၁၃ ဇွန် ၂၀၁၃ - ၁၉:၃၀
မလေးရှားဖြစ်ရပ်သည် မြန်မာ့ အကြမ်းဖက်မှု ကဲ့သို့ပင်ဖြစ်ကြောင်း ဒေါက်တာ တင်မောင်သန်းပြော

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

မလေးရှားတွင် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် ဖြစ်ရပ်များသည် မြန်မာနိင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် အလားတူ ပင်ဖြစ်ကြောင်း ဒေါက်တာ တင်မောင်သန်း (သင့်ဘ၀ အယ်ဒီတာပောာင်း) ကပြောသည်။

မလေးရောက် မြန်မာနိင်ငံသား ဆယ်ဂဏန်း ၀န်းကျင်ခန့် အကြမ်းဖက် တိုက်ခိုက်ခံ နေရမှု ဖြစ်ပွားနေသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး Buddhism and Non-Violence Public Talk အခမ်းအနားတွင် မီဒီယာတစ်ခုမှ မေးမြန်းချက်ကို ဒေါက်တာ တင်မောင်သန်းက ဖြေကြားစဉ်။ဓါတ်ပုံ- ဒေး(သန်လျှင်)

 

ဒီမှာဖြစ်နေတဲ့ကိစ္စနဲ့ အတူတူပဲလေ။ ဒီမှာ အကြမ်းဖက်ရင် ပာိုမှာလည်း အကြမ်းဖက်မှာပဲ၊ အဲဒါကို ဘယ်လိုပြောရမလဲ၊ လူတွေရဲ့မိုက်မဲခြင်းဆိုတာ ရှိတယ်လေ

 

ပာု ဒေါက်တာတင်မောင်သန်းက ပြောသည်။ မလေးရောက် မြန်မာနိင်ငံသား ဆယ်ဂဏန်း ၀န်းကျင်ခန့် အကြမ်းဖက် တိုက်ခိုက်ခံ နေရမှုဖြစ်ပွားနေသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး Buddhism and Non-Violence Public Talk အခမ်းအနားတွင် မီဒီယာတစ်ခုမှ မေးမြန်းချက်ကို ဒေါက်တာ တင်မောင်သန်းက ဖြေကြားရာတွင် အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိင်ငံတွင် အစ္စလာမ် ဘာသာဝင်များအား ၉၆၉ ဂိုဏ်းဝင်များနှင့် ဗုဒ္ဓဘာသာ အကြမ်းဖက်များက အကြမ်းဖက် သတ်ဖြတ်မှုများ ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့မီဒီယာများကမှု နှစ်ဘက် ပဋိပက္ခ ဖြစ်ပွားသည် ပာုရေးသားဖေါ်ပြသည်။ မြန်မာနိင်ငံတွင် အစ္စလာမ် ဘာသာဝင်များအား ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက် သတ်ဖြတ်မှုများဖြစ်ပွားခဲ့ ပြီးနောက် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား ဆယ်ဂဏန်း ၀န်းကျင်ခန့် သေဆုံးမှု၊ ရိုက်နှက်ခံရမှုများ ဖြစ်ပွားခဲ့ခြင်းကို ဗုဒ္ဓဘာသာဝင်များ ထိန်းချုပ်ထားသည့် မီဒီယာများတွင် မလေးရှားရောက်မြန်မာများ အကြမ်းဖက် ခံနေရသည်ပာု ရေးသားဖေါ်ပြသည်။

 

မြန်မာနိင်ငံတွင် ယမန်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် တောင်ကုတ်လူသတ်ပွဲ၊ ရိုပာင်ဂျာ မွတ်စ်လင်မ်တို့ကို လူ့အခွင့်အရေးချိုးဖေါက်ကာ တိုက်ခိုက် ဖိနှိပ်မှု၊ မိတ္ထိလာမြို့တွင် အစ္စလာမ် ဘာသာဝင် ဘာသာရေးကျောင်းသား ၃၂ ဦး နှင့်မွတ်စ်လင်မ် ၄၀ နီးပါးအား သတ်ဖြတ်ကာ မွတ်စ်လင်မ် အိမ်များအား မီးရှို့ ဖျက်ဆီးမှု အပါအ၀င် ပဲခူးတိုင်းအတွင်းရှိ ဥက္ကံမြို့၊ ကြို့ပင်ကောက်မြို့၊ ဇီးကုန်းမြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့၊ မင်းလှမြို့၊ ပုတီးကုန်းမြို့ စသည့်မြို့များနှင့် အဆိုပါဒေသများ အတွင်းမှ ရွာများ၊နှင့် ရှမ်းပြည်နယ် လားရှိုးမြို့တို့တွင် အစ္စလာမ်ဘာသာဝင်များအား မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက် သတ်ဖြတ်မှုများကို ဗုဒ္ဓဘာသာရေး အစွန်းရောက် ဂိုဏ်းတစ်ခုဖြစ်သည့် ၉၆၉ ဂိုဏ်းနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များက ပြုလုပ်ခဲ့ကြသည်။

 

မလေးရှားနိင်ငံတွင် မြန်မာနိင်ငံသားများ အကြမ်းဖက်ခံနေရကြောင်း သတင်းဖေါ်ပြချက်များအရ ဆယ်ဂဏန်းမပြည့်သည့် မြန်မာနိင်ငံသားများ မလေးရှားတွင် သေဆုံးမှု၊ ရိုက်နှက်ခံရခြင်းများ ရှိကြောင်းသိရသည်။

 

ပိာန်းအောင်၊ ဒေး(သန်လျှင်)