၂၄ စက်တင်ဘာ ၂၀၁၃ - ၂၀:၃၀
ကုရ်ဗာနီ ကြီးကြပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်း

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက (ဟိဂ်ျဂျရီ ၁၄၃၄) ၂၀၁၃ ခုနှစ် ကုရ်ဗာနီ ကြီးကြပ်ရေး ဗဟိုကော်မတီကို အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး၅ ဖွဲ့မှ အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း မမလ ဌာနချုပ် ဖဘ စာမျက်နှာတွင် ဖေါ်ပြထားသည်။ ယခုနှစ်အတွက် ကုရ်ဘာနီကြီးကြပ်ရေး ဗပိာုကော်မတီဝင်များမှာ -

  • ဥက္ကဋ္ဌ – အလ်ဟာဂ်ျမောင်လာနာဦးသိန်းမြင့် (အိုလမာအဖွဲ့ချုပ်)
  • အတွင်းရေးမှူး – အလ်ဟာဂ်ျဦးမြင့်ရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်)
  • ဘဏ္ဍာရေးမှူး – ဦးရဲနောင်သိန်း (မော်လဝီအဖွဲ့ချုပ်)
  • စာရင်းစစ် – အလ်ဟာဂ်ျဦးတင်ယု (မမလဌာနချုပ်)
  • ပြန်ကြားရေးမှူး – ဦးတင်မောင်မောင် (မအဖ ဌာနချုပ်)

တို့ဖြစ်ကြောင်း မမလ ဌာနချုပ် ဖဘ စာမျက်နှာတွင် ဖေါ်ပြချက်အရသိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွက် ကုရ်ဘာနီ ပြုလုပ်နိုင်သည့် နေရာ (ဇုန် ) ၄ ခုရှိမည်ဖြစ်ပြီးအခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွက်လည်း ကုရ်ဗာနီ ကော်မတီများကို ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်တွင်ပင် ဆက်လက် ဖေါ်ပြထားသည်။

သတင်း – ပိာန်းအောင် (MMM)