၁ အောက်တိုဘာ ၂၀၁၃ - ၂၀:၃၀
ရှီအာများ အပေါ် လူမဆန်သည့် တိုက်ခိုက်သတ်ဖြတ်မှု များကို ရပ်နိုင်ရန် အစီအစဉ်များ အတွက် အစည်း အဝေးတစ်ရပ်ကို ကျင်းပခဲ့

မဂ်ျမာယေ ဂျဟာနီ အဟ်လေ့ဘိုက် (အ.စ) မှ အရေးကြီး အစည်းအဝေးပွဲ တစ်ခုအဖြစ်ကမ္ဘာ ရှီအာများ အပေါ် လူမဆန်သည့် တိုက်ခိုက်သတ်ဖြတ်မှု များကို ရပ်နိုင်ရန် အစီအစဉ်များ အတွက် ကျင်းပခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မဂ်ျမာယေ ဂျဟာနီ အဟ်လေ့ဘိုက် (အ.စ) ၏ အပြည်ပြည်ဆိုင်ရာ ဌာန ၏ ကြီးကြပ်စီစဉ်မှု ဖြင့်  နေရာ၊နေရာ များတွင် ဖြစ်ပွေားနေသည့် ရှီအာများ အပေါ် လူမဆန်သည့် တိုက်ခိုက်သတ်ဖြတ်မှု များကို ရပ်နိုင်ရန် အစီ အစဉ် များ အတွက် အရေးကြီး အစည်းအဝေး တစ်ခု အား တီဟီရန်မြို့ရှိ ဌာနချုပ် ရုံးတွင် ကျင်းပခဲ့ပါသည်။ ဤအစည်းအဝေး အားစက်တာဘာလ ၃၀ ရက်နေ့ကကျင်းပခဲ့ပြီး  အစိုးရ ဌာနဆိုင်ရာ တာဝန် ခံများ ၊ အခြား အစိုးရ အဖွဲ့အစည်းမဟုတ်သည့် အဖွဲ့ အစည်းများ၏ တာဝန် ရှိ အကြီး၏အကဲများ တက်ရောက် နေ ရာယူခဲ့ကြပါသည်။အစည်းအဝေးအစတွင် မဂ်ျမာယေ ဂျဟာနီ အဟ်လေ့ဘိုက် (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချု ပ် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွတ်စလေမီး (န) ဟစန်အခ်သရီ အနေဖြင့်ပြောကြားခဲ့ပါသည်။ နိုင်ငံရေး နှင့် ပဒေသရာဇ်စနစ် အရ ယခုနှစ်နောက်ပိုင်းတွင် ရှီအာများ အပေါ် ဖိနှိပ်မှုများပြုလုပ်လာတာ ၊နေရာနေရာများ တွင်  လူမဆန်စွာ ရက်စက်စွာ သတ်ဖြတ်ခဲ့လာတာ လူကြီးမင်းတို့ အသိပင် ဖြစ်ပါသည်။ ဆက်လက်၍ ၎င်း အနေဖြင့်ပြောကြားသည်မှာ ဤ လူမဆန်သည့် ရှီအာ အမျိုးပြုတ် သတ်ဖြတ်မှု ၊၎င်းတို့၏သွေးကို မြေသို့ကျအောင်ပြုသည့် သတင်းကို ကြားရလျှင် ကိုယ်ခန္ဓာ တစ်ခုလုံး ဝမ်းနည်းကြေကွဲ သည့်ခံစားရမှုနှင့်ပြည့်သွား ကြောင်း ဆိုလေ၏။မဂ်ျမာယေ ဂျဟာနီ အဟ်လေ့ဘိုက် (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွတ်စလေမီး (န) ဟစန်အခ်သရီ အနေဖြင့်ရှီအာရန်သူများ ဤလှုပ်ရှားမှုများ နှင့်စပ်နွယ်ပြီး ပြောကြားလေ သည်။ဤသို့ဖြစ်နေရခြင်းသည်ရှီအာအခြေအနေမကောင်းလို့၊အားနည်းပြီးညံ့လို့လုံးဝမဟုတ်ကြောင်းဆိုတာကို မှတ်သားစေလိုကြောင်း ၊ အီရန်နိုင်ငံအစ္စလာမ်မီတော်လှန်ရေးကြောင့်၊အေမာမ်ခိုမေနီ(ရ.ဟ) နှင့်ရဟ်ဗဲရ်အင်ကေလာဗ်၏မိန့်ခွန်များသြဝါဒတော်များကြောင့်ရှီအာများ သည့်အဖိနှိပ်၊အချုပ်အခြာ၊(အသတ်အဖြတ်ခံနေ)ရသည့်အကြားမှာပင်တစ်ကမ္ဘာလုံးတွင်မက်သဗ်ဗေအဟ်လေ့ဘိုက်(အ.စ)နောက်လိုက်များ ၊ ရှီအာယာနေအလီ (အ.စ) သည် ခေါင်းထောင် အောင်မြင်နေပေသည်။ ဒါကြောင့်လည်းရန်သူများအနေဖြင့်စစ်တိုက်ဖို့အားသန်နေကြပြီး၊ရှီအာဆန့်ကျင်ရေးလှုပ်ရှားများကို ပြုလုပ်နေကြသည်။                                      ပြီးနောက် ရှီအာ ရန်သူများဖြစ်ကြသည့် အဓိက ခေါင်းဆောင်များမှာ အမေရိကန် ၊အစ္စရေး ၊ဗြိတိသျှ တို့ဖြစ်ပြီး (၎င်းတို့မွေးထားသည့်ခွေးများဖြစ်ကြသည့်) အာလေစအူးဒ် ၊အာလေ ခလီဖွာ ၊ အာလေ စနီ ၊အလ်ကိုင်ဒါ စသည်တို့သည့် ရှီအာများကို ကြောက်လန့်စိုးရိမ်နေကြကြောင်း ပြောကြားခဲ့လေသည်။ပြီးနောက် ဟဇရသ် အာယာသွလ်လ္လာဟ် ဆရက်အလီဂိုင်ယူရီ ၊ မဂ်ျမာယေ ဂျဟာနီ အဟ်လေ့ဘိုက် (အ.စ) ၏ အပြည်ပြည်ဆိုင်ရာ တာဝန်ခံ ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွတ်စလေမီး (န) မိုဟမ္မဒ်စာလာ နှင့်တက်ရောက်လာသူအသီးသီးတို့မှ အဖိုးတန် အကြွဥာဏ်အသီးအသီး အမြင်အသီးသီးကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း အရေးကြီး ပွိုင့် အချက်အလက်များကို ထုတ်နိုင် ဆွေးနွေး နိုင်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။