အဟ်လေ့ဘိုက် (အ.စ) သတင်း ဌာန ၊ အဗ်နာ
သီရိလင်္ကာမှ အန္တီမွတ်စလင် ဘုန်းကြီးများ ဆန္ဒပြနေစဉ်
လူငယ်တွေကြားမှာလည်း စံပြဖြစ်သလို ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတကြွယ်ဝပုံပေါ်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ ကျနော်၊ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ခန့်က စိတ်ဝင်စားစရာ စကားစမြည်ဝိုင်းကလေး တစ်ဝိုင်း ဖြစ်ဖူးတယ်။ ဒီဘုန်းကြီးက နိုင်ငံရေးနဲ့ နည်းပညာပိုင်းတွေမှာ စိတ်အားထက်သန်သလို သူ့ရဲ့ဘာသာ၊ သာသနာမှာလည်း ဟင်းလေးအိုးကြီးဖြစ်တဲ့အပြင် ဘာသာရေးတွေ၊ နိုင်ငံရေးတွေနဲ့ လူမှုရေးနယ်ပယ်တွေနဲ့ပတ်သတ်ပြီးတော့လည်း ကုံလုံကျွမ်းဝင်တဲ့ ဘလော့ဂါတစ်ယောက်ပါ။
ဒီဘုန်းကြီးနဲ့ကျနော် လပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့တယ်၊ အဆုံးမှာတော့ သူနေထိုင်သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ တွေ့ဆုံဖို့ အခွင့်အရေးတစ် ခု ရခဲ့တယ်။ လက်ဖက်ရည်ပွဲကလေးနဲ့အတူ ကျနော်တို့နှစ်ယောက် မြန်မာပြည်က မတူကွဲပြားတဲ့လူနည်းစုများရဲ့ နိုင်ငံရေးပေါ်လစီတွေ အကြောင်း တစ်မနက်လုံး ပြောဖြစ်ခဲ့ကြတယ်။
ဒီလိုနဲ့ဆွေးနွေးလာလိုက်တာ မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်တိုင်းပြည်ထူထောင်ရေးမှာ ဒီမတူကွဲပြားတဲ့လူနည်းစုတွေ၊ ဘာသာခြားလူနည်းစုတွေကို အခန်းကဏ္ဍတစ်ခုပေးဖို့ဆိုတဲ့ အကြောင်းရောက် လာပါတယ်၊ ကျနော်က ဒီအကြောင်းအရာကို ဆွေးနွေးရင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို မှားယွင်းစွာ ပြောထွက်လိုက်တဲ့ အချိန်ထိ စကားဝိုင်းကလေးဟာ ချောချောမွေ့မွေ့ဖြစ်နေခဲ့တာပါ။
ဒီအခါမှာ ဘုန်းကြီးက ကျနော့်ကို အမှားပြင်ပေးဖို့ ကြိုးစားတော့တာပဲ။ သူပြောပုံက အစ္စလာမ်သာသနာဟာ မြန်မာဗုဒ္ဓအသိုင်းအ၀ိုင်းကြီးကို ၀ါးမြိုတော့မယ့် ကင်ဆာရောဂါလို့ ၀ိသေသပြုသလို ရိုဟင်ဂျာတွေကလည်း တိုင်းတပါးသားတွေဖြစ်ပြီး မြန်မာပြည်ကြီးကို သူတို့ ကိုယ်ပိုင်အဖြစ် သိမ်းသွင်းကြမယ့် လူတွေ၊ အဲသလို ဆိုပါတယ်။ ဒီကိစ္စကလွဲလို့ပေါ့ဗျာ၊ တခြားအကြောင်းတွေမှာ သူပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်၊ ဗဟုသုတရှိပုံရတယ်။ သူရဲ့ ဒီမှတ်ချက်မှာ ကျနော်ဘာကို သွားတွေ့သလဲဆိုတော့ဗျာ၊ ဒါက မတူကွဲပြားတဲ့ လူနည်းစုတွေအကြား အခြေအနေဟာ ၀မ်းနည်းဖွယ်အဖြစ် ပုံရိပ်ထင်လာသလို မွတ်စလင်တွေကို ဒီလိုမျိုး ပစ်ပစ်ခါခါကြီးမုန်းတီးနေတာဟာ လက်ခံဖွယ်အခြေအနေတစ်ရပ်အထိ ဘယ်လိုလုပ် ရောက်ရှိတာများပါလဲ။
အံ့သြစရာ အကောင်းဆုံး အချက်လို့ ဆိုနိုင်တာက ဒီလိုမွတ်စလင်မုန်းတီးရေးကိစ္စမျိုးက မြန်မာပြည်မှာ မဖြစ်ခဲ့ပေမယ့်၊ ၂၀၀၉ အစောပိုင်းလောက်မှာ တမီလ်ကျားသူပုန်တွေကို သီရိလင်္ကာအစိုးရ က နောက်ဆုံးထိုးစစ်ဆင်ခဲ့တဲ့အချိန်၊ အဲဒီအချိန်မှာ ဒီလိုမျိုး မွတ်စလင်မုန်းတီးရေးက သီရိလင်္ကာ မှာ ဖြစ်ခဲ့တယ်။
မြန်မာနဲ့ သီရိလင်္ကာတို့ဟာ နိုင်ငံရေးမှာရော လူမျိုးရေးအခြေအနေတွေမှာရော တကယ့်ကို ကွဲပြားခြားနားတယ်။ ဒါပေမယ့် သီရိလင်္ကာနိုင်ငံရဲ့ မဟိန္ဒိ ရာဇပသ အစိုးရလက်အောက်မှာ ကြီးထွားတိုးတက် လာတဲ့ အမျိုးသားရေးအစွန်းရောက် နိုင်ငံရေးပေါ်လစီက၊ မြန်မာပြည်က အဆိပ်ပြင်းတဲ့ အန္တီမွတ် စလင်ဘုန်းကြီးတွေ ကိုင်စွဲတဲ့ xenophobia ခေါ် အမုန်းတရားရောပြွမ်းတဲ့ အကြောက်လွန်ရောဂါနဲ့ ထိထိမိမိအံဝင်ဂွင်ကျကြီးကို ထပ်တူညီနေတော့ တာပါပဲ။
မြန်မာနဲ့ သီရိလင်္ကာတို့အကြားမှာ ရာစုနှစ်များစွာ ယဉ်ကျေးမှုချင်း စိမ့်ဝင်ပျံ့နှံနေခဲ့တယ်။ ဒီလိုမျိုး မြန်မာပြည်တွင်းမှာ အမျိုးသားရေး အစွန်းရောက်တွေ၊ နိုင်ငံရေး အမြင်ပေါ် အခြေခံတဲ့ အန္တီမွတ်စလင် ဘုန်းကြီးတွေ ပေါ်လာတာဟာဆိုရင်ဖြင့် (မြန်မာနဲ့ သီရိလင်္ကာတို့အကြား) ယဉ်ကျေးမှုချင်း ဖလှယ်ကြ တာတွေ ၊ အတွေးအခေါ်ချင်း ဖလှယ်ကြတာတွေအပေါ်မှာ အနည်းအကျဉ်းဖြစ်ဖြစ် တည်မှီနေတယ်။
အကြမ်းဖျင်းပြောရရင် မြန်မာပြည်က ဘုန်းကြီး ၃၀၀ လောက်ဟာ သီရိလင်္ကာမှာ အခြေချနေထိုင်ကြတယ်၊ ဒီပမာဏက ပြည်ပအခြေ စိုက် မြန်မာဘုန်း ကြီးတွေ ထဲမှာ အများဆုံးပဲ။ ဒီလိုမျိုး သီဟိုဠ်ကျွန်းပေါ်မှာ မြန်မာဘုန်းကြီးတွေ ရောက်နေတာက အသစ်အဆန်း ကိစ္စလည်းမဟုတ် ဘူး။ သီရိလင်္ကာမှာ ကျင့်သုံးလာတဲ့ ဗုဒ္ဓဘာသာအမျိုးအစားကို ကမ္ဘာက (စိတ်ဝင်စားမှုမပြ) သေသေချာ ချာ မစူးစမ်းဘဲထားခဲ့တာဟာဆိုရင် တခြားနေရာတွေနဲ့ ယှဉ်ရင် အချိန်အားဖြင့် တော်တော် ကြာခဲ့ပြီ။ ဒါပေမယ့် မဟာယနကြီးစိုးချိန်နဲ့ ကိုလိုနီခေတ်မှာ အထိန်းချုပ်ခံ ဘ၀ရောက်ခဲ့ရချိန်တွေကြောင့် (ထေရ၀ါဒ) ဗုဒ္ဓဘာသာဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ တဖြည်းဖြည်းနဲ့ အကွယ်ဘက် ဦးတည်သွားခဲ့တယ်။
၁၉ ရာစုရောက်တော့၊ သီရိလင်္ကာ ခေါင်းဆောင်တွေက အတိတ်က ကွယ်ခဲ့တဲ့
ထေရ၀ါဒကျောင်းတွေကို ပြန်ပြီး အသက်သွင်းဖို့ လုပ်လာကြတယ်။
ဒီလိုလုပ်လာကြာတော့ မြန်မာပြည် ဘုန်း ကြီးကျောင်း တွေကနေ လိုအပ်တဲ့
အကူအညီကို တောင်းခဲ့တယ်။
မြန်မာပြည်မှာလိုပဲ၊ သီရိလင်္ကာမှာလည်း ကိုလိုနီခေတ်တွင်း တော်လှန်ရေးတွေလုပ်တော့ ဗုဒ္ဓဘာသာက ထူးခြားတဲ့အခန်းကဏ္ဍကနေ (အသုံးချ ခံ) ဖြစ်ခဲ့တယ်။ ၁၈၉၈ မှာ ဖွဲ့ခဲ့ ဗုဒ္ဓကလျာဏယုဝခေါ် ၀ိုင်အမ်ဘီအေက ခရစ်ယာန်တွေ မောင်ပိုင်စီးလာတာတွေ၊ ကိုလိုနီစနစ်ရဲ့ အခန်းကဏ္ဍတွေကို တန်ပြန်ဖို့ ရည်ရွယ်ခဲ့တာပဲ။ ၁၉၀၆ မှာ မြန်မာကလည်း သူတို့အိမ်နီးချင်း သီရိလင်္ကာနည်းလမ်းအတိုင်း အတုခိုးပြီး ၀ိုင်အမ်ဘီအေကို တည်ထောင်ခဲ့ တယ်။
လွန်ခဲ့တဲ့နှစ်များမှာတော့ တိုင်းပြည်နိုင်ငံရေးနဲ့ တော်တော်ကြီးနီးနီးစပ်စပ်ရှိတဲ့ အစွန်းရောက် သီရိလင်္ကာဘုန်း ကြီးတွေ တော်တော်အသံကျယ် လာကြတယ်။ သူတို့ရဲ့ သီရိလင်္ကာနိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး သန့်စင်အောင်လုပ်ရမယ်ဆိုတဲ့ ၀ါဒဖြန့်နှိုးဆော်မှုတွေက အစိုးရရဲ့ စစ်ဘက်ဆိုင် ရာ အမျိုးသားလုံခြုံရေး အစီအမံဆောင်ရွက်ချက်တွေကို အထောက်အပံ့သွားဖြစ်နေတယ်။ ဒါ့ပြင် မဟိန္ဒိ ရာဇပသအစိုးရရဲ့ သီရိလင်္ကာနိုင်ငံတွင်း ဒီမိုကရေစီ အစီအမံအလုပ် အကိုင်တွေသာမက civil liberties လို့ခေါ်တဲ့ လွတ်လပ်ခွင့်တွေကို ကျုံ့သွားအောင်၊ လျော့သထက် လျော့သွားအောင် လုပ်ကိုင် နေကြတာတွေရှိနေတယ်။ အဲဒီလို လုပ်ကိုင်နေတဲ့ အပေါ်မှာ (ပြည်သူလူထုက ထားရှိတဲ့) အာရုံစူးစိုက်မှုတွေ ပျောက်သွားအောင် ရည်ရွယ်ပြီး ဒီလိုမျိုး ဘုန်းကြီးတွေရဲ့ ၀ါဒဖြန့်မှုတွေက ၂၀၀၉ ခုနှစ်၊ ပြည်တွင်းစစ်ပြီးကတည်းက စပြီးလုပ်နေကြတာပဲ။
မြန်မာပြည်က သံဃာထုက အစိုးရကို အကြံပေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆန့်ကျင်တဲ့နေရာကပဲဖြစ်ဖြစ် တနည်းနည်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ် သတ်နေတာကြောင့် သံဃာထုရဲ့ (နိုင်ငံရေး) လှုပ်ရှားမှုတွေ ဟာ စည်းဝင်ဘောင်ဝင် နိုင်ငံရေးနယ်ပယ်ရဲ့ အပြင်မှာ အမြဲလိုလို ရှိနေတတ်တယ်။ အဲ၊ သီရိလင်္ကာမှာကျတော့ ဒီသာသနာပိုင် ဘုန်းကြီးတွေက National Heritage Party, or JHU လို့ခေါ်တဲ့ နိုင်ငံရေးပါတီကို ၂၀၀၄ မှာ ထူထောင်လိုက် တယ်၊ ဒီပါတီက ကိုယ်စားလှယ် (ရဟန်း)တွေဟာ ပါလီမန်မှာ ပါဝင်နေတယ်၊ ၂၀၀၇ ကျတော့ အစိုးရပိုင်းမှာပါ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါ