အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာမြောက်ပိုင်းက တရုတ်ဘော်ဒါ တလျောက်မှာ မြန်မာစစ်တပ်က ကချင် လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်နေစဉ် ဘေဂျင်းကတော့ တရုတ်ဘော်ဒါမှာပဲ အခြေစိုက်တဲ့ “၀” တပ်မတော်ကို အဆင့်မြင့်လက်နက် ကိရိယာတွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးလေ့လာ သုံးသပ်သူတွေ က ပြောဆို လိုက်ပါတယ်။ “၀”တပ်မတော် ကတော့ မြန်မာပြည်ထဲက လက်နက်ကိုင် တပ်တွေထဲမှာ အကြီးမားဆုံးလည်းဖြစ်သလို အရှေ့တောင်အာရှ မှာတော့ မူးယစ်ဆေးဝါးမှုတွေနဲ့လည်း အကြီးကျယ်ဆုံး ပတ်သက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာ မြန်မာစစ်တပ်က ကချင်သူပုန်တွေကို လေကြောင်းကနေ တနည်း၊ မော်တာတွေပစ်ပြီးတော့ တဖုံ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာကြောင့် မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်း လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်ပြီး နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။

 

ကချင်လက်နက်ကိုင် တပ်မတော် ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး တည်ဆောက်ထားနိုင်ခဲ့ပေမယ့် ၂၀၁၁ မှာတော့ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ယခုတကြိမ် မြောက်ပိုင်း စစ်ဆင်ရေးကတော့ အကြီးကျယ်ဆုံး စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။

 

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်ကနှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းကတော့ မြန်မာပြည်က အခြားသော လက်နက်ကိုင် အဖွဲ့ ယူနိုက်တက် “၀” တပ်မတော်ကို တိတ်တဆိတ် လက်နက် တွေ ရောင်းနေတာပါလို့ လုံခြုံရေးလေ့လာသူတွေက ပြောကြားပါတယ်။

 

ဗြိတိသျှအခြေစိုက် IHS Jane’s Intelligence Review လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းပြီး စိစစ်လေ့လာကာ အစီရင်ခံ တင်ပြလေ့ရှိတဲ့ Jane’s Information Group ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာတော့ တရုတ်က ပြီးခဲ့တဲ့နှစ်အတွင်း ကာကွယ်ရေး စနစ်တွေ တည်ဆောက်ဖို့အတွက် “၀” တပ်မတော်ကို အဆင့်မြင့် လက်နက်တွေ ရောင်းချခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။ အဲဒီထဲ မှာတော့ လေယဉ်ပစ် အမြောက်တွေ၊ တင့်ကားဖျက်လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အစင်းပေါင်း အနည်းဆုံး ၁၂ စင်းထိ ပါရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။ တင့်ကားဖျက် လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယဉ်ပုံစံမျိုးကို ပထမဆုံး အကြိမ်ရောင်းချခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

 

ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးလေ့လာ သုံးသပ်သူနဲ့ IHS Jane’s Intelligence Review ကို ရေးသားသူ အန်တိုနီ ဒေးဗစ္စကတော့ “ဘေဂျင်းက ၀တွေနဲ့ ဆက်ဆံလာတဲ့ သမိုင်းဝင်၊ ယုံယုံကြည်ကြည် ဆက်ဆံမှု အခြေအနေကို ချိန်ခွင်လျှာညီမျှဖို့ ကြိုးစားနေသလို၊ မြန်မာအာဏာပိုင်တွေနဲ့ အဆက်အဆံကိုလည်း အဲဒီလို ညီမျှဖို့ ကြိုးစားနေတယ်” လို့ ဆိုပါတယ်။

 

“တရုတ်က သူတို့နယ်နိမိတ်စည်းပေါ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လစ်လျူရှုလို့ မဖြစ်နိုင်သလို၊ တချိန်တည်းမှာပဲ မြန်မာပြည်က ဗဟိုအစိုးရ ကိုလည်း လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်က လက်နက်ပစ္စည်းတွေကို တိုက်ရိုက်ထောက်ပံ့နေတယ်လို့ ဆိုနိုင်ပြီလား ? မဆိုနိုင်ပါဘူး။ ဒီလိုမျိုး လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတဲ့သူဟာ အစိုးရထဲက စီနီယာကြီးတွေ အထိ ဖြစ်နေနိုင်တယ်ဆိုတာ သိသာပေမယ့်၊ သူတို့ ဟာ ငွေရေးကြေးရေးမှာတော့ တိုက်ရိုက် ပါဝင်နေတယ်လို့တော့ ပြောလို့မရဘူး။ ဒီနေရာမှာ သူတို့အနေနဲ့ (စွပ်စွဲလာရင်) ငြင်းနိုင်ဖို့ (ထွက်ပေါက်) အခွင့် အလမ်းလေးတွေလည်း ထားရမယ်လေ။” ဟု အန်တိုနီ ဒေးဗစ္စက ဆိုပါတယ်။

 

တရုတ်နိုင်ငံခြားရေးဌာနကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး တစုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

 

“၀” လက်နက်ကိုင်အဖွဲ့ကတော့ မြန်မာပြည်မှာ အကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ “၀” တပ်မှာ တပ်သားပေါင်း ၃ သောင်းထိ ရှိနေသလို အချိန်ပိုင်း တပ်သားတွေလည်း ပါဝင်နေပါတယ်။ တရုတ်ကတော့ သူရဲ့ ၀င်ရောက် မစွက်ဖက်ရေးပေါ်လစီကြီး ရှိနေပေမယ့် ၀တွေကို အကြီးမားဆုံး၊ တရားမ၀င် လက်နက်ထောက်ပံ့ပေး နေတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

 

ဝတွေကတော့ ၁၉၈၉ ခုနှစ်၊ ဗမာကွန်မြူနစ်ပါတီ အကွဲအပြဲဇတ်လမ်းအပြီး ထွက်ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက တစ်ဖွဲ့ဖြစ်ပါ တယ်။ ဘေဂျင်းကတော့ ကွန်မြူနစ်တွေကို တိုက် ရိုက်ထောက်ပံ့ခဲ့သလို အသစ်အသစ်သော သူပုန်အဖွဲ့တွေနဲ့ အဆက်အဆံကိုလည်း တည်တံ့စေခဲ့ ပါတယ်။

 

ယေးလ်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ စာတမ်းပြုစုနေသူ ဂျော့ရှ် ဂေါ်ဒန်ကတော့ တရုတ်နဲ့ ၀တွေ အနီးကပ် အဆက်အဆံရှိနေတယ်လို့ ဆိုပါတယ်။ သူက “၀တွေသည် တရုတ် စကားပြောသူတွေဖြစ်တယ်၊ ၀တွေက အနည်းနဲ့ အများဆိုသလို တရုတ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။

 

ဝတွေရဲ့ ဒေသနဲ့ပတ်သက်ပြီး ဂေါ်ဒွန်က – “တရုတ်ပိုက်ဆံသုံးတယ်၊ တရုတ် ဆဲလ်ဖုန်းတွေ၊ တရုတ်ပြည်ကလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို အများဆုံး သုံးမယ်၊ မြို့ဧရိယာမှာ လျှပ်စစ်မီးတွေရနေမယ်၊ တရုတ်အင်တာနက်နဲ့လည်း ချိတ်ဆက်ထားတယ်” ဟု ပြောကြားခဲ့ပါတယ်။

 

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြန်မာအစိုးရနဲ့ ၀တွေအကြား အပစ်အခတ်ရပ်ဆဲဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီကနေတဆင့် ၀တွေဟာ ရှမ်းပြည် အရှေ့မြောက်ပိုင်းက သူတို့နေတဲ့ဒေသကို သူတို့ကိုယ်တိုင် အုပ်ချုပ်ခွင့်ရခဲ့တယ်။ သူတို့ဟာ အဲဒီဒေသကြီးကို အာရှရဲ့ အကြီး ဆုံးသော မီသာဖီတာမင်း ထုတ်လုပ်တဲ့ ဒေသကြီးအဖြစ် အသွင်ပြောင်းပစ်လိုက်တယ်။ အဲဒီဒေသကို မူးယစ်ဆေးဝါးမှုနဲ့ ပတ်သတ်တဲ့ အကြီးဆုံးဒေသ ကြီးလို့လည်း စဉ်းစားနိုင်တယ်။

 

အမေရိကန်ရဲ့ U.S. Drug Enforcement Agency ကတော့ ၂၀၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံထုတ် မှုခင်းသတင်းတွေထဲမှာ ၀လက်နက် ကိုင်ခေါင်းဆောင် Wei Hsueh Kang ကို အလိုချင်ဆုံး သူပုန်(most wanted) အဖြစ် ဓာတ်ပုံထည့်သွင်းဖော်ပြခဲ့ပါတယ်။

 

ဝတွေကို လက်နက်ရောင်းတဲ့ကိစ္စကလွဲလို့ တရုတ်က နယ်စပ်ဒေသကို