အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဤသင်တန်း အား မတ်လ ၂၁ရက်နေ့ ကြာသပတေး နေ့ မှ စတင်ခဲ့ပြီး ဧပြီလ ၂၀ရက်နေ့ စနေနေ့ အထိ ကြာမြင့် မည် ဖြစ်ပါသည်။သင်တန်း မစတင်မည် အလျှင် ဤမြို့၏ အကျော်အမော် ကာရီ တစ်ပါးမှ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယတ်တော် အချို့ အား ဖတ်ရွတ်ပြီး စတင်ခဲ့ပါသည်။ပြီးနောက် ((ဗွန်ရာသ် ဒေ အစ်စမာ အွလ် ဟွစ်စနာ )) အဖွဲ့တာဝန်ခံ တစ်ဦးလည်း ဖြစ်ပါကစ္စတန် နိုင်ငံ ၏အကျော် အမော် အာလင်မ် လည်း ဖြစ်သူ ဆရက် ရှာဟ် မိုဟမ္မဒ် ကားရီ သင်တန်း တက်ရောက် သူ များကို မဖာဟီးမ်မေ ကုရ်အာန် အတွက် အရေးကြီးလိုအပ် သည့် အကြောင်း အရာများ ကို ဟောပြော တင်ပြ ခဲ့ပါသည်။ထိုပြင် ၎င်း အနေဖြင့် ခေါင်းစဉ် အမျိုးမျိုး ဖြစ်သည့် သောင်ဟီးဒ် ၊ အဒ်လ် ၊ နဗူဝသ် ၊ အေမာမ်မသ် ၊ကေယာမတ်သ် ၊ဖရူအေဒီး(န) ၊ အစ္စလာမ့် သမိုင်း၊ တမန်တော်များ (အ.စ) သမိုင်း နှင့် စပ်လျဉ်းပြီး တရားရေအေး တိုက်ကျွေးမည် ဖြစ်ပါသည်။((ဗွန်ရာသ် ဒေ အစ်စမာ အွလ် ဟွစ်စနာ )) အဖွဲ့၏ ကြိုးပမ်းမှု ဖြင့် မဖာဟီးမ်မေ ကုရ် အာန် သင်တန်းအား ကျင်းပ သည့် သက်တမ်းမှာ နှစ် ၂၀ ခန့်ရှီနေပြီး ဖြစ်ကြောင်း သိရ ပါသည်
၄ ဧပြီ ၂၀၁၃ - ၁၉:၃၀
News ID: 406255
ပါကစ္စတန် နိုင်ငံလာဟိုရ်မြို့တွင်((ဗွန်ရာသ် ဒေ အစ်စမာ အွလ် ဟွစ်စနာ ))အဖွဲ့၏ ကြိုးပမ်းမှု ဖြင့်မဖာဟီးမ်မေကုရ်အာန် သင်တန်းအား ကျင်းပ လျက်ရှိပါ သည်။