အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဤညီလာခံ၏အစပထမပိုင်းမြို့၏အကျော်အမော်ကရီတစ်ပါးမှာကျမ်းတော်မြတ်၏အာယတ်တော်များဖတ်ရွတ်ပြီး စတင်ခဲ့ပါသည်။ ပြီးနောက် ကရာချီးမြို့တွင်အန်ဂျွန်မန် နေ (နောင်ဂျဝါနန်နေ အစ္စလာမ်)၏ ဥက္ကဋ္ဌ သွာရေက်မဟ်ဘူးဗ်မှရဘီအိုလ်အောင်ဝလ်လ မြတ်သည်မွတ်စလင်များအတွက်ဘရကတ်နှင့်ရဟ်မသ်ရှိသည့်လဖြစ်ကြောင်း ၊ဤ အတွက် ကြောင့် မွတ်စလင်များအနေဖြင့် မလွဲမသွေ ထာဝရ ၊နေရာတိုင်း၊အခြေအနေတိုင်း အလ္လာဟ်ဟို အရှင်မြတ် အား ကျေးဇူးတင်နေရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး မွတ်စလင်များအနေဖြင့် မဟာ တမန်တော်မြတ်ကြီး(ဆွ) ၏ မြင့်မြတ်သည့်စာရိတ္တ တော်များ နှင့် ဘဝသမိုင်းအား မိမိတို့ဘဝ၏ စံနမူနာ မှတ်ကျောက်အဖြင့်လိုက်နာ ကျင့်သုံးရန် ၊တိုက်တွန်းပြောကြားခဲ့ပါသည်။ဥက္ကဋ္ဌသွာရေက်မဟ်ဘူးဗ်မှအဆုံးတွင်ကရာချီးမြို့နှင့် ပေရှာဝရ်မြို့များတွင်လက်ရှိကျွန်တော်တို့ ပြည်သူများအ နေဖြင့်လူမျိုးရေး နိုင်ငံရေးတွင်စည်းလုံးညီညွတ်မှုလိုအပ် နေကြောင်း၊ပါကစ္စတန်နိုင်ငံဘာသောရေးအကြီးအကဲ များ၊ နိုင်ငံတော်အကြီးအကဲများအနေဖြင့်တညီတညွတ်တည်းစည်းလုံးဖို့မလွဲမသွေလိုပြီး၊သောင်းကြမ်းသူအဖက်သမားများက နိုင်ငံတော်အတွင်းမှသုတ်သင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
၂၇ ဇန်နဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 385812
ပါကစ္စတန် နိုင်ငံကရာချီးမြို့တွင်အန်ဂျွန်မန် နေ (နောင်ဂျဝါနန်နေ အစ္စလာမ်) ဖက်မှကြီးမှူးပြီး မဟာ တမန်တော်မြတ်ကြီး(ဆွ) ဘဝသမိုင်း ဆိုင်ရာ ညီလာခံ ကျင်းပခဲ့ပါသည်။