၁ အောက်တိုဘာ ၂၀၁၃ - ၂၀:၃၀
ဟဇရတ်(သ) အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏  အေစ်သေဖ်သာအ်

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာမေး ။ အချို့ ဆိုက်ဒ် နှင့်အင်တာနက် သတင်းဌာနများတွင် ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော် (၂ပါး) နှင့်ပတ်သက်ပြီး မဖွယ်မရာ ၊မသင့်တော်သည့်စကားများရေးသား၍ကြင် ယာ တော်များ ၏ စာရိတ္တ နှင့်နွယ်ပြီး မသင့်တော်သည့် စွပ်စွဲမှုများ ပြုကြပါသည်။ ၎င်းတို့နှင့် စပ် လျဉ်း ပြီးလူကြီးမင်း၏ ဖသ်ဝါ ကို သိပါရစေ ခင်ဗျား ?ဤကဲ့သို့သော် ပုတ်ခပ်စော်ကားမှုများကြောင့်အစ္စလာမ်မီဖေရ်ကာများအားလုံးနှင့် မဇ်ဟဗ် အဟ်လေ့ဘိုက် (အ.စ) အကြား အပြင်းအထန်း မတည်ငြိမ်မှုများ၊ စိုးရိမ်ရမှုများ ၊မလုံခြုံမှုများ ၊စိတ်ဓာတ်ပိုင်းဆိုင်ရာဖိစီးခံရမှုများနှင့်ရင်ဆိုင်နေရကြောင်းလူကြီးမင်းအသိပင်၊ဖုံးဖိထားစရာ ပင်မလိုပါ ခင်ဗျား …

ဖြေ။။အဟ်လေ့စွန္နတ်ညီနောင်များအလေးအမြတ်ထားသည့်အရာများကိုစော်ကားခြင်း၊ပုတ် ခတ်ခြင်းသည်ဟရမ်ဖြစ်ချေသည်။ကိုယ်တော်မြတ်(ဆွ)၏ကြင်ယာတော်များကိုစွပ်စွဲခြင်းသည်အလွန်  တရာ ကြီး မားလေးလံသည် အပြစ်ဖြစ်ပေသည်။ ဤကဲ့သို့သော်လုပ်ရပ်သည်တမန်တော်မြတ်များ(အ.စ) အားလုံး ၏ကြင်ယာတော်များ အထူးသဖြင့် ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတောမျာ်း အတွက် တားမြစ်ထားချေသည်။

ဟဇရတ်(သ) အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ ဆိုက်ဒ်  (အူရ်ဒူ ) ကဏ္ဍ အေစ်သေဖ်သာအ် မှ