အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

လမည့်ဇွန်လ၁၄ရက်နေ့ သောကြာနေ့တွင်ကျင်းပမည့်(၁၁)ကြိမ် မြောက်ပြည် ထောင်စုအစ္စလာမ်မစ် အီရန်နိုင်ငံ၏သမ္မတ အသစ်ရွေးကော်ပွဲအတွက်သမ္မတ လောင်း(၈)ဦး၏ အမည်များ ကို မေလ၂၁ရက်နေ့ အင်္ဂါနေ့ တွင်နိုင်ငံခြားရေး ဝန်ကြီးဌာန မှထုတ်ပြန် ကြေငြာခဲ့ပါသည်။
၎င်း အရွေးခံမည့် သမ္မတလောင်း (၈) ဦး၏ အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁ ။ အာဂါယေ စအီးဒ် ဂျလီးလီ - အဖအမည် မိုဟမ္မဒ် ဟစန်
၂ ။ အာဂါယေ ဂိုလမ်အလီ ဟဒါဒ် အာဒေလ် - အဖအမည် ရေဇာ
၃ ။ အာဂါယေ မိုအ်စင်ရေဇာရီ မီးရ် ကာအေဒ် - အဖအမည် နဂျာဖ်
၎ ။ အာဂါယေ ဟစန် ရူဟာနီ - အဖအမည် အဆဒ်ဒွလ်လ္လာဟ်
၅ ။ အာဂါယေ မိုဟမ္မဒ်ရေဇာ အာဖေရ် - အဖအမည် မီးရ်ဇာ အဟ်မဒ်
၆ ။ အာဂါယေ ဆရက် မိုဟမ္မဒ် ဂရ်ဇီ - အဖအမည် ဆရက်ရေဇာ
၇ ။ အာဂါယေ မိုဟမ္မဒ်ဘကေရ်ကလီးဗာဗ် - အဖအမည် ဟိုစိုင်း(န)
၈ ။ အာဂါယေ အလီအက်္ကဘဲရ် ဝေလာယသ်သီ - အဖအမည် အလီအစ္စဂဲရ်
ဤ သမ္မတလောင်း (၈) ဦးသည် (( ရှုရာယေ နီကဲအ်ဗန် )) (( အီရန် လုံခြုံရေးကောင်စီ )) မှ ပါဝင်ယှဉ်ပြိုင်သူ အယောက် ၄၅၀ ကျော်အနက် မှ သေချာ အဖက်ဖက်မှ စိစစ်ပြီး အတည်ပြု အရွေးခံခဲ့ရသူများ ဖြစ်ပါသည်။
၎င်းတို့အနေဖြင့် မိမိတို့ သမ္မတ ဖြစ်ရန် ဇွန်လ ၁၃ ရက်နေ့ အထိ ရွေးကော်ပွဲမစတင်မည် ၂၄ နာရီ အလျင် အထိ မဲဆွယ် နိုင်ပေသည်။၎င်းတို့၏ မဲဆွယ်မှု အစီအစဉ်များကို အီရန် ရုပ်မြင်သံကြားများမှ ၆နာရီ ခန့် အချိန် အမျိုးမျိုး ဖြင့် ထုတ်လွှင့် ပေးနေ ကြောင်း သိရပါသည်။