၁၁ စက်တင်ဘာ ၂၀၁၃ - ၁၉:၃၀
ဒု-သမ္မတ လားရှိုးဗလီသို့ ကျပ်သိန်းတစ်ရာ လှုသည့် သတင်းမှားယွင်း

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ

ဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာဝင်များက လားရှိုးဗလီအား မီးရှို့ဖျက်ဆီးနေစဉ်

ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက လားရှိုးဗလီ ဝတ်ကျောင်းတော် အတွက် ကျပ်သိန်း ၁၀၀ လှုဒါန်းသည် ဆိုသည့် သတင်း ဖေ့စ်ဘွတ် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း မြို့ခံ မွတ်စ်လင်မ် မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဒေါက်တာ တင်အောင် က မြန်မာမွတ်စ်လင်မ် မီဒီယာမှ ဆက်သွယ် မေးမြန်းချက် တစ်ရပ်တွင် ဖြေကြားလိုက်သည်။

“ဒေါက်တာ စိုင်းမောက်ခမ်း လားရှိုးလာတယ်ဆိုတာ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ လုပ်ဖို့လာတာပါ။ နိုင်ငံတော် အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ သွားတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် လာတယ်။ မွတ်စ်လင်မ် အဖွဲ့ အစည်းတွေနဲ့ တွေ့တာမျိုးတို့၊ လက်ခံစကားပြောတာမျိုးတို့၊ အကူအညီ ပေးတာမျိုးတို့ ဘာမှ မလုပ်ခဲ့ပါဘူး”ပာု ဒေါက်တာ တင်အောင်က မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးမြို့ခံများနှင့် စစ်ကိုင်းတိုင်းမှုးတို့ ကန့်ကွက်သည့် ကြားမှ ပျက်စီးခဲ့သည့် လားရှိုးဗလီ ဝတ်ကျောင်းတော်ကြီး ပြန်လည် ပြင်ဆင်ရေးအတွက် ကျပ် သိန်းတစ်ရာနှင့် အတူ ပြန်လည် ဖွင့်လှစ်ခွင့် ပြုလိုက်ကြောင်း၊ အဆိုပါ ခွင့်ပြုမိန့်ကို ဒေါက်တာ တင်အောင်က တောင်းခံခဲ့ခြင်း ဖြစ်သည်ပာူသော သတင်းမှား တစ်ရပ်မှာ ဖေ့စ်ဘွတ် စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့သည်။

ဒီဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်းမှာ တခြား ဘာသာဝင်အဖွဲ့ အစည်း တစ်ခုက သော်လည်းကောင်း၊ အာဏာပိုင် အဖွဲ့ အစည်းတခုမှသော် လည်းကောင်း ငွေရေးကြေးရေး လှုဒါန်းတာတို့ မရှိပါဘူး” ပာုလည်း ဖေ့စ်ဘွတ် စာမျက်နှာများ ထက်တွင်ကောလ ပာလ ပျံ့နှံ့နေသည့် သတင်းနှင့် ပတ်သက်ပြီး အထက်ပါ ပုဂ္ဂိုလ်ကပင် ဆက်လက် ပြောကြားသည်။

လားရှိုး ဗလီဝတ်ကျောင်းတော်ကို ယခုအချိန်အထိ အကြီးစား ပြန်လည်ပြင်ဆင် မှုများပြုလုပ်ထားခြင်း မရှိသေးဘဲ မီးရှို့ခံခဲ့ရသည့် နံရံများ အတွက်သာ ဆေးသုတ်ခြင်း လုပ်ငန်းကိုသာ ပြုလုပ်ထားသဖြင့် ပမာဏ များပြားသည့် အလှုငွေလည်း လိုအပ်ခြင်း မရှိသေးကြောင်းသိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဒေါ်အောင်ဆန်း စုကြည်က ဗလီဆောက်ရန် အလှုငွေ ပေးအပ်ခဲ့သည် ဆိုသည့် သတင်းမှား ပျံ့နှံ့ခဲ့ဖူးသည်။

လားရှိုး ဗလီဝတ်ကျောင်းတော်ကို ဘာသာရေး အစွန်းရောက် ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအချို့က ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ တိုက်ခိုက်ခံခဲ့ရသည့် လားရှိုးဗလီ ဝတ်ကျောင်းတော်အား ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ရောက်မှ သာ ဒေသ အာဏာပိုင်များက ပုံမှန်အတိုင်း ပြန်လည် ဝတ်ပြုခွင့် ပေးခဲ့သည်။

သတင်း – ပိာန်းအောင် (MMM)