အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ယနေ့ မတ်လ ၁၉ ရက်နေ့ အင်္ဂါနေ့တွင် ရှီအာများနေထိုင်ရာ ဒေသ (၅) ခု တွင် ဗုံးထောင် ထား သည့် ကား ၇စီး ပေါက်ကွဲမှု ကြောင့် အနည်းဆုံး ၂၃ဦး ယောက် ရှဟီးဒ် ဖြစ်ခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။သတင်းအရ အစွန်းရောက် အဖျက်သမား ၊အလ်ကိုင်ဒါများသည် လူမဆန်သည့် လုပ်ရပ် ၊ ကား များတွင် ဗုံးများ ထောင်ထားပြီး တိုက်ခိုက်မှု ကို ဘဂ္ဂဒတ်မြို့ရှိ ရှီအာများ နေထိုင်ရာ ဒေသများဖြစ်သည့် ရှဟ်ရေက်ကေ ဆဒ်ရဟ် ၊ကာစင်မီယာ ၊ ဆွာလေဟီယာ ၊ အလ်မိုရှ်သလ် ဒေသများတွင် ဗုံးထောင်ထားသည့် ကား ၇ စီး ပေါက်ကွဲ ခဲ့ရာ အနည်းဆုံး ၂၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ပါသည်။လက်ဘနွန် အခြေစိုက် ( အလ်မီနာ ) သတင်းဌာန ၏ကြေငြာချက်အရ အနည်းဆုံး ၂၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာခဲ့ကြောင်း ဖြစ်ပြီး ၊ အလ်အာလမ် သတင်းဌာန နှင့် အခြား သတင်းဌာနများ ၏ ကြေငြာချက်အရ ၅၅ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၁၆၀ ကျော် ဒဏ်ရာခဲ့ကြောင်း ဖြစ်ပါသည်။ဤပေါက်ကွဲမှု သည် အီရတ်ဝန်ကြီးချုပ်အနေဖြင့် မိမိနိုင်ငံ သူ၊နိုင်ငံသားများ အနေဖြင့် (ဝဟာဘီများ (ခ) စလဖီများ၏) ကာဖေရ် ဟု ပေးသည့် ဖသ်ဝါများကြောင့် အန္တရာယ်ရှိကြောင်း အသိပေးပြီး နောက်ရက် ဖြစ်ရခြင်း ဖြစ်ပါသည်။နူးရ်ရီမာလေကီ (ဝန်းကြီးချုပ်) အနေဖြင့် အီရတ်နိုင်ငံ ရှိ အာရပ်နိုင်ငံသံအမတ်များ အကြားတွင် (ဝဟာဘီများ (ခ) စလဖီများ၏)ကာဖေရ် ဟု ပေးသည့် ဖသ်ဝါများကြောင့် အန္တရာယ်ရှိကြောင်း ၊အပြစ်မဲ့ ပြည်သူများ အသတ်ခံနေရကြောင်း သတိပေးပြီး ပြောကြားခဲ့ပါသည်။
ရှီအာများနေထိုင်ရာ ဒေသ (၅) ခု တွင် ဗုံးထောင်ထားသည့် ကား ၇စီး ပေါက်ကွဲမှု ကြောင့် ဘဂ္ဂဒတ်မြို့ တုန်လှုပ်
၁၈ မတ် ၂၀၁၃ - ၂၀:၃၀
News ID: 401429
လက်ဘနွန် အခြေစိုက် ( အလ်မီနာ ) သတင်းဌာန ၏ကြေငြာချက်အရ ယနေ့မနက်တွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ ရှိ ရှီအာများနေထိုင်ရာ ဒေသ (၅) ခု တွင် ဗုံးထောင်ထားသည့် ကား ၇စီး ပေါက်ကွဲမှု ကြောင့် အနည်းဆုံး ၂၃ဦး ယောက် ရှဟီးဒ် ဖြစ်ခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်ပါသည်။