အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ အက်တာနက် တွင်လည်း ကြည့် နိုင်သည့် မဂ္ဂဇင်း အတွဲ (၅) (ဟေလာလ် ) နှင့် (အမီးနေ) အမည် ရှိ မဂ္ဂဇင်း နှစ်အုပ် အား အိုဘတ်ကီး ဘာသာဖြင့် ရှိက်ခ် မိုဟမ္မဒ် ဆွာဒစ် မိုဟမ္မဒ် ယူ စွဖ် ( အာရှ အရှေ့အလယ်ပိုင်း နှင့် အိုဘတ်ကစ်စတန် မွတ်စလင်များ ကိစ္စဆိုင်ရာ စိစစ်ရေးရုံး၏ မွဖ်သီဟောင်း ) ၏လမ်းညွန်မှု၊ဖေးမ ကူညီမှုဖြင့် အိုဘတ်ကစ်စတန်၏ မြို့တော် သာရှ်ကန်(န) မြို့ တွင် မတ်လ ၂၅ ရက်ေ န့က ပုံနှိပ် ထုတ်ဝေ လိုက်ပါသည်။(ဟေလာလ် ) အမည်ရှိ မဂ္ဂဇင်း တွင် ပါဝင်သည့် ဆောင်းပါးများမှာ ကျွန်ုပ်တို့ မှာ ဘာကြောင့် ငြိမ်းမြေ့မှု မရှိရပါသနည်း ? အခွင့်မရှိဘဲ သူတစ်ပါး အိမ် သို့ မဝင်ရန်၊ ပြီးပြည့်စုံ သည့် အီမာန် အတွက် လိုက်နာ ရမည့် စည်းမျဉ်း စည်းကမ်း ၊ နမာဇ် နှင့် ဝဇူ ဆိုင်ရာ အဟ်ကမ် ၊ မုချအမှန် အစ္စလာမ် သာသနာ သည် လှပသည် ၊ ကြောက်ရွံ့ခြင်း နှင့် မျှော်လင့်ခြင်း ၊ နမာဇ် ၏ အကျိုး အားနိသင် ၊ အီမန်၏ အရသာ တို့ ဖြစ်ပါသည်။ထိုနည်းတူစွာ (အမီးနေ) အမည်ရှိ မဂ္ဂဇင်း တွင် ပါဝင်သည့် ဆောင်းပါးများမှာ မိန်းမ နှင့် မာယာ ၊အမျိုးသမီးများ၏ အမွေအနှစ် ၊ အစ္စလာမ် သာသာနာ မှ ပြဌာန်း ထားသည့် ဝတ် နည်းဆိုင်ရာ ဥပဒေသများ ၊ အခေရတ်၏နေအ်မသ် တော်များ ၊ အမေးအဖြေကဏ္ဍ ၊ သားသမီးတို့၏ ရပိုင်ခွင့် အခွင့်အရေး ၊ ကောင်းမြတ်သည့်သားသမီးများ ကို ထိန်းသိမ်းပြုစု ပျိုးထောင်ရတွင် ဂရု မဲ့မှု မရှိစေရ ၊ အမှန်တကယ် စည်းစိမ် ၊ မာန် နှင့်မာန ၊ ဂျန္နတ် အမတသုခဘုံ သို့ ရောက်စေမည့် အရာများ ၊ အရက်သေစာ နှင့် လောင်းကစား အစ္စလာမ် သာသနာတော်တွင် ဟရမ် တို့ ဖြစ်ပါသည်။
၂၈ မတ် ၂၀၁၃ - ၁၉:၃၀
News ID: 403904
အက်တာနက်တွင်လည်းကြည့်နိုင်သည့်မဂ္ဂဇင်းအတွဲ(၅)(ဟေလာလ် )နှင့် (အမီးနေ)အမည်ရှိမဂ္ဂဇင်းနှစ်အုပ်အား အိုဘတ်ကီးဘာသာဖြင့်အိုဘတ်ကစ်စတန်၏ မြို့တော်သာရှ်ကန်(န) မြို့မှဖြန့်ချိလိုက်ပြီးဖြစ်ပါသည်။