အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ကျပ် ၁၅၀၀တန် CDMA 800 Sim Card သုံးသိန်းခွဲကို မေလ ၂၀ ရက်နေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ အစီအစဉ်ဖြင့် ဒုတိယ အကြိမ် ထပ်မံ ရောင်းချမည် ဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ကြေညာခဲ့သည်။ CDMA စနစ် တပ်ဆင်ခြင်း မရှိသော ချင်းပြည်နယ်တွင် WCDMA အမျိုးအစား Sim Card များကို ဈေးနှုန်း တူညီစွာ ရောင်းချ သွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်က ဆိုသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ အစီအစဉ်ဖြင့် ဧပြီလ ၂၄ ရက်နေ့က Sim Card သုံးသိန်းခွဲ စတင်ရောင်းချခဲ့ပြီး မေလ ၁၃ ရက်အထိ တိုင်းတာချက်အရ ရောင်းချခဲ့သည့် Sim Card ၆၀၀၀ ခန့်မှာ မသုံးစွဲ သေးသည်ကို တွေ့ရကြောင်း ယင်းသတင်းက ဆိုသည်။ မိုဘိုင်းလ် အိတ်ချိန်းများ မှတ်သား တိုင်းတာချက်အရ ရန်ကုန်၊ ပုသိမ်၊ ပဲခူးနဲ့ ပျဉ်းမနား မြို့များတွင် ရောင်းချ ပေးခဲ့သည့် ဖုန်းလိုင်းများမှာ အင်အားထက် ပိုမို သုံးစွဲခဲ့သဖြင့် နောက်ထပ် ရောင်းချမည့် Sim Card များ အဆင်ပြေစွာ သုံးစွဲနိုင်ရန် စက်တပ် အင်အား တိုးချဲ့ထားကြောင်း MRTV ၏ သတင်းထုတ်ပြန် ကြေညာချက် အရ သိရသည်