အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ
၂၀၁၄ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အမေရိကန်တပ်များ ဆက်လက်ရှိနေမည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန်ဆိုင်းငံ့ထားသည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းမှာ အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တနင်္ဂနွေနေ့က သဘောတူညီခဲ့သည်ဟု သိရသည်။
တဟီရန်သို့ရောက်ရှိနေသည့် ကာဇိုင်းမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိစ္စရပ်များအား မကြာမီ လက်မှတ်ထိုးသွားမည်ဟု ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အိုင်မယ် ဖိုင်ဇီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လကလည်း အာဖဂန်နိုင်ငံမှာ အီရန်နှင့် လုံခြုံရေးကိစ္စရပ်များကို အသားပေးထားသည့် မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားသည်။
Ref: Reuters