အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာမြန်မာနိုင်ငံ ဗဟိုဘဏ်မှ ၃၁-၁-၂၀၁၃ ရက်အထိ ထုတ်ဝေထားသော ကျပ် ၅၀ဝ၀ တန် ငွေစက္ကူ အရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀ဝ ဘီလျံကျော်ရှိကြောင်း၊ ကျပ် ၅၀ဝ၀ တန်အတုများ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များမှာ မလည် ပတ်နိုင် စေရန်အတွက် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများနှင့် ငွေစက္ကူအတု အစစ်ခွဲခြား သည့် စက်များဖြင့် ကြပ်မတ်ဆောင် ရွက်လျက် ရှိသော်လည်း ဘဏ်များမှာလည် ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ပါ ကြောင်း၊ သို့သော်လည်း လည်ပတ်သုံးစွဲ နိုင်လောက်သည့် အရေအတွက် မရှိနိုင်ကြောင်း၊ ကျပ် ၅၀ဝ၀ တန်ငွေစက္ကူ ထုတ်ဝေသည့် ၁-၁၀-၂၀၀၉ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း ၅၀၀ ကျပ်တန် ငွေစက္ကူ အတု ၃၇၅၈ ရွက် တန်ဖိုးအားဖြင့် ကျပ် ၁၈,၇၉၀,၀၀၀ ကိုစစ်ဆေး လက်ခံရရှိသည့်အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့မှုရုံးကို ပေးပို့အပ်နှံခဲ့ပြီကြောင်း၊ ကျပ် ၅၀၀၀ တန်အတုများသည် စီးပွားရေးလောကတွင် လည်ပတ်နေနိုင်ကြောင်း ထို့ကြောင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြား အရေးယူခြင်း စသည့်ဖြင့် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း၏ ကျပ် ၅၀ဝ၀ တန်ငွေစက္ကူနှင့် ပတ်သက်၍ မေးမြန်းချက်များကို မတ်လ၇ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။