အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ကမ္ဘာပေါ်ရှိရိုမင်ကက်သိုလစ် ခရစ်ယာန် တို့၏ ဘာသာရေးအကြိးအကဲရောမသာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီးသောဋ္ဌသမမြောက်   ဘင်နဒစ် သည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် နှုတ်ထွက် တော့ မည် ဖြစ်ကြောင်းဗာတီကန် မှကြေငြာချက်ထုတ်ပြန်ပါသည်။ လာမည့် အေပြီလ ၁၆-ရက်နေ့တွင် သက်တော် ၈၆ နှစ်ပြည့်မည်ဖြစ်သောပုပ်ရဟန်းမင်းကြိးသည် သက်တော်ကြီးရင့် လာသဖြင့် နှုတ်ထွက်ခြင်း ဖြစ်သည်ဟုမိန့်မြွက်ကြောင်း ၊ သက်တော် ကြီးရင့် လာသဖြင့် လှုပ်ရှားမှုများလေး လံ နှေးကွေးမှု ကိုမိမိသတိထားမိကြောင်း၊ ခွန်အားလည်းယုတ်လျော့ လာပြီ ဖြစ်သဖြင့် မိမိအားအပ်နှင်းထားသော အမှုတော်ဆောင် လုပ်ငန်းများကိုတာဝန်ကြေပြွန်စွာမထမ်းဆောင်နိုင် မည်ကိုထည့်သွင်းစဉ်းစား ပြီးမိမိ ဆန္ဒအလျောက် နှုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုပုပ်ရဟန်းမင်ကြီးကမိန့်မြွက်ကြောင်းဗာတီကန် မှကြေငြာချက်တွင် ဖော်ပြထားသည်ကို၁၁-၂-၂၀၁၃ ရက်နေ့ဂရင်းနစ်စံတော်ချိန် ၁၂၊၃၀ နာရီ( မြန်မာစံတော်ချိန် ၁၈၊၃၀ နာရီ ) တွင် ထုတ်ပြန်သောစီအင်န်အင်န် သတင်းအရသိရပါသည်။ ပုပ်ရဟန်းမင်းကြီး ၁၆-ဆက်မြောက် ဘင်နဒစ်အား ၂၀၀၅ ခုနှစ် အေပြီလအတွင်းကကာဒီနယ်ကောလိပ်မှ ပုပ်ရဟန်းမင်းအဖြစ်တင်မြောက်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီးဒွာဒသမမြောက် ဂရီဂိုရီသည်လည်း ၁၄၁၅ ခုနှစ်ကမိမိ ဆန္ဒအလျောက် ပုပ်ရဟန်းမင်းကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ဖူးကြောင်းသိရပါသည်။ ကမ္ဘာပေါ်တွင် ရိုမင်ကက်သလစ် ဘာသာဝင် သန်းပေါင်း ၁၂၀၀ ခန့်ရှိကြောင်း နှင့် မြန်မာနိုင်ငံတွင် တစ်သန်းနီးပါးခန့်ရှိကြောင်းသိရပါသည်။ ပုပ်ရဟန်းမင်းကြီး ၁၆-ဆက်မြောက် ဘင်နဒစ် နှုတ်ထွက်မည်ဖြစ်ကြောင်းကြေငြာချက်နှင့် ပတ်သက်၍ ကျိုင်းတုံသာသနာနယ်မှ ဖာသာစတီဗင်အားနိုအားဆက်သွယ်မေးမြန်းရာတွင် ဖာသာမှ “ ယခုလိုရုတ်တရက်   ကြေငြာချက်ထွက်လာတော့ ရိုမင်ကက်သလစ်သာသနာဖွဲ့စည်းပုံအရ မိမိဆန္ဒအရ နှုတ်ထွက်နိုင်ကြောင်းဖော်ပြ ထားသော်လည်းအံ့အားသင့်မိပါတယ် ”ဟုစိတ်မကောင်းသံ နှင့်ပြောပြီး “ ဒါပေမယ့် အာဏာတွေ လုပ်ပိုင်ခွင့်တွေကိုစွဲလန်းဆုပ်ကိုင်ထားနေကြတဲ့ ဒီအချိန်အခါမှာမိမိမယူနိုင်တော့တဲ့ တာဝန်ကိုဆက်စွဲကိုင် မထားဘဲသင့်တော်တဲ့သူကိုတာဝန်ပေးနိုင်ဖို့ စွန့်လွှတ်လိုက်တာကိုအရမ်းချီးမွမ်းဂုဏ်ယူမိပါတယ် ” ဟုပြောပါသည်။ဆက်လက်၍ ဖာသာက” ပုပ်ရဟန်းမင်းကြီးကရှစ်နှစ်ခန့်သာတာဝန်ထမ်းဆောင်ခဲံပေမယ်. သာသနာတော်အတွက် များစွာတည်ဆောက်ပေးခဲ့ပါတယ်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ဖို့ အများ အပြားဆောင်ရွက်ပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးစိတ်အားထက်သန်သော နိုင်ငံခေါင်းဆောင် အများအပြား နှင့်လည်းမိသဟာယပြုလျက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည့် ခွန်အားများပေးနိုင်ခဲ့ပါတယ် ” ဟုပုပ်ရဟန်းမင်းကြီး ၁၆-ဆက်မြောက် ဘင်နဒစ်၏ ကောင်းမြတ်မှု များကိုဂုဏ်ပြုဖော်ပြပေးပါသည်။