အဟ်လေ့ဘိုက်(အ.စ) သတင်းဌာ န၊ အဗ်နာဖေဖော်ဝါရီလ ၂၇ရက်နေ့ ဗုဒ္ဓဟူးနေ့ တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏မြို့တော် တီဟီရန်မြို့တွင်ပါကစ္စတန်နိုင်ငံသမတအာဆေဖ်အလီဇရ်ဒါရီအနေဖြင့်ရဟ်ဗဲရ်အင် ကေလာဗ် အစ္စလာမ်မီဟဇရတ် အာယာသွလ် လ္လာဟ်အလ်အွဇ်မာခါမေနာအီ နှင့် တွေ့ဆုံ ခဲ့ပါသည်။ဤတွေ့ဆုံပွဲတွင်ရဟ်ဗဲရ်အင်ကေလာဗ်အစ္စလာမ်မီဟဇရတ်အာယာသွလ်လ္လာဟ်အလ်အွဇ်မာခါမေနာအီ မှ မွတ်စလင်များ၏ အခက်အခက်များ ဒုက္ခများအားလုံးသည် အစ္စလာမ်ရန်သူ ဖက်မှ ဖြစ်ကြောင်း ၊ အစ္စလာမ်မီ နိုင်ငံများ အချင်းချင်း ဆက်သွယ်မှု ကို အားကောင်းအောင်ပြုခြင်း ဖြင့် လက်ရှိမွတ်စလင်များအကြားရှိနေသည့်အခက်အခဲများ ဖြေလည်မည် ဖြစ်ကြောင်း၊အွန်မသ်သေအစ္စလာမ်မီများအကြားစည်းလုံးမှုပြိုကွဲအောင်ပြုရန်ကမ္ဘာသောင်းကြမ်းသူအဖက်သမားဆိုက်ယူနစ်(အစ္စရေး)၏အရေးအကြီးဆုံးရည်ရွယ်ချက်များမှတစ်ခု ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြောကြားခဲ့သည်။ ပါကစ္စတန် နှင့်အီရန် နှစ်နိုင်ငံအကြား ဆက်သွယ်မှုကို ပိုမိုပြီး လေးနက်အောင်ပြုမည်ဆိုလျှင် နှစ်နိုင်ငံ လုံး၏ စားဝတ်နေရေး ၊နိုင်ငံရေး၊ လူမှု ရေး ၊ လုံခြုံရေး ဆိုင်ရာ ဆက်သွယ်မှုများတွင်လည်း တိုးတက်ဖွံ့ဖြိုးလာမည် ဟု ယုံကြည်ထားကြောင်း ၊ တီဟီရန် နှင့် အစ္စလာမ် အာပါဒ်မြို့ နှစ်ခု အကြား ရှိ ဂက်စ် ပိုက် လိုင်း ကို နှစ်နိုင်ငံ ပူပေါင်း ဆောက်ရွက်မှု အတွက် အရေးကြီးသည့် နမူနာ တစ်ခု ဖြစ်ကြောင်း ၊စသည်ဖြင့် ပြောကြားခဲ့ပါသည်။ရဟ်ဗဲရ်အင်ကေလာဗ်အစ္စလာမ်မီဟဇရတ်အာယာသွလ်လ္လာဟ်အလ်အွဇ်မာခါမေနာအီ မှ အရေးကြီး အကြောင် အရာ များ ကို ပြောကြားရင် ပါကစ္စတန် နိုင်ငံ အတွင်း မဇ်ဟဗ်ဘီ ဆိုင်ရာ သတ်ဖြတ်မှု ၊ကို ပြည်ပ မှ စီစဉ်နေသည့် အန္တရာယ် တစ်ခု ဖြစ်ကြောင်း နှင့်ဝမ်းနည်း ကြေကွဲကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် ပါကစ္စတန် လူမျိုး များ၏ သွေးစည်း ညီညွတ်နေသည့် ကိုပြိုခွဲ နေသည့် ဤ လုပ်ရပ် (သတ်ဖြတ်မှုများ) အတွက် ရန်သူ ကို လုံးဝ အခွင့်အရေး မပေးသင့်ကြောင်း လည်းပြောကြားခဲ့ပါသည်။မိမိ အနေဖြင့် ပါကစ္စတန် နိုင်ငံ အစိုးရသည် မဇ်ဟဗ်များ ၊လူမျိုးများ အားလုံးကို တစည်း တလုံးတည်း ခိုင်ခိုင်မာမာပြုနိုင်ပြီး တိုင်းပြည်၏ တိုးတက်မှု အတွက် ခြေလှမ်း များ လှမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ပါကစ္စတန် နိုင်ငံသမ္မတ မှလည်း မိမိအနေဖြင့် ဤ တွေ့ဆုံမှု အတွက် အထူးဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပိုမိုပြီး လေးလေးနက်နက် ဆက်သွယ်ရေး အပေါ် ယုံကြည်ကြောင်း၊ ပါကစ္စတန် နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်း မငြိမ်မသက်မှုများ ၊ သည်ပါကစ္စတန် နိုင်ငံ၏ရန်သူများ၏လုပ်ကြံဥာဏ်ဆင်ထားမှုများ ဖြစ်ပြီး၊သက်ရောက်မှုကိုပျက်ပြဲစေရန်လူကြီးမင်း၏ဒိုအာများဖြင့်အင်ရှာအလ္လာဟ် ဆောက်ရွက် နိုင်မည် ဖြစ်ကြောင်း စသည် ဖြင့် ပြောကြားခဲ့ပါသည်။
၂၈ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 395777
ရဟ်ဗဲရ်အင်ကေလာဗ်အစ္စလာမ်ဟဇရတ်အာယာသွလ်လ္လာဟ်အလ်အွဇ်မာခါမေနာအီ အနေဖြငမွတ်စလင်နိုင်ငံများအကြားဆက်သွယ်မှုဖြင့်မွတ်စလင်များ၏အခက်အခဲများ ကိုဖြေ ရှင်းနိုင်ကြောင်းနှင့်အွန်မသ်သေအစ္စလာမ်မီများအကြားစည်းလုံးမှုပြိုကွဲ အာင်ပြုရန်ကမ္ဘာသောင်းကြမ်းသူအဖက်သမားဆိုက်ယူနစ်(အစ္စရေး)၏အရေး အကြီးဆုံးရည်ရွယ်ချက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။