အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ- နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအွန်၏ ဦးးလေးဖြစ်သူ ဂျန်ဆွန်ထက်အား သီးခြားအာဏာတည်ထောင်မှု၊ ခြစားမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲပြီး မိန်းမလိုက်စားမှုများကြောင့် အမျိုးသားကာကွယ်ရေး ကော်မရှင် ဒုတိယဥက္ကဌရာထူးမှ ထုတ်ပယ်လိုက်သည်ဟု မြောက်ကိုရီးယားနိုင်ငံမှ ယနေ့တွင် အတည်ပြုကြေညာခဲ့သည်။
ဂျန်ဆွန်ထက်မှာ ၂၀၁၁ခုနှစ်က ကင်ဂျုံအွန်အာဏာရပြီးနောက်ပိုင်း ကင်ဂျုံအွန်အနီးတွင်သာ တွေ့ရလေ့ရှိပြီး ကင်ဂျုံအွန်အား ကြိုးကိုင်နေသူအဖြစ် အချို့က ရှုမြင်ကြသည်။
ဂျန်ဆွန်ထက် အား ရာထူးမှ ဖယ်ရှားလိုက်ကြောင်းကို ဒီဇင်ဘာ ၃ ရက်နေ့ ကတည်းက တောင်ကိုရီးယား ထောက်လှမ်းရေးများမှ ကြေညာခဲ့ပြီး မြောက်ကိုရီယားက ယနေ့မှ အတည်ပြုခဲ့သည်။
ပုံစာအညွှန်း- ရာထူးမှ ဖယ်ရှားခံရသည့် ဂျန်ဆွန်ထက်(အဝိုင်းဖြင့်ပြထားသူ)အား အာဏာရှင် ကင်ကျုံအွန်နှင့်အတူတွေ့ရစဉ် Ref:CNY