အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ဘာသာတိုင်းတွင်ဂိုဏ်းကွဲ များစွာရှိသည်။ ခရစ်ယာန်တွင် ကက်သလစ်နှင့် ဘပ္ပတစ္စ၊ အစ္စလာမ်တွင် ဆွန်နီနှင့် ရှီအာ၊ ဗုဒ္ဓဘာသာတွင် မဟာယန၊ ထေရ၀ါဒ အစရှိသဖြင့် ကွဲပြားကြသည်။ ထိုမှတဆင့် ခေတ်ကာလအလိုက်၊ နေရာဒေသအလိုက် အယူဝါဒများ၊ ဂိုဏ်းကွဲများထပ် မံကွဲပြားကြသည်။ ဂိုဏ်းဂဏတစ်ခု၏ လုပ်ဆောင်ချက်များသည် ဘာသာတစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိသော်လည်း အနည်းနှင့်အများဆိုသလိုပင် ဘာသာတစ်ခုလုံးအပေါ်တွင် ထင်ဟပ်လေ့ရှိသည်။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ် ဘာသာရေး အစွန်းရောက်များနှင့် စစ်သွေးကြွများကြောင့် ငြိမ်းချမ်းရေးအား ဦးထိပ်ထားသည့် အစ္စလာမ်သာသနာအပေါ်တွင် အမည်းစက်များစွန်းထင်ရသည်။ ထိုနည်းတူစွာပင် လက်ရှိမြန်မာနိုင်ငံ၌ စစ်သွေးကြွအသွင် ကူးပြောင်းလာနေသော အစ္စလာမ်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာ ၀င်အစွန်းရောက်များ၏ လုပ်ရပ်များသည်လည်း ဗုဒ္ဓဘာသာတခုလုံး၏ ပုံရိပ်အား ထိပါးလာမည်ဖြစ်သည်။ အစွန်းအထင်းများ အဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။

မုန်းသန္ဓေ ပျိုးရေလောင်း

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းလာသည်နှင့်အတူ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ဆိုသည့် ဒီမိုကရေစီ၏ အနှစ်သာရလည်း လူပြောများသည့် စကားလုံးဖြစ်လာခဲ့သည်။ သို့သော် အချို့သော လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်များသည် မြန်မာပြည်အတွင်း ရာစုနှစ်ပေါင်း များစွာ နေထိုင်ကြသော မြန်မာမွတ်စလင်များအား လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ရှိရေးတို့တွင် အသိအမှတ် မပြုလိုကြပေ။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ်ဘာသာရေးအစွန်းရောက်များ၏ လုပ်ရပ်များအား လက်ညိုးထိုးကာ ငြိမ်းချမ်းစွာ နေထိုင် ကြသည့် မြန်မာမွတ်စလင်များအား ရာသက်ပန် ခွဲခြားဆက်ဆံရန်၊ ဖိနှိပ်ချုပ်ချယ်ရန်နှင့် အခွင့်အရေးများပိတ်ပင်တားဆီးရန် လုပ်ဆောင်နေကြသည်။ မြန်မာမွတ်စလင်များအား နိုင်ငံခြားသားများ၊ ကျူးကျော်ဝင်ရောက်လာသူများ၊ ကုလားများ ဟု တံဆိပ်အမျိုးမျိုးကပ်ကြသည်။ နိုင်ငံတော် အတွက် ကောင်းကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာအား ဖုံးကွယ်ကြသည်။ ခေတ်အဆက်ဆက်တွင် သန္ဓေချထားခဲ့သည့် အစ္စလာမ်မုန်းတီးရေး စိတ်ဓါတ် အား နှိုးကြွလာရန် လှုပ်ဆော်ကြသည်။

အစ္စလာမ်ဆန့်ကျင်ရေးသည် ရိုဟင်ဂျာလူမျိုးတို့အား နှိပ်ကွပ်ရာမှ တစစ အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားရေးအစွန်းရောက်များမှ မေယုဒေသတွင် မျိုးရိုးစဉ်ဆက်အလိုက် နေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအား သုတ်သင်ရှင်းလင်းရန် အဓိကရုဏ်းများဖန်တီးခဲ့သည်။ ညှဉ်းပမ်းသတ်ဖြစ်ခဲ့သည်။ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ဗုဒ္ဓဘာသာဝင်များအကြားတွင် အစ္စလာမ်ဘာသာဝင်များကပင် ကျူးကျော်စော်ကားနေသည့်သဖွယ် သတင်းမှားဖြင့် ဝါဒဖြန့်ကြသည်။ မြန်မာနိုင်ငံ အနှံ့သို့ ကူးဆက်လာစေခဲ့သည်။

ကာကွယ်ခြင်းအမည်ခံ ဘာသာရေးစော်ကားမှု

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များသည် စော်ကားမှုလည်းမပြု။ ကျူးကျော်မှုလည်းမရှိ။ မိမိတို့၏ မွေးရပ်ဇာတိမြေတွင် ငြိမ်းချမ်းစွာနေထိုင် ကြသူ များဖြစ်သည်။ အင်္ဂလိပ်ခေတ်အတွင်း ပြောင်းရွေ့ရောက်ရှိလာကြသော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်မှ မျိုးနွယ်ဝင်များရှိသကဲ့သို့ ပရူး၊ ပသီ၊ ပန်းသေး၊ ကမန်းနှင့် ရိုဟင်ဂျာကဲ့သို့ ရာစုနှစ်ပေါင်း များစွာ မျိုးရိုးစဉ်ဆက် အလိုက် နေထိုင်လာကြသည့် မြန်မာလူမျိုးစုများလည်းရှိသည်။ အများစု က နိုင်ငံတော်အား သစ္စာရှိကြသည်။ ကောင်းကျိုးပြုကြသည်။ သို့သော် ကျူးကျော် ဝင်ရောက်လာသူ အစ္စလာမ်သာဘာဝင်များ၏ ရန်မှ ကာကွယ်ရန် လိုအပ်သည်ဟု ကြွေးကြော်နှိုးဆော်ခြင်းကို ခံကြရသည်။ အမျိုးဘာသာ သာသာသနာ ကာကွယ်ကြရန်ဟု ခေါင်းစဉ်ကို အလွဲသုံးက မလိုတမာမုန်း တီးရေး အရင်းခံတရားများကို တိုက်တွန်းကြသည်။ ကာကွယ်ဖို့ရာ ရန် မရှိ ရန်ရှာကြသည်။ သွေးဆူမီးတိုက်ကြသည်။ လက်တွေ့တွင် ကာကွယ်ခြင်း မဟုတ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အလွဲသုံးစားပြုကာ ဘာသာရေး စော်ကားမှုကိုသာ ဦးတည်နေသည်။ သည်းခံနိုင်မှု၏ အတိုင်းအတာ လွန်အောင် တစ်ဆင့်ထက် တစ်ဆင့်တိုးမြှင့် စော်ကားလာကြသည်။

အစ္စလာမ်သာသနာဝင်များ သက်ဝင်ယုံကြည်သည့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ညစ်ညမ်းစွာ ဆဲရေးတိုင်း ထွာကြသည်။ အစ္စလာမ်သာသနာအား သယ်ဆောင်လာပေးသည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟို အလိုင်းဟေ ဝဆလာမ်) သခင်အား ရုပ်ပြောင် ကာတွန်းများ ရေးဆွဲကြသည်။ မြိန်ရည်ရှက်ရည် ဟားတိုက်ရယ်မောကြသည်။ ကိုရ်အာန် ကျမ်းစာ၏ သွန်သင်မှုများအား လိုရာဆွဲကာ အမှားမှား အယွင်း ယွင်းဖော်ပြ ရှုံ့ချကြသည်။ ဤကဲ့သို့ ဘာသာရေး စော်ကားမှုများ ပြုလုပ်နေခြင်းသည် မြန်မာမွတ်စလင်တို့၏ တုန့်ပြန်မှုကို လှုံ့ဆော်နေကြခြင်း သာဖြစ် သည်။ ပြဿနာအား ဖန်တီးနေကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်းတော်ပေါင်းများစွာ ဖျက်ဆီးခြင်းခံရသော် လည်း မြန်မာမွတ်စလင် တို့အဖို့ ကျူးကျော်စော်ကားမှုမပြု။ ယနေ့ ထက်ထိတိုင် ငြိမ်ချမ်းစွာနေထိုင်ကြသည်။ ငြိမ်းချမ်းစွာဖြေရှင်းကြသည်။

စည်းရုံးရေးဗျူဟာ

မြန်မာမွတ်စလင်များမှ အန္တရာယ်ပြု ကျူးကျော်စော်ကားခြင်း မရှိသောကြောင့် အရှေ့အလယ်ပိုင်းရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား များ၏ သွေးသံတရဲရဲဖြင့် သတ်ဖြတ်နေပုံများအား အစားထိုးဖော်ပြကြသည်။ ခေါင်းမှီးခြုံ အစ္စလာမ်အယောင်ဆောင် အမျိုးသမီးများ၏ ရုပ်သံဖိုင်တွဲ များလွင့်တင်ကာ အစ္စလာမ့်ကိုးကွယ်ရာအရှင်အား ရင့်သီးအောက်တန်းကျသည့် အသုံးအနှုံးများဖြင့် ရိုင်းစိုင်းစွာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ကြသည်။ ဗမာအမျိုးသမီးများနှင့် အိမ်ထောင်ပြုကာ ၄င်းတို့အားကျွန်ပြုနေကြကြောင်း၊ အကြမ်းဖက်မှုအတွက် လူအင်အားစုနေကြကြောင်း၊ ဘာသာရေး ခေါင်းဆောင်များ ရှရီယာဥပဒေသုံး၍ သေဒဏ်ပေးနေကြကြောင်း၊ ဗလီကျောင်းများတွင် မြေအောက် လှိုဏ်ဂူများ တည်ဆောက်နေကြေ ကြာင်းစသဖြင့် အစ္စလာမ်ဘာသာအား ရွံ့ရှာမုန်းတီးစေရန် လုပ်ကြံဝါဒဖြန့်ကြသည်။

အချို့သော အင်တာနက်စာမျက်နှာများ၊ သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၊ သတင်းဖြန့်ဝေသူများမှ ဘာသာရေးအမုန်းပွားစေ ရန်အတွက် နေ့စဉ်နှင့်အမျှ အစဉ်တစိုက်လှုပ်ဆော်လျှက်ရှိ သည်။ ဘုန်းကြီးကျောင်းများတွင် အစည်းအဝေးများပြုလုပ်ကာ အစ္စလာမ်ဆန့်ကျင်ရေး စိတ်ဓါတ်မြင့်မားစေမည့် လုပ်ဆောင်ချက် ရုပ်သံဖိုင်တွဲများအားလည်း ဝေငှကြသည်။ အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များ၊ လက်ကမ်းစာစောင် များ၊ ကြေညာချက်များအား လူအများလက်ထဲရောက်ရှိစေရန်အတွက် လူအသွားအလာများသည့်နေရာများတွင် ပေါ်ပေါ်ထင်ထင် လိုက်လံဝေငှနေသည်။ တားဆီးမည့်သူ မရှိ၊ ပိတ်ပင်မည့်သူမရှိ၊ ပြင်ဆင်ဖြေရှင်းပေးမည် သူမရှိ။ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားများမှလည်း သတိမပြုမိသလို ဖာသိဖာသာနေ နေကြသည်။ သို့မဟုတ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမှာ မြန်မာမွတ်စလင်များ အတွက်မပါဟု မှတ်ယူထားလေသလား မသိ။

 

အစွန်းရောက် မှတဆင့် စစ်သွေးကြွဆီသို့

အစ္စလာမ်ဆန့်ကျင်ရေး အရှိုန်အဝါကြီးထွားလာပြီး ၇၈၆ အားတိုက်ဖြတ်ရန် ဟုဆိုကာ