အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ အခြေစိုက် ရှီအာ နယူးစ်အင်တာနက်သတင်းဌာန မှ ဖော်ဖေဝါရီလ ၁၀ရက် နေ့ တွင် ဖော်ပြထားသည့် သတင်း တစ်ခု မှကောက်နှုတ်ချက်မှ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ဆော်ဒီနိုင်ငံ ၏ ဝဟာဘီ(ခ)စလဖီ အိုလမာ အဖွဲ့ဝင် တစ်ခု ဖြစ်ခဲ့သည့် ၃ နှစ်အရင်း ဝါစေလေ ဂျဟန္နမ် ဖြစ်သွားပြီးဖြစ်သည့် ဆော်ဒီ ဝဟာဘီ မွဖ်သီ ရှိက်ခ်အဗ်ဒွလ် လ္လာဟ် ဗင် ဂျီဗရီး(န) အနေဖြင့် စစ်မှန်သည့် ရှီအာ မိုမင်များ အားမည်မျှ မနာလို မုန်းတီး ၊အူပုပ် ပြီး အဟ်လေ့ဘိုက်(အ.စ) ၏နောက်လိုက်အားမည်မျှရန်ငြိုးထားကြောင်းအောက်ဖော်ပြပါ နမူနာ ၂ ခုဖြင့် ထင်ထင်ရှားရှား သူ ၏ ဇာတိမှန် ကို သိနိုင်ပေသည်။
ပထမနာမူနာ ။ ။ အလုပ်သမားတစ်ယောက်မှ ၎င်း ဝဟာဘီ မွဖ်သီ ရှိက်ခ်အဗ်ဒွလ် လ္လာဟ် ဗင် ဂျီဗရီး(န) အားမေးလေ၏။ (( ကျွန်တော် အလုပ်တဲ့နေရာတွင် အချို့ ရဖေဇီး (ရှီအာ) များ ရှိပါတယ်။ တခါတလေ ၎င်းတို့နှင့်အတူ ထမင်းလက်စုံ စားရပါတယ်။ တခါလေ သူတို့နှင့် စကားလက်စုံ ပြောရပါတယ်။ ဒီလုပ်ရပ်သည် မှန်ကန် ပါသလား?(သို့) မလွဲ မသွေ ၎င်းတို့နှင့် ရှောင်ပြီးနေရမည် ဖြစ်ပါသလား? ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါခင် ဗျား။))
၎င်းမှ အဖြေပေးသည်မှာ - (( ခင်ဗျား အနေဖြင့် မလွဲ မသွေ ဒီ ရဖေဇီး (ရှီအာ) များ မရှိသည့် အခြား တနေရာတွင် သွားပြီး အလုပ်လုပ်ပါ။ အကယ် မတတ်နိုင်လျှင် ၎င်းတို့ကို နှိမ်ထားပါ။ပြက်ရယ်ပြုထားပါ။ ဘယ်တော့မှ ဒီလူတွေရှေ့ မှာ မရယ်ပါနှင့်(မပြုံးပြနှင့်) ၊ဒီလူတွေ မဟုတ်တာ တခုခုလုပ်တာ တွေ့တာနှင့် ဒီကောင်တွေ ပုံစံရသွားအောင် (အ လုပ်ပြုတ် ရင်ပြုတ် ၊မပြုတ်ရင် အဆူအဆဲခံဂအောင်) အလုပ်ရှင် (သို့) မန်နေဂျာ ကို တိုင်ပါ။ ဒီလူတွေရဲ့ မှားယွင်းနေတဲ့ အကီဒါတွေ(ယုံကြည်မှုများ) ကို မိမိ၏ မှန်ကန်သည့် အကီဒါများ(ယုံကြည်မှုများ) ဖြင့် သက်သေထူပြပါ။ ))
ဒုတိယနာမူနာ ။ ။ တစ်ဦး တစ်ယောက်မှ ၎င်း ဝဟာဘီ မွဖ်သီ ရှိက်ခ်အဗ်ဒွလ် လ္လာဟ် ဗင် ဂျီဗရီး(န) အားမေးလေ၏။ (( ကျွန်တော် တို့ရက်ကွက်ထဲ မှာ ရဖေဇီး (ရှီအာ) အသားဆိုင် တစ်ဆိုင် ရှိပါတယ်။ အချို့ စွန်နီများ ၊စွန်နီ ဟိုတယ်များ မှ ဒီလူဆိုင်က အသားကို ဝယ်ယူ သုံးဆောင်ကြပါတယ်။ ဒီလူ၏ ဟလာလ် လုပ်ထားမှုသည့် ဟလာလ် ဖြစ်ပါသလား?
၎င်းမှ အဖြေပေးသည်မှာ - ((ဒီလူ၏ ဟလာလ် လုပ်ထားမှုသည့် လုံးဝ ဟရမ် ဖြစ်ပါတယ်။ ရဖေဇီး (ရှီအာ)များဟာ မိုရှ်ရေက် ဖြစ်ကြတယ်။ ))