၁၄ ဇွန် ၂၀၁၃ - ၀၂:၂၁
ရှဟီးဒ်ဒေ မဟ်ရာဗ် ဟဇရတ် အယာသွလ် လ္လာဟ် ဆရက်ဒ် အဗ်ဒွလ် ဟိုစိုင်း(န) ဒက်ဇ်သဂိုင်းဗ် ရှီးရာဇီး (ရ.ဟ)

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
အာယတ်တူလ္လာဟ်အဗ်ဒွလ်ဟူစိုင်ဒဇ်သဂိုင်းဘ်ရှီရာဇီသည်ဟီဂျရီသက္ကရာဇ်၁၃၂၂ခုနှစ်တွင်ရှီရားဇ်မြို့တော်၌မွေးဖွားခဲ့ပါသည်။ သူ့သည်အစ္စလာမ်ဘာသာတရားအလွန်ကိုင်းရှိုင်းပြီးဂုဏ်သရေ မြင့်မြတ်ထင်ရှားသောမျိုးရိုးမှဆင်းသက်လာသူဖြစ်ပါသည်။ သူသည်ငယ်စဉ်ကတည်းက ပညာရေး၌ အထူးစိတ်ဝင်တစားရှိပြီးအသက်နှစ်ဆယ်မပြည့်ခင်ကတည်းကပင်ရှီရားဇ်မြို့တော်ရှိ ဘာကီးရ်ခါးန်မဇ်ဂျီဒ် Baqir Khan Masjid တွင် နမားဇ်ရှေ့ဆောင်အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပါသည်။အခြေခံပညာရေးသင်ယူပြီးနောက်ဟီဂျရီ၁၃၅၃ခုနှစ်တွင်အီရားက်နိုင်ငံ၊ နဂျဖ် အလ် အရှရဖ်မြို့တော်သို့ပညာဆက်လက် သင်ယူရန်ထွက်ခွာခဲ့ပါသည်။ အမီးရလ်မူအမီနီးန်အလီအီဗ်နီအဘီသွာလီဘ်(အလိုင်ဟစ္စလာမ်)၏ဗိမ္မာန်ဖြစ်သည့်နဂျဖ်မြို့တော်တွင်သူသည်ဆရီးဒ် အဘူးလ် ဟစန် အီးဇ်ဖဟာနီ၊ Sayyid Abul Hasan Isfahani, ဆရီးဒ် အလီ ကာဒီး တဘာတဘားအီ Sayyid Ali Qadhi Tabataba'i နှင့် ရှေးခ် ဒီယာအူဒီးန် အလ် အီရားကီး Shaikh Diauddin al Iraqi အစရှိ သည့်ကျော်ကြားသောပညာရှင်များနှင့်မရ်ဂျာ များ ထံပညာဆည်းပူးလေ့လာခဲ့ပါသည်။ သူသည်ကိုယ်ကျင့်တရားကောင်းရုံသာမကညာဏ်ပညာထက်ပြီးဗဟုသုတကြွယ်ဝသူတစ်ဦးဖြစ်သည့်အလျှောက်ထိုအချိန်ကမရ်ဂျာဖြစ်သူကသူ့ကိုအီးဂ်ျသီဟားဒ်ကျင့်ခွင့်ပေးခဲ့ပါသည်။ ထို့နောက်သူသည်မွေးရပ်ဌာနီရှီရားဇ်မြို့တော်သို့ပြန်လာခဲ့ပါ သည်။ သူသည်ရန်ရံပုံငွေရှာ၍ ယိုးယွင်းပျက်စီးနေသော ဂျာမေ မဇ်ဂျီးဒ် အတီးက် Jame Masjid Ateq ကိုပြန်လည်မွန်း မံပြင်ဆင်ဆောက်လုပ်ခဲ့ပါသည်။ သူသည်ရှီရားဇ်မြို့တော်ရှိအခြားဘာသာရေးပညာရှင် များနှင့်အတူ ကိုယ်ကျင့် တရား၊ ဘာသာရေးသိပ္ပံပညာ၊အစ္စလာမ်ဥပဒေပညာနှင့် ကျမ်းမြတ် ကုရ်အာန်၏အဓိပ္ပါယ်ပြန်ဆိုသင် ကြားခြင်းများနှင့်အတူ ရှီးရားဇ်မြို့တော်၏ ဟောင်ဇာ အလ် အီးလ်မီယား Hauza al Ilmiya ကိုပြန်လည်သက်ဝင်နိုးကြွလာအောင်အစွမ်းကုန်ကြိုးပမ်းခဲ့ ပါသည်။ ဘာသာတရားကင်းမဲ့သောမင်းဆိုးမင်းညစ်ရှာဟ် ( မူဟမ္မဒ်ရီဇါ ) သည်ဆရီးဒ်ဒဇ်သဂိုင်းဘ် အပေါ်တင်းကြပ် သောကန့်သတ်ချက်များ ချကာအကြိမ်ပေါင်းများစွာဖမ်းဆီးခဲ့ပါသည်။ အိမ်တွင်အကျယ်ချုပ်ချထားခြင်းလည်း ခံခဲ့ရပါသည်။ အာယတ်သူလ္လာဟ်ဒဇ်သဂိုင်းဘ်သည် အီမာမ်ကိုမိုင်နီနှင့်သူ၏တော်လှန်ရေးဝါဒများကိုတက်တက် ကြွကြွထောက်ခံအားပေးခဲ့ပါသည်။ အစ္စလားမစ်ခ်တော်လှန်ရေးအောင်မြင်ပြီးနောက် အီရာန်နိုင်ငံမဂျာလီးဇ် Majalis of the Islamic Republic of Iran တွင် (ပါလီမန်) အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ရှီးရားဇ်မြို့သူမြို့သားနှင့်အများပြည်သူတို့၏ထောက်ခံချက်များနှင့်အတူအီမာမ် ကိုမိုင်နီ၏ ကိုယ်စားလှယ် နှင့်ရှီးရားဇ်ဂျာမေမဇ်ဂျီးဒ်၏အီမာမ်အဖြစ်လည်းခန့်အပ်ခြင်းခံခဲ့ရပါသည်။ ရှဟီးဒ်ဒဇ်သဂိုင်းဘ်သည်စာအုပ်မြောက်များစွာရေးသားခဲ့ပါသည်။ သူရေးသားခဲ့သော ဂူနာဟာနေကဘီရား Gunahane Kabira ၊ ကလ်ဘ် အလ် ဆလီးမ် Qalb al Salim, ဆလားသူလ် ကရှာအီးန် Salatul Kashain , မားအားဒ် Ma'ad, အတ် သောင်ဘာ At Tawba, ဇင်ဒဂါးနီ ဟဇရတ် အလ် ဇဟ်ရာ Zindagani Hazrat al Zahra, ဇိုင်နဘ်အလ်ကူဘ်ရာ Zainab al Kubra, စူရာ ယာစင် အကျယ်ဖွင့်ရှင်းလင်းချက် A Commentary to Sura Yasin, နဖ်စ်အလ်မူတ်မအီနား Nafs al Mut-ma-in-na မှာအချို့သောကျော်ကြားသော စာအုပ်များဖြစ်ပါသည်။ သူရေးသားခဲ့သောစာပေများသည်သာမန်မူဆလင်မ်များနားလည်လွယ်အောင်ရေးသားထား ခြင်းဖြစ်ပါသည်။ ရှဟီးဒ်ဒဇ်သဂိုင်းဘ်သည် ကုရ်အာန်အကျယ်ဖွင့်ရှင်းလင်းချက် တဖ်ဟစီးရ်၊ ဖီးခ် ( အစ္စလာမ် ဥပဒေသိပ္ပံပညာ )အစရှိသောအကြောင်းအရာများနှင့်ပတ်သက်သောစာအုပ်များ ကိုလည်းရေးသားခဲ့ပါသည်။ရှဟီးဒ်ဒဇ်သဂိုင်းဘ်သည်လူချစ်လူခင်များပြားပြီးအလွန်မြင့် မားသောဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသူတစ်ဦးဖြစ်ပါသည်။ အစ္စလာမစ်ခ်တော်လှန်ရေးကိုဆန့်ကျင်သောမူနာဖီကင်းန်အကြမ်းဖက်သမားများအဖွဲ.ဖြစ်သည့် MKO( Mujahideen Khalq Organization ) သည်အစ္စလာမ်ဆန့်ကျင်ရေးလုပ်ငန်းများကို အမေရိကန်၊အစ္စရေှးနှင့်အခြားသောအစ္စလာမ့်ရန်သူများနှင့်ပူးပေါင်း၍လုပ်ဆောင်ခဲ့ပြီး အီရာန်အစ္စလာမစ်ခ်အစိုးရကိုအဖက်ဖက်မှတိုက်ခိုက်ခဲ့သည်။အစ္စလာမစ်ခ်တော်လှန်ရေးခေါင်းဆောင်များဖြစ်သောအာယတ်သူလ္လာဟ်ဆရီးဒ်မူဟမ္မဒ်ဘဟေးရှ်တီ Ayatullah Sayyid Muhammad Beheshti ၊အာယတ်သူလ္လာဟ်ဆရီးဒ်အလီကာဒီးဟ် တဘားတဘားရီ Ayatullah Sayyid Ali Qadhi Tabataba'i ၊ ဆရီးဒ်အဆဒူလ္လာဟ်မဒနီး Sayyid Asadullah Madani နှင့် အာယတ်သူလ္လာဟ် မွရ်တဒါ မူတဟရီ Ayatullah Murtada Mutahari တို့သည်လည်းအစ္စလာမ့်ရန်သူများ၏ လက်ချက်ဖြင့်ရှဟီးဒ်ဖြစ်ခဲ့ကြရပါသည်။ အာယတ်သူလ္လာဟ်ဆရီးဒ် ဒဇ်သဂိုင်းဘ်ရှီရာဇီသည် ၁၉၈၁ခုနှစ် ဒီဇင်ဘာလ၊ ၁၁ရက်နေ့ ( မူဟရ်ရမ်လမြတ်၊၁၈ရက်နေ့၊ ဟီဂျရီ ၁၄၀၂ခုနှစ် ) တွင် ရှီရားဇ်မြို့၌ ဂျွမ်မာဟ်နမားဇ် ကိုဦးဆောင်ဖတ်ရန်စီစဉ်နေခိုက်အစ္စလာမ့် ရန်သူ့MKO အဖွဲ.ထောင်ထားသောဗုံးပေါက် ကွဲမှုကြောင့် ရှဟီးဒ်ဖြစ်ခဲ့ရပါသည်။ မူနာဖီကီးင်းန် MKO တို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် အီရာန်တစ်နိုင်ငံလုံးသာမကတစ်ကမ္ဘာလုံးရှိရှီအာမူဆလင်မ်များအတွက်ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ခဲ့ရပါသည်။ ထိုသို့အသက်ပေးခဲ့ရသောရှဟီးဒ်ဒဇ်သဂိုင်းဘ်ကိုကိုရှဟီးဒ်ဒေမီရဘ် ဟုအများကခေါ်ကြပါသည်။
 http://www.yusufezehra.com/files/Book/733.pdf pp 3-4 http://islamicinsights.com/religion/history/martyr-dastghaib-shiraz... http://en.wikipedia.org/wiki/List_of_deceased_Maraji http://www.al-islam.org/greater_sins_complete/3.htm http://www.imamreza.net/eng/imamreza.php?id=7324
 ရှာဖွေတင်ပြသူ - Zainab
ဘာသာပြန်သူ - Ali Asghar
 July Issue 2013