(၁) နမာဇ် သည် (ကောင်းကင်ကျ) ဘာသာများ အားလုံးတွင် ရှိခဲ့ပါသည်
ဟဇရတ် မိုဟမ္မဒ် (ဆွ) မတိုင်မှီ ဟဇရတ် အီစာ (အ.စ) ၏ ရှရီအတ် တွင်လည်း နမာဇ်သည် ရှိခဲ့ပါ သည်။ အကြောင်းမှာ ကျမ်းတော်မြတ် ကုရ်အာန် အနေဖြင့် ဟဇရတ် အီစာ(အ.စ) ၏ နှုတ်ထွက် စကားကို တင်ပြထားပါသည်။ (( အလ္လာဟ် ဟို အရှင်မြတ် သည် ကျွန်ုပ် (အီစာ(အ.စ) ) အား
နမာဇ် ဝတ်ပြု ဆောက်တည်ရန် မိန့်တော်မူခဲ့ပါသည်။ (و او صانی بالصلوة) [1]
၎င်း(အီစာ(အ.စ) အလျှင် ဟဇရတ် မူစာ (အ.စ) ဖြစ်တော်မူ ပြီး အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် ဟဇရတ် မူစာ (အ.စ) အားရည်ညွှန် ၍မိန့်တော်မူ သည်။(اقم الصلوة لذکری) [2]
ဟဇရတ် မူစာ (အ.စ) အရင် ကိုယ်တော်၏ ယောက်ခထီးတော် ဟဇရတ် ရှိုအိုင်ဗ် (အ.စ) ဖြစ်ပြီး နမာဇ်ရှိခဲ့ပါသည်။ (یا شعیب اصلاتک تأمرک) [3] ၎င်းနဘီများ (အ.စ) အရင် ဟဇရတ် အီဗရာဟီးမ် (အ.စ) ဖြစ်ပြီး မိမိကိုယ်တိုင်အတွက် နှင့် မိမိ၏ သားသမီးများ အတွက်နမာဇ်ဝတ်ပြုနိုင်ရန်စွမ်းအား
အလ္လာဟ် ဟို အရှင်မြတ် သခင်ထံမှ တောင်းဆိုလေသည်။(ربّ اجعلنی مقیم الصلوة ومن ذریّتی) [4]
ပြီးနောက် ဤသည် ဟဇရတ် လွတ်(က)မန် ဖြစ်ပါသည်။မိမိ၏ သားတော် အား (ဆုံးမ )မိန့်တော် မူလေသည်။
( یا بنّی اقم الصلوة و أمربالمعروف و انه عن المنکر )[5]
အိုကျွန်ုပ် ၏ သားတော် နမာဇ် ကို တည်ဆောက်ပါလေ ၊ ပြီးနောက် ကောင်းမှုကို ညွှန်ကြားပြီး မကောင်းမှုကို တားမြစ်ပါလေ။
စိတ်ဝင်စားအချက်မှာယေဘုယျ အားဖြင့် နမာဇ် အမိန့်နှင့် တွဲပြီး ဇကားသ် အမိန့်ပါလေသည်။ သို့သော် ယေဘုယျ အားဖြင့် လူငယ်မျိုးဆက်သစ်များသည်ငွေကြေးမရှိကြချေ။ဤအတွက်ကြောင့် ဤ အာယတ်တော် တွင် နမာဇ် အမိန့်နှင့် တွဲပြီး ဇကားသ် အမိန့် အစား ကောင်းမှုကိုညွှန်ကြားပြီး မကောင်းမှု ကိုတားမြစ်ရန် မိန့်ထားတော်မူ ချေသည်။
ဟွဂ်ျဂျသွလ် အစ္စလာမ် အာဂါယေ မိုအ်စင်ကရာအတ်သီ
[1] စူရဟ် မရ်ရမ် (၁၉) ၊ အာယတ်တော် ၃၁
[2] စူရဟ် သွာဟာ (၂၀) ၊ အာယတ်တော် ၂၄
[3] စူရဟ်ဟူးဒ် (၁၁) ၊ အာယတ်တော် ၈၇
[4] စူရဟ်အီးဗရာဟီးမ် (၁၄) ၊ အာယတ်တော် ၄၀
[5] စူရဟ် လွတ်(က)မန် (၃၁) ၊ အာယတ်တော် ၁၇