၃ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀

အီဂျစ် အစ္စလာမ်မီ ဗဟို ဌာ အလ်အဇ်ဟရ် အနေဖြင့် လက်ရှိ သမ္မတ အား ဆန်ကျင့် သည့် သပိတ်မှောက် ဆန္ဒပြအုပ်စုများ အား အစွန်းရောက်မှု မှန်သမျှ ကို မပြုကြရန် ၊ ပြည်တွင်း ဆွေးနွေးဖြေရှင်း မှုများပြုလုပ်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပေသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။အလ်အဇ်ဟရ် ၏ အထက်ပါ မေတ္တာရပ်ခံ တိုက်တွန်းမှု သည် အီဂျစ်နိုင်ငံ တွင် ဖြစ်ပွားနေ သည့် အစွန်းရောက် သပိတ်မှောက် ဆန္ဒပြ မှု များ ကို ရပ်နိုင်ရန်အတွက် ဖြစ်ပေသည်။ဤအစီအစဉ်အား ရှိက်ခ် ခွလ် အဇ်ဟရ် အနေဖြင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ အားလုံး နှင့် မျက်နှာ စုံညီ ညီလာခံ ကျင်းပ ပြီး အားလုံးထံ မှ သဘောတူညီချက် ရယူထား သည့် အစီအစဉ် ဖြစ်ပေသည်။ဤညီလာခံ သည် လက်ရှိ အီဂျစ် သမ္မတ မိုဟမ္မဒ် မိုရ်စီ အားအတိုက်အခံပါတီ ခေါင်း ဆောင်များ၊ အေခ်ဝန်းနေမွတ်စလေမီး(န) နှင့်ဆက်နွယ်နေသည့် လက်ရှိ အစိုးရအဖွဲ့ (အဒါလာသ် နှင့် အာဇာဒီ အဖွဲ့ )၏ခေါင်းဆောင်များ ၊ ခရစ်ယာန် ဘုန်းတော်ကြီးများ ၊ အခြား နိုင်ငံရေး ပါတီများ ၏ ခေါင်းဆောင်များ တက်ရောက်နေရာယူခဲ့ကြကြောင်း သိရ ပါသည်။