ဝဟာဘီ(ခ)စလဖီ ဖေရ်ကာ၏ ဗိသုကာကြီး အေဗ်နေသိုင်မီယာ

 

၎င်းအမည်အရင်မှာ အဗူလ်အဘာစ် အဟ်မဒ် ဗင် အဗ်ဒွလ်ဟလီးမ်ဟရာနီဖြစ်ပြီးအေဗ်နေသိုင်မီယာ အဖြင့် ကျော်ကြားခဲ့လေသည်။ဤပုဂ္ဂိုလ်သည် ဟီဂျရီ ၇ရာစုနှင့်၈ ရာစု၏ အကျော်အမော် ဟန်ဗလီ အိုလမာမှ တစ်ဦးဖြစ်လေသည်။

သို့သော် ၎င်းအနေဖြင့် အခြားမွတ်စလင်များအားလုံးတို့နှင့် ဆန်ကျင့်ဖက် အတွေအခေါ်များ၊ အမြင်များ၊ ယုံကြည်ချက်များကို ထုတ်ဖော် လေ့ရှိသဖြင့် အခြား အိုလမာ တို့အနေဖြင့်လည်း သူအားပြင်းပြင်းထန်ထန် ဆန်ကျင့်ခဲ့ကြပေသည်။ဤအတွက်လည်း ကာလကြာကြာ ထောင်ကြခဲ့ရပေသည်။ဒုက္ခ အခက် အခဲ များနှင့် ရင်ဆိုင်ခဲ့ရပေသည်။

နောက်ပိုင်းတွင် သူ၏ အတွေအခေါ်များ၊ အမြင်များ၊ ယုံကြည်ချက်များသည် ဝဟာဘီ(ခ)စလဖီ ဖေရ်ကာ၏ ရေသောက်မြစ်များ ဖြစ်သွားလေတော့သည်။

ဤပုဂ္ဂိုလ်၏ဘဝသမိုင်းအားသူ၏နောက်လိုက်နောက်သားအချစ်ထားသူများနှင့်ရန်သူများနှစ်ဖက်စလုံးမှရေးသားခဲ့ကြပါသည်။နှစ်ဖက်စလုံးမှ မိမိတို့၏ အမြင်နှင့်အညီရေးသား ထားကြ ပေသည်။ အချို့အကျော်အမော်အိုလမာမှလည်းအေဗ်နေသိုင်မီယာ၏အတွေအခေါ်များ၊အမြင်များ၊ယုံကြည် ချက်များနှင့်ပတ်သက်ပြီးစာအုပ်များရေးသားခဲ့ကြပါသည်။၎င်းအားမိတ်ဆက်ပေးခဲ့ပါသည်။ဤအတွက်ကြောင့် တချို့ စာအုပ်များဆိုလျှင် ယနေ့ထိပင်ရှိနေပါသည်။

အေဗ်နေသိုင်မီယာ နှင့် ပတ်သက်ပြီး ရေးသားထားသည့် အဟောင်းဆုံး စာအုပ် မှာ အေဗ်နေကစီးရ် သီးကုံးထားသည့် ( အလ်ဗေသာယာ(ဟ) ဝါ အလ်နေဟာယာ(ဟ) ) ဖြစ်ပါသည်။ ဤစာအုပ် အ တွင်း စာရေးသူ အနေဖြင့် အေဗ်နေသိုင်မီယာ ဘဝ အခြေအနေ ကို အကျယ် တဝင့် ရေးသား ထားပြီး ၎င်း ကို အရမ်း ကို အကြီးအမားကြီး ပြထား မြောက်ထားပါသည်။

ထိုနည်းတူစွာ အမရ် ဗင် အလ်ဝရ်ဒီ အနေဖြင့်  မိမိ၏ သမိုင်းစာအုပ်တွင် ၊ ဆွလာဟွဒ် ဒီး(န) ဆွဖ်ဒီ  အနေဖြင့် မိမိ၏ စာအုပ်တွင်တမျိုး ၊ အေဗ်နေ ရှာကေ အနေဖြင့် မိမိ စာအုပ်တွင်တစ်နည်း ၊ဇဟ်နီ အနေဖြင့်လည်း မိမိစာအုပ်တွင် တစ်ဖုံ အဗ်နေသိုင်မီယာ အားအရမ်း  ချီးကျူးခန်း ဖွဲ့ထားကြ ပေသည်။

သို့သော် အခြား တဖက်တွင် အခြား ပုဂ္ဂိုလ်များ အနေဖြင့်လည်း အေဗ်နေသိုင်မီယာ အမြင်များ၊ ယုံကြည်ချက်များကို အပြင်းအထန် ကန့်ကွက် ရှုံ့ချခဲ့ ကြပေသည်။ သာဓက အားဖြင့် အဗ်နေ ဗသူသာ အနေဖြင့် မိမိ ခရီး သွားမှတ်တမ်း စာအုပ်တွင် ၊ အဗ်ဒွလ်လ္လာဟ်ဗင် အစဒ် အနေဖြင့်မိမိ ၏ စာအုပ်တွင် လည်းကောင်း ၊ သကီးယွတ် ဒီး(န) စဖွခ်ကီး အနေဖြင့် မိမိ၏ စာအုပ်တွင် တစ်မျိုး ၊ အဗ်နေ ဟဂ်ျရ် မက္ကီး၊ အဗူရိုင်ဟန်း ဇာဟေရီ အင်ဒလစ်(စ) ၊ ကမာလွတ်ဒီး(န) ဗမလ်ကန်နီ ၊ ဟာဂ်ျ ခလီဖာ ၊ စသည်တို့အနေဖြင့်လည်း မိမိတို့ ၏ စာအုပ်များတွင် အေဗ်နေသိုင်မီယာ အမြင်များ၊ ယုံကြည်ချက်များကို (အထောက်အထား များ ဖြင့်)  အပြင်းအထန် ကန့်ကွက် ရှုံ့ချခဲ့ ကြပေသည်။

sonnat.net  ၏ အူရ်သူ ဘာသာရပ် အပိုင်းမှ ကောက်နှုတ် တင်ပြလိုက်ပါသည်။ မှတ်ချက် ။ ။ သစ္စာရှိရှိ အမှန်အတိုင်း ဝန်ခံပြီး ရေးသားမည်ဆိုလျှင် ဤပုဂ္ဂိုလ် အေဗ်နေသိုင်မီယာ သည်မိမိကျမ်း(မင်း(န)ဟဂျိုစ်စွန္နဟ်)(منهاج السنّه )တွင်အဟ်လေ့စွန္နတ်အိုလမာနှင့် ٍအာလင်မ်များ မှ မှန်ကန်ကြောင်း၊ထောက်ခံထားသည့်ကျမ်းကြီးခြောက်ကျမ်း(ဆေဟာစစ်သဟ်)နှင့်မွတ်(စ)သနတ်ကျမ်းများ ၊ဟဒီးစ်ပါရဂူများမှတင်ပြထားသည့်မောင်လာအလီ(အ.စ)နှင့်ကိုယ်တော်၏သားသမီးများ ၏ ဖဇီလသ် နှင့်ဆိုင်သည့် ဟဒီးစ်တော်(အမှန်) များ အားလုံးကို ငြင်းဆို၊ထားကြောင်းတွေ့ရပါမည်။ အိုလမာယေ ဟက် ၊ အာလင်မ် မေ ဟက် တိုင်း   (မှန်ကန်သည့် အိုလမာ ၊ အာလင်မ်တိုင်း) သူရေးထားသည့် (မင်း(န)ဟဂျိုစ်စွန္နဟ်)(منهاج السنّة ) ကို (မင်း(န)ဟဂျိုစ်စွန္နဟ်)(منهاج السنّه ) အဖြင့် လက်မခံဘဲ (မင်း(န)ဟဂျိုဗေဒအဟ်)(منهاج البدعة )  အဖြင့် ယုံကြည် လက်ခံထားကြပါသည်။ ဤပုဂ္ဂိုလ်၏ ဗေဒအတ် အတွေးအခေါ်များကို အိုလမာယေ ဟက် ၊ အာလင်မ် မေ ဟက် များ အနေဖြင့် အထောက်အထား သက်သေ ကျမ်းတော်မြတ်ကုရ်အာန် ၊မှန်ကန် စစ်မှန်သည့် ဟဒီးစ်တော်များ ဖြင့် တင်ပြပြီး ၊တင်ပြနေ ၊ တင်ပြမည် ဖြစ်ပါသည်။