အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဤညီလာခံ အား သာသနာပြန့်ပွားရေးလူမှုရေး ဆိုင်ရာ စည်းလုံး ညီညွတ်ရေး အဖွဲ့ နှင့် လူငယ်များ နာမ်ပိုင်ဆိုင်ရာ ကော်မတီ နှင့် အစိုးရ ၏ မွတ်စလင်များ ဘာသာရေး ကိစ္စ စိစစ်ရေးကော်မတီ တို့ မှ စုပေါင်း ဆောင်ရွက်ကြပြီး မတ်လ ၂၃ ရက်နေ့ စနေနေ့ က ကျင်းပ ခဲ့ပါသည်။ညီလာခံ ၏ အစ ပထမတွင် အာယေဇဲလ် ဝလီဇာဒေ သာသနာပြန့်ပွားရေးလူမှုရေး ဆိုင်ရာ စည်းလုံး ညီညွတ်ရေး အဖွဲ့ နှင့် လူငယ်များ နာမ်ပိုင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မှ မိမိအဖွဲ့ အစည်း ၏ လှုပ်ရှား မှု များ ၊ အစီအစဉ်များ ကို အစီရင် ခံ စာကို တင်ပြ ခဲ့ပါသည်။ဆက်လက်ပြီး ၎င်း အနေဖြင့် သက်ဆိုင်ရာ ညီလာခံ နှင့် ပတ်သက်သည့် အကြောငးအရာ များ ကို တင်ပြခဲ့ပြီး အစ္စလာမ် သာသနာ သည် အကြမ်းဖက်မှု ၊ လုပ်ကြံ သတ်ဖြတ်မှု ကို ပြစ်တင်ရှုံ့ချပြီး ၊ မွတ်စလင် မျိုး ဆက် သစ်လူငယ်များ ၏ အခက်အခဲများ ကို ဖြေရှင်း နိုင်မည့် လမ်းများ ကို တင်ပြ ခဲ့ပါသည်။ဤညီလာခံတွင် တက်ရောက်သူ အယောက် ၃၀၀ ကျော် ၊ အိုလမာ ၊ အတွေးအခေါ် ပညာရှင်များ ၊ အတွေ့အကြုံ ရှိ ဘာသာရေး ဆိုင်ရာ သုတေသီများ ၊ စသည်ဖြင့် တက် ရောက် နေရာ ယူခဲ့ ကြပါသည်။
၂၇ မတ် ၂၀၁၃ - ၁၉:၃၀
News ID: 403589
( မွတ်စလင်အမျိုးသမီးများ၏တန်ဖိုးအစ္စလာမ်အမြင်တွင်)အမည်ဖြင့်မွတ်စလင်များဘာသာရေးကိစ္စစိစစ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်အာဇာဗိုင်ဂျန်နိုင်ငံ၏မြို့တော်ဘာကူတွင်ကျင်းပခဲ့ပါသည်။