အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာကမ္ဘာ့လေထုထဲသို့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ခရမ်းလွန် ရောင်ခြည်တွေက အရင်နှစ်တွေထက် ပိုမိုကျရောက်လာနေတယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။ ခရမ်းလွန် ရောင်ခြည်မှာ A,B,C ဆိုပြီး သုံးမျိုး ရှိတဲ့အနက် ရောင်ခြည် A ကြောင့် Allergy လို့ခေါ်တဲ့ အသားနေလောင်လို့ ဓာတ်မတည့်ခြင်း ခံစားရစေတယ်။ ရောင်ခြည် B ကြောင့် Burn အသား နေလောင်ဒဏ်ရာ ဖြစ်ပေါ်စေတယ်။ ရောင်ခြည် C ကြောင့် အရေပြား ကင်ဆာဖြစ်ပေါ် ခံစားရတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။
အပူဒဏ်ကြောင့် အသက်သေ ဆုံးမှုဟာ တတိယ အများဆုံး ဦးရေအဖြစ် အမေရိကန် အထက်တန်း ကျောင်းတွေနဲ့ အားကစားသမားတွေ မှာ တွေ့ရှိရတယ်။ အပူဒဏ်နည်းနည်းပဲ ခံစားရရင် လက္ခဏာတွေ မပြင်းထန်ပေမယ့် ဆိုးရွားစွာ အပူဒဏ်ခံစားရရင် အသက်သေဆုံးစေတဲ့ Heat Stroke အပူရှပ်ခြင်း၊ ရှော့ခ်ရခြင်း အထိ ခံစားရပါတယ်။ အဲဒီလို အပူဒဏ်ကို ကလေးတွေနဲ့ အသက်ကြီး တဲ့သူတွေက ပိုမိုခံစားရ လွယ်ပါတယ်။ ဒါ့အပြင် ကလေးတွေဟာ အဆော့ သန်တာနဲ့ ရေငတ်လည်း ငတ်သလောက် ဆာသလောက် ရေမသောက်ဖြစ်ကြတော့ ရေဓာတ်ဆုံးရှုံးမှုဟာ ကလေးတွေမှာ လူကြီးလူရွယ် တွေထက် ပိုဖြစ်လွယ်ပါတယ်။ ကတော့ အောက်ပါအတိုင်း ဖြစ်ကြတယ်။ ရောဂါအမည်တွေသာ ကွဲပြားပေမယ့် အပူဒဏ်ခံစားရတဲ့ လက္ခဏာတွေကတော့ ရောနေကြတာပါ။
အပှုကြောင့် ကြွက်တက်ခြင်း (Heat Cramps)
ပူပြင်းတဲ့ ရာသီမှာ ဒီလက္ခဏာကတော့ အများစု ခံစားရတာဖြစ်ပြီး ရေဓာတ်အနည်းငယ် ဆုံးရှုံးမှုနဲ့ အတူဆား (Na) ဓာတ် ဆုံးရှုံးမှုလည်း တွေ့ရတယ်။ အဲဒါတွေရဲ့ အကျိုး ဆက်က ခြေသလုံြးွကက်သားတွေ နာကျင်ပြီး ကြွက်တက်တာ ခံစား လာရတာပါ။ ကြွက်တက်ရင် လှုပ်ရှား မှုတွေ ရပ်တန့်ပြီး ကြွက်တက်တဲ့ ခြေထောက်ကို အနားယူဖြေလျှော့ပေး ထားသင့်တယ်။ ဥပမာ မတ်တတ်ရပ် နေရင် ထိုင်ချပြီး ခြေချောင်းတွေ ဒူးတွေကို ကွေးထားသင့်တယ်။ ဆန့်တန်းထားလေ၊ ကြွက်သားတွေ တင်းထားလေ ကြွက်တက်တာက နာကျင်မှု ပိုဆိုးလေဖြစ်ပါတယ်။ ကြွက်တက်တာက ကုန်းပေါ်တင်ဆို ဘာမှ မဖြစ်ပေမယ့် ပင်ပန်းတကြီး အားကစားလုပ်အပြီး သို့မဟုတ် ချွေးပေါက်ပေါက်ကျအောင် အလုပ် လုပ်အပြီး ရေကူးရင်တော့ ရေကူး ရင်းြွကက်တက်ရင် ရေဆက်မကူး နိုင်တော့ဘဲ ရေနစ်တတ်ပါတယ်။ ကြွက်တက်တာက ကြွက်သားတွေ အပြင်းအထန် လှုပ်ရှားရပြီး ပင်ပန်း နွမ်းနယ်နေတဲ့အခါ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ ပိုဆိုးလေဖြစ်တယ်။ အဲဒီ လို ကြွက်တက်တဲ့အခါ ဖုထစ်နာကျင် နေတဲ့ ကြွက်သားနေရာကို အသာ အယာဖျစ်ညှစ်ပြီး ဖြေလျှော့ ပေးနိုင် သလို ဓာတ်ဆားရည်နဲ့ အီလက် ထရိုလိုက် ဖျော်ရည်တွေ သောက်သုံး ပေးဖို့ လိုတယ်။
အပှုကြောင့် မေ့လဲခြင်း (Syncope Due Heat)
အကြာကြီး လေ့ကျင့်ခန်းလုပ်နေရင်၊ နေပူထဲမှာ အကြာကြီး လှုပ်ရှားသွားလာနေရင် ချွေးတွေ မတရား ထွက်ကုန်လို့ သွေးထဲ ရေဓာတ် ဆုံးရှုံးမှု သိသာစွာ ဖြစ်ပေါ်ကာ သွေးပေါင် တွေ ထိုးကျသွားပြီး သတိမေ့လဲသွား နိုင်ပါတယ်။ မျက်စိတွေ ပြာဝေပြီး ခေါင်းမူးချာလပတ်လည်ရမ်းပြီး သတိ မေ့လဲကျနိုင်ပါတယ်။ ချွေးထွက်များ လွန်းပြီး နုံးချည့်လာကတည်းက မတ်တတ်ရပ်နေရင် ချက်ချင်း ထိုင်ချ လိုက်ပြီး ဖြစ်နိုင်ရင် လှဲချ အနားယူ လိုက်ရပါမယ်။ ခန္ဓာကိုယ်ကို အေးမြ အောင် ရေပတ်တိုက်ခြင်း၊ လေအေး ပေးစက်ရှိတဲ့ အခန်းထဲ ဝင်နေခြင်း၊ ဓာတ်ဆားရည်၊ ဆားဖျော်ရည်နဲ့ သစ်သီးဖျော်ရည် များများသောက် သုံးခြင်း ပြုလုပ်လိုက်ရင် အပူဒဏ် ကြောင့် သတိလစ်တဲ့အထိ မပြင်းထန် နိုင်ပါဘူး။
အပှုကြောင့် ခြေလက်ရောင်ရမ်းခြင်း (Heat Oedema)
အအေးပိုင်းမှာနေတဲ့ လူတွေက ပူတဲ့အရပ်ဒေသကို ပြောင်းရွှေ့ ရောက်လာကာစမှာ အပူဒဏ်ကြောင့် ခြေထောက်တွေ လက်တွေ လေဖြန်း သလို ရောင်ရမ်းလာတတ်တယ်။ အပူပိုင်းဒေသမှာ နေကျင့်ရသွားတဲ့ အခါ၊ နေသားကျသွားတဲ့အခါမှာတော့ အရောင်ကျသွားနိုင်တယ်။ အပှုကြောင့် ခြေလက်ထုံကျဉ်ခြင်း ခြေချောင်းလက်ချောင်းတွေ ထုံကျဉ် လာခြင်း၊ တုန်ယင်လာခြင်းတွေ ခံစား လာရတတ်တယ်။ အဲဒီအခါ အပူဒဏ် ကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အသက် ရှူမြန်ဆန်ခြင်းတွေနဲ့ တွဲဖက်တွေ့ရှိရ တယ်။ တချို့လူတွေမှာ နေ့ခင်းက အပူဒဏ်ခံစားခဲ့ရပြီး ညနေ သို့မဟုတ် ညရောက်မှ ခြေချောင်းလက်ချောင်း တွေ အကြောတင်သလို ပူးကပ်သွားခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်းတွေ ခံစား လာရတယ်။ အဲလိုတွေ ခံစားရရင် ရေပတ်တိုက်ခြင်း၊ အေးတဲ့နေရာ ရွှေ့ ထားခြင်း၊ ဓာတ်ဆားရည်တိုက်ခြင်း ပြုလုပ်ပေးရတယ်။ မျက်နှာပေါ် ပလတ်စတစ်အိတ်စွပ် ရှူထုတ်ပြီး သားလေကို ပြန်အရှူခိုင်းရင် အသက်ရှူမြန်တာပါ သက်သာသွားနိုင် တယ်။ အထက်ပါ အပူဒဏ်ခံစားရတာ တွေထက် ပိုဆိုးတာကတော့ အောက် ပါတို့ဖြစ်ကြတယ်။
အပှုကြောင့် အားအင်ကုန်ခမ်း ချဉ်နဲ့ခြင်း (Heart Exhaustion)
အပူဒဏ်ခံစားလာရတာ ပြင်း ထန်လာရင် ပြင်ပအပူချိန် မြင့်သ လောက် ကိုယ်အပူချိန် ရုတ်တရက် တက်လာတာကို ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ F) အထိ မြင့်တက်လာတာ တွေ့ရှိရတယ်။ ကယောင်ကတမ်း ပြောတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင် ရာ (CNS) ချွတ်ယွင်းမှု အနည်းငယ်ပါ တွေ့ရတယ်။ အဲဒါတွေကတော့ ပျို့ အန်ခြင်း၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ ခေါင်းအုံခေါင်းမူးခြင်း၊ ကြက်သီးမွှေး ညင်းထခြင်း၊ အားအင်ချည့်နဲ့ခြင်းနဲ့ သတိမေ့လဲကျခြင်းအထိ ဖြစ်လာနိုင် တယ်။ အပူဒဏ်ကြောင့် လဲကျမှုကို ပိုဖြစ်စေတာတွေကတော့ ရေသောက် နည်းခြင်း၊ အရက်သေစာနဲ့ မူးယစ် ဆေးသုံးစွဲခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း စတာတွေပဲ ဖြစ်ကြတယ်။
နေပူထဲက ပြန်လာအပြီး အထက်ပါ လက္ခဏာတွေ ခံစားစ ပြုလာတာနဲ့ အရိပ်မှာ နားနေကာ ပန်ကာလေ သို့မဟုတ် ယပ်တောင် ခတ် လေသလပ်ခံခြင်း၊ ခန္ဓာကိုယ်ကို အေးမြသွားအောင် အရိပ်ထဲ ခေတ္တ ၁၅ မိနစ် နာရီဝက်နားပြီးမှ ရေပတ် တိုက်ခြင်း၊ လေအေးပေးစက် အခန်း ကောင်းတဲ့ ချည်ထည်တစ်ထပ်တည်း ဝတ်ဆင်ခြင်း၊ ရေခဲဝတ် သို့မဟုတ် ရေအေး ဝတ်တွေကို ချိုင်းကြား၊ ပေါင်ခြံကြား၊ လည်ပင်းကြားတွေမှာ ထားပြီး အပူကျအောင် ပြုလုပ်ခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ လူနာက သတိမေ့နေလျှင် ကိုယ် တွင်းအရည်ဆုံးရှုံးတာ အမြန်ပြန် ဖြည့်ဖို့နဲ့ အခြားလိုအပ်တာတွေ ကုသပေးနိုင်ဖို့ ဆေးရုံဆေးခန်း အမြန် ဆုံးသွားရောက်ပြသသင့်ပါတယ်။
ဒီလိုအနေအထားမှာ အချိန်မီ မကုသရင် အသက်အ္တရာယ်ပေးနိုင် တဲ့ အပူရှပ်ရှော့ခ်ရခြင်း အခြေအနေ သို့ ဆိုးရွားသွားနိုင်တယ်။ သို့မဟုတ် ဖျားနေတဲ့ ကလေး လူကြီး တွေကို အဝတ်ထူထူ အထပ်ထပ် ဝတ်ဆင် စောင်ထူထူခြုံ၊ လေစိမ်း မထိအောင် ပြတင်းပေါက်တွေ ပိတ် ဆို့ပြီး ချွေးထုတ်တဲ့ အလေ့အထ ဟာမှားယွင်းကြောင်း ဖော်ပြလိုပါ တယ်။ ချွေးထွက်မှ အဖျားကျမယ် ထင်နေကြတာဟာ ရောဂါကို ပိုဆိုး စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် ၉၈.၆ံ ဖာရင်ဟိုက်မှာသာ ကိုယ်အင်္ဂါ အဖွဲ့အစည်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ဟာ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တာ ဖြစ်တယ်။ အဲဒီထက် ပိုပူလေလေ ပုံမှန်လုပ်ငန်းတွေ မဆောင်ရွက်နိုင် တော့ဘဲ အင်္ဂါအစိတ်အပိုင်းတွေ ကျောက်ကပ်၊ နှလုံး၊ အဆုတ်၊ အသည်းတွေ ထိခိုက်ပျက်စီးကာ အသက်သေဆုံးရမှာဖြစ်ပါတယ်။ ဒါ ကြောင့် အဲဒီအျ