အဟ်ဘေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
လူသားများ မိမိကိုယ်ကို ဆောက်တည်ရန်အတွက် အစ္စလာ(မ်)သာသနာ၏ တစ်နှစ်တာ အစီအစဉ်များ နှင့် ၀ါဂျိ(ဘ်) အလုပ်များမှ တစ်ခုမှာ ‘ရိုဇာ’ ခေါ် ဥပုသ်သီလ စောင့်တည်ခြင်း ဖြစ်သည်။ ရိုဇာ ဆိုသည်မှာ လူသားသည် ‘စွဗ်ဟ်’ အဇာ(န်)ချိန်မှ ‘မဂ်ရိဘ်’ (နေ၀င် ပြီးချိန်)ထိ အလ္လာဟိုအရှင်မြတ်၏ အမိန့်အာဏာအား နာခံရန် အတွက် အချို့အလုပ်များ (နောက်ပိုင်း၌ ဖော်ပြသွားမည့်)မှ ရှောင်ကျဉ်ခြင်းကို ခေါ်ဆိုပါသည်။ ရိုဇာ၏ အမိန့် ဥပဒေများကို သိနားလည်ရန် အတွက် ပထမဦးစွာ ရိုဇာ အမျိုးအစားများအား ကျွန်ုပ်တို့ သိရန် လိုအပ် သည်။
ရိုဇာအမျိုးအစားများ
၁။ ‘وَاجِبْ’ ၀ါဂျိ(ဘ်)
၂။ ‘حَرَام’ ဟရာ(မ်)
၃။ ‘مُسْتَحَبْ’ မွစ်သဟဗ်
၎။ ‘مَكْرُوْه’ မ(က်)ရူး(ဟ်) ၀ါဂျိ(ဘ်) ဖြစ်သော ရိုဇာများ အောက်ပါ ရိုဇာ အမျိုးအစားများသည် ၀ါဂျိ(ဘ်) ဖြစ်သည်။
• ‘رَمَضَان’ ရမဇာ(န်)လမြတ်၏ ရိုဇာများ၊
• ‘قَضَاء’ ဖြစ်ထားသော ရိုဇာများ၊
• ‘كَفَّارَة’ ကဖွာရ(ဟ်)(၁) ရိုဇာ၊
•‘نَذْرْ’ အဓိဌာန် ပြုထားခြင်းကြောင့် ၀ါဂျိ(ဘ်) ဖြစ်သွားသော ရိုဇာ၊
• သားအကြီးဆုံး အတွက် ၀ါဂျိ(ဘ်) ဖြစ်သည့် ဖခင်၏ (၂)ကဇွာ ဖြစ်ထားခဲ့သော ရိုဇာများ၊ အချို့သော ဟရာ(မ်) ဖြစ်သည့် ရိုဇာများ
• ‘فِطْرْ’ အီး(ဒ်)နေ့တွင် စောင့်တည်သော ရိုဇာ။ (‘شَوَّال’လ ၁ရက်နေ့)
• ‘قُرْبَان’ အီး(ဒ်)နေ့တွင် စောင့်တည်သော ရိုဇာ။ (‘ذِي الْحَجَّة’လ ၁၀ရက် နေ့)
• မိဘများအား ညှင်းပန်း နှိပ်စက်မှု ဖြစ်စေသော သားသမီး၏ မွစ်သဟ် ရိုဇာ။
• ဖခင် သို့မဟုတ် မိခင်သည် သားသမီးအား မွစ်သဟဗ် ရိုဇာ စောင့်တည်ခြင်းမှ တားမြစ်ကြသည်ကို ဂရုမစိုက် ပါဘဲ စောင့် တည်သော သားသမီး၏ မွစ်သဟဗ် ရိုဇာ။ (အိဟ်သိယားသေ၀ါဂျိဘ်)
(၁) ၎င်း၏ အဓိပ္ပါယ်အား နောက်ပိုင်းတွင် ဖော်ပြသွားပါမည်။
(၂) `အာယသုလ္လာခါမေနအီ ‘ ဖခင် သို့မဟုတ် မိခင်’ မွစ်သဟဗ် ဖြစ်သော ရိုဇာများ ဟရာ(မ်)နှင့် မ(က်)ရူး(ဟ်) ဖြစ်စေသော နေ့ရက်များမှ လွှဲ၍ တစ်နှစ်ပတ်လုံးတွင် ရိုဇာ စောင့်တည်ခြင်း သည် မွစ်သဟဗ် ဖြစ်သည်။ သို့သော် အချို့သော ရိုဇာများနှင့် ပတ်သက်၍ အလွန်အမင်း တိုက်တွန်းထားသည်။ ၎င်းတို့အနက် အချို့မှာ အောက်ပါ အတိုင်း ဖြစ်ကြသည်။
• ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း၊
• တမန်တော်မြတ်(ဆွ) တမန်တော် အဖြစ် ခန့်အပ်ခံရသည့်နေ့၊ (‘ရဂျဗ်’လ ၂၇ရက်နေ့)
• ‘ဂဒီးရ်’ အီး(ဒ်)နေ့၊ (‘ဇိလ်ဟဂ်ျ’လ ၁၈ရက်နေ့)
• တမန်တော်မြတ်(ဆွ) မွေးနေ့၊ (‘ရဗီအွလ် အောင်ဝလ်’ လ ၁၇ရက်နေ့)
• ‘အရ်ဖွာ(ဟ်)’ နေ့၊ (`ဇိလ်ဟဂ်ျ’လ ၉ရက်နေ့) သို့ရာတွင် ရိုဇာစောင့်ခြင်းဖြင့် ထို့နေ့တွင် ဖတ်ရွတ်ရမည့် ဒိုအာ များအား လက်လွတ်မသွားစေရ။
• ‘ရဂျဗ်’ နှင့် `ရှာအ်ဗာန်’လ တစ်လလုံး။
• နောင်(၀်)ရူး(ဇ်) အီး(ဒ်)နေ့။
• လစဉ်တိုင်းမှ ၁၃၊ ၁၄ နှင့် ၁၅ရက်နေ့များ။ မ(က်)ရူး(ဟ်) ဖြစ်သော ရိုဇာများ
• အိမ်ရှင်၏ ခွင့်ပြုချက် မရှိဘဲ စောင့်တည်သော ဧည့်သည်၏ မွစ်သဟဗ် ရိုဇာ။
• အိမ်ရှင် တားမြစ်ထားလျက်ဖြင့် စောင့်တည်သော ဧည့်သည်၏ မွစ်သဟဗ် ရိုဇာ။
• မိဘ၏ ခွင့်ပြုချက် မရှိဘဲ စောင့်တည်သော သားသမီး၏ မွစ်သဟဗ် ရိုဇာ။
• အာရှုရာနေ့ (‘မိုဟရမ်’ လ(၁၀) ရက်နေ့)၌ စောင့်တည်သော ရိုဇာ။
• ‘အရ်ဖွာ’နေ့တွင် စောင့်တည်သော ရိုဇာ။ (အကယ်၍ ရိုဇာ စောင့်တည်ခြင်းကြောင့် ထိုနေ့တွင် ဖတ်ရမည့် ဒိုအာများ လက်လွတ်သွား နိုင်လျှင်)
• ‘ကုရ်ဗာန်’ အီး(ဒ်)နေ့ သို့မဟုတ် ‘အရ်ဖွာ’နေ့ဟု ကွဲပြားစွာ မသိနိုင်သော နေ့တွင် စောင့်တည်သည့် ရိုဇာ။
ရိုဇာ၏ နီယ(သ်)ခေါ် ဆန္ဒပြုခြင်း
၁။ ရိုဇာသည် အေဗာဒ(သ်)ခေါ် ခ၀ပ်ကိုးကွယ်မှု။ ကျင့်ကြံမှုများမှ တစ်ခုဖြစ်ပြီး မလွဲမသွေ အလ္လာဟို အရှင်မြတ်၏ အမိန့် အား နာခံသော အနေဖြင့်သာ ကျင့်ကြံရမည်။
၂။ လူသားသည် ရမ်ဇာ(န်)လမြတ်၏ ညတိုင်း တွင် နောက်နေ့ စောင့် တည်မည့် ရိုဇာအတွက် နီယ(သ်) ပြုလုပ်နိုင်သည်။ သို့သော် တစ်လလုံး၌ စောင့်တည်မည့် ရိုဇာများ အတွက် ထိုလ၏ ပထမဆုံးနေ့တွင် နီယ(သ်) ပြုလုပ်ခြင်းသည် ပို၍ သင့်လျော်သည်။
၃။ ၀ါဂျိ(ဘ်) အဖြစ် သတ်မှတ်ထားသော ရိုဇာတွင် အကြောင်းပြချက် မရှိဘဲ ‘စွဗ်ဟ်’ အဇာ(န်)ချိန် ထက် နောက်ကျ၍ နီယ(သ်) မပြုလုပ်ရ။
၎။ ၀ါဂျိ(ဘ်) အဖြစ် သတ်မှတ်ထားသော ရိုဇာတွင် အကယ်၍ မေ့လျော့ခြင်း သို့မဟုတ် ခရီးသွားခြင်း ကဲ့သို့သော အကြောင်းပြချက် တစ်ခုခုကြောင့် နီယ(သ်) မလုပ်ခဲ့ချိန်တွင် အကယ်၍ ရိုဇာ ပျက်ပြယ်စေသော အလုပ်တစ်ခုခုအား မပြုလုပ်မိသေးပါက ‘ဇိုဟ်ရ်’ အချိန်ထိ နီယ(သ်) ပြုလုပ်နိုင်သည်။
၅။ ရိုဇာ၏ နီယ(သ်)အား နှုတ်မှ ပြောဆိုရန် မလိုအပ်ချေ။ ထို့အပြင် အလ္လာဟိုအရှင်မြတ်၏ အမိန့်အား နာခံဆောင်ရွက်ရန် အတွက် ‘စွဗ်ဟ်’ အဇာ(န်)ချိန်မှ ‘မဂ်ရိဘ်’ အချိန်ထိ ရိုဇာ ပျက်ပြယ်စေသော အလုပ်တစ်ခုခု ကို မပြုလုပ်ပါက လုံလောက် သည်။ ရိုဇာပျက်စေသော အလုပ်များ ဥပုသ်စောင့်တည်သူသည် ‘စွဗ်ဟ်’ အဇာ(န်)အချိန်မှ ‘မဂ်ရိဘ်’ အချိန်ထိ အချို့သော အလုပ်များကို မလွဲမသွေ ရှောင်ကျဉ်ရမည်။ အကယ်၍ ၎င်းတို့အနက် အလုပ်တစ်ခုအား ပြုလုပ်လိုက်ပါက ထိုသူ၏ ရိုဇာ ပျက်ပြယ်သွားမည်။ ယင်းအလုပ်များအား ရိုဇာ ပျက်ပြယ်စေသော အလုပ်များဟု ခေါ်ပြီး ၎င်းတို့မှာ.........
• စားခြင်းနှင့် သောက်ခြင်း။
• များပြားထူထပ်သော အမှုန့်များ သို့မဟုတ် မီးခိုးများ လည်ချောင်းအတွင်း ရောက်ရှိစေခြင်း။
• ဦးခေါင်း တစ်ခုလုံးအား ရေအောက်သို့ နစ်မြုပ်စေခြင်း။
• အော့အန်ခြင်း။
• ကာမစပ်ယှက်ခြင်း (လိင်ဆက်ဆံခြင်း)။
• ‘إسْتِمْنَاء’ခေါ် မိမိကိုယ်ကို သုတ်ရည် ထွက်လာစေရန် ပြုလုပ်ခြင်း။
• ဂျုနူး(ဘ်) အနေအထားဖြင့် ‘စွဗ်ဟ်’ အဇာ(န်)ချိန်ထိနေခြင်း စသည်တို့ ဖြစ်ကြပါသည်။ ရိုဇာပျက်စေသော အလုပ်များ၏ ဥပဒေသများ စားခြင်းနှင့် သောက်ခြင်း၊
၁။ အကယ်၍ ရိုဇာ စောင့်တည်သူသည် တမင်တကာ တစ်ခုခုစားလျှင် သို့မဟုတ် သောက်လျှင် ၎င်း၏ ရိုဇာ ပျက်ပြယ် သွားမည်။
၂။ အကယ်၍ ရိုဇာစောင့်တည်သူ တစ်ဦးသည် သွားကြားတွင် ညှပ်ကျန်နေသော အရာတစ်ခုအား တမင်တကာ မျိုချလိုက် ပါက ၎င်း၏ ရိုဇာ ပျက်ပြယ်သွားမည်။
၃။ တံတွေး မျိုချခြင်းဖြင့် ရိုဇာ မပျက်ပြယ်ပါ။ ယုတ်စွအဆုံး မည်မျှပင် များသည်ဖြစ်စေ။
၎။ အကယ်၍ ဥပုသ်စောင့်သူသည် မေ့လျော့မှုကြောင့် (ဥပုသ်စောင့်တည်နေသည်ဟု သတိ မရှိဘဲ) တစ်ခုခုကို စား လိုက်လျှင် သို့မဟုတ် သောက်လိုက်လျှင် ထိုသူ၏ ရိုဇာ မပျက်ပြယ်ပါ။
၅။ လူသားသည် အားနည်းမှုကြောင့် မိမိ၏ ဥပုသ်အား မချိုးဖျက်နိုင်ပါ။ သို့သော် အကယ်၍ ခံနိုင်ရည် မရှိလောက်စေရန် အားနည်းမှု ပြင်းထန်ပါက ဥပုသ် ချိုးဖျက်ခြင်းသည် ပြဿနာ မရှိပါ။ ဆေးထိုးခြင်း အကယ်၍ အစားအသောက် အ စား ဆေးထိုးခြင်း မဟုတ်ပါက ရိုဇာ မပျက်ပြယ်ပါ။ ယုတ်စွအဆုံး ထုံဆေးပင် ဖြစ်စေ။ များပြားထူထပ်သော အမှုန့်များ သို့မဟုတ် မီးခိုးများ လည်ချောင်းအတွင်း ရောက်ရှိစေ ခြင်း။
၁။ အကယ်၍ ဥပုသ်စောင့်သူသည် များပြားထူထပ်သော အမှုန့်