ရက်နေ့၊ညနေ(၃း၀၀)နာရီမှာ ရန်ကုန်မြို့၊ဆိပ်ကမ်းသာ လမ်းရှိ The Strand Hotelမှာ စည်းကားသိုက်မြိုက်စွာကျင်းမှာဖြစ်ပါတယ် ။ ဆရာ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် ရေးခဲ့တဲ့ စံပယ်ကြူ ပန်ချင်သူကောက်မြဲ စာအုပ် အမှတ်တရ စာစဉ် ကို အခမ်းနား တက်ရောက်လာသူများကို အခမ်းအနားမှာ ဝေငှမှာဖြစ်ပါတယ်။ ဦးရာဇတ်ပုံ အထိမ်းအမှတ် ရင်ထိုးလဲ မေတ္တာလက်ဆောင်ပေးမည် သိရပါတယ်။ အခမ်းအနားမှာ Skynet ရုပ်မြင်သံကြားမှ လာရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ စန္ဒယား မောင်လှအေး အဖွဲ့နဲ့ တေးသံရှင် ရန်ပိုင်စိုး၊ ခင်ညွန့်ရည်၊ စိုးစန္ဒာထွန်းစတဲ့ အဆိုတော်များက အမျိုးသားရေး တေးသီချင်းများ သီဆို ဧည့်ခံမှာ ဖြစ်ပါတယ်။ ကိုသူရ ရိုက်ကူးတဲ့ ဗီဒီယို(၁၀)မိနစ်စာခန့် ဇာတ်လမ်းတိုလည်း ပြသမယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်တရ စာစဉ်တွင် အောက်ဖော်ပြကဏ္ဍများပါဝင်မည် ဖြစ်ကြောင်းလဲ သိရှိရပါတယ်။

  • - ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိအကျဉ်း
  • - သခင်မြ၏အတ္ထုပ္ပတ္တိအကျဉ်း
  • - ဒီးဒုတ်ဦးဘချို၏အတ္ထုပ္ပတ္တိအကျဉ်း
  • - ဦးရာဇတ်၏အတ္ထုပ္ပတ္တိအကျဉ်း
  • - မန်းဘခိုင်၏အတ္ထုပ္ပတ္တိအကျဉ်း
  • - မိုင်းပွန်စောဘွားကြီးစပ်စံထွန်း၏အတ္ထုပ္ပတ္တိအကျဉ်း
  • - ဦးဘ၀င်း၏အတ္ထုပ္ပတ္တိအကျဉ်း
  • - ဦးအုန်းမောင်၏အတ္ထုပ္ပတ္တိအကျဉ်း
  • - ရဲဘော်ကိုထွေး၏အတ္ထုပ္ပတ္တိအကျဉ်း
  • - လူထုဒေါ်အမာ၏အမှာ
  • - စာရေးသူ(၀မ်းအိုဝမ်း-ကျော်ဝင်းမောင်)၏အမှာ စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ
  • - ဆရာကြီးဦးရာဇတ်၏ထူးခြားတဲ့ဝိသေသများ
  • - ပါဠိနဲ့အင်္ဂလိပ်ဘာသာမှာစွယ်စုံတော်သူ
  • - ဗုဒ္ဓဘာသာမှာ ၀င်ဆန့်တဲ့သူ
  • - နေရှင်နယ်ကျောင်းဆရာ
  • - တို့ကျောင်းက ငြိမ်းချမ်းရိပ်သာ
  • - လွတ်လပ်ရေးရချင်လျှင် အင်္ဂလိပ်စာသင်
  • - နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်မွေးပေးသူ
  • - ဘုရားမရှိခိုးလျှင် ကြိမ်စာပဲ
  • - လူမှုရေးတာဝန်တွေကိုလည်း တာဝန်ယူခဲ့ခြင်း
  • - ပြောင်မြောက်တဲ့ နိုင်ငံရေးအမြင်
  • - ကျောင်းသားအရေးတော်ပုံမှ ပြည်သူ့အရေးတော်ပုံ
  • - ဂျပန်အကျဉ်းသမား
  • - တိုင်းပြည်အတွက် သေချင်သေပါစေတဲ့
  • - မန္တလေးခရိုင် ဖဆပလဥက္ကဋ္ဌအတွက် သံဃာတော်များက ဆန္ဒပေးခြင်း
  • - အစ္စလာမ့်လမ်းစဉ်နဲ့အညီ
  • - သံဃာတော်၊ဆရာတော်များရဲ့ ဆန္ဒနဲ့အညီ ၀န်ကြီးဖြစ်လာခြင်း
  • - ပြည်မြို့မှ အတုယူစရာတစ်ခု
  • - သမိုင်းအစဉ်အလာရှိခဲ့တဲ့ ဗမာမွတ်စ်လင်မ်များ
  • - ထမ်းပိုးနှစ်ထပ်အောက်က မျိုးနွယ်
  • - စံပြ ဆရာကြီး ဦးရာဇတ်
  • - အစ္စလာမ့်အ၀တ်အစားရယ်လို့မရှိ
  • - (၁၉၄၁)ခုနှစ်၊မေလ(၄)ရက်၊ယင်းတော်မြို့၌ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဖရင့်(ဒုတိယ)တွင် ဆရာကြီးဦးရာဇတ် မိန့်ကြားခဲ့သော သဘာပတိမိန့်ခွန်း