၁၄ ဒီဇင်ဘာ ၂၀၁၃ - ၂၀:၃၀
ရန်ကုန်တက္ကသိုလ်အတွက် အလှူရှင်မလိုဟု ပါမောက္ခချုပ်ဆို

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ By မင်းအောင်မြင်(မြစ်မခ)

ရန်ကုန်တက္ကသိုလ် ပြင်ဆင်မွန်းမံမှုများဆောင်ရွက်ရာတွင် အလှူရှင်များလိုအပ်နေသည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ ဌာနမှူး ဒေါက်တာ ဦးလှဆွေ၏ ပြောစကားအပေါ် တက္ကသိုလ်ဆရာ ဆရာမများနှင့် ၀န်ထမ်းများအကြား ဝေဖန်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်တက္ကသိုလ်ဝန်ထမ်းများထံမှ သိရသည်

နှစ်ပေါင်းများစွာ ဖွင့်လှစ်ခြင်းထားခြင်း မရှိသော ရန်ကုန်တက္ကသိုလ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ (၂)ရက်နေ့မှ စတင်၍ နယ်ပေါင်းစုံမှ ပထမနှစ်ကျောင်းသားများကို ပြန်လည်တက်ရောက် ပညာသင်ကြား ခွင့်ပြုခဲ့သည့် အတွက် စာ သင်ခန်းများနှင့် ကျောင်းသားအဆောင်များအား ပြန်လည် ပြုပြင်မှုများ ပြုလုပ်ရာတွင် အလှူငွေ များလည်း လိုအပ်နေသလို အလှူရှင်များပေါ်ပေါက်လာပါက ယခုထက် ပိုမိုကောင်းအောင် လုပ်ဆောင်နိုင်မည် ဟု ဒေါက်တာ ဦးလှဆွေမှ ပြောကြားခဲ့သည်ကို ရန်ကုန်တက္ကသိုလ် ဆရာ/ ဆရာမများနှင့် ၀န်ထမ်းများအကြား ဝေဖန်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

'အလှူရှင်တွေဆီက အလှူငွေတွေတောင်းပြီး သူကဘာလုပ်ဖို့လဲ။ စေတနာရှင်တွေက လှူတဲ့ငွေဆို တော့ သူတို့ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပြီး ပြောတာနေမှာပေါ့'ဟု ရန်ကုန်တက္ကသိုလ်တွင် အနှစ်၂၀ ကြာ တာဝန် ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တက္ကသိုလ်၌ အောက်မြန်မာပြည်မှ ပထမနှစ်ထူးချွန် ကျောင်းသားအယောက် တစ်ထောင် အတွက် စာသင်ခန်းများပြင်ဆင်မှုနှင့် ရန်ကုန်မြို့ မဟုတ်သော နယ်မှ ကျောင်းသား ကျောင်းသူ များကို အဆောင်နေခွင့်ပေးနိုင်ရန်အတွက် အဆောင်များကို ပြင်ဆင်နေကြောင်း သိရသည်။

'အလှူငွေလိုတယ်လို့ ပြောတာကလည်း သူကကျောင်းသားရေးရာကဌာနမှူး ဆိုတော့ သူ့မှာလည်း အစိုးရကို တင်ပြလို့မရတဲ့ကျောင်းနဲ့ ပတ်သက်ပြီးပြင်ဆင်စရာကိစ္စလေးတွေရှိလို့နေ့မှာပါ။'ဟု ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက ပြောသည်။

ရန်ကုန်တက္ကသိုလ် စာသင်ခန်းများနှင့် ကျောင်းသားအဆောင်များ ပြန်လည်ပြင်ဆင်မှုနှင့် ပတ်သက်၍ ကုန်ကျမည့် ငွေကြေးပမာဏကို အင်ဂျင်နီယာအဖွဲ့များနှင့် သေချာတွက်ချက်ပြီး တင်ပြလျှင်ကုန်ကျမည့် ငွေကြေးပမာဏအားလုံးကို နိုင်ငံတော်အစိုးရမှ ချထားပေးကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးတင်ထွန်းထံမှ သိရသည်။

 

'ရန်ကုန်တက္ကသိုလ် ပြင်ဆင်မှုအတွက် ကုန်ကျစရိတ်တွေကို နိုင်ငံတော်အစိုးရဆီမှာ လိုသလောက် တောင်းလို့ ရတယ်။ ကုန်ကျမယ့် ငွေပမာဏကို တွက်ချက်ပြီးတင်ပြရင်လည်း တင်ပြသလောက် ငွေကို အကုန်ချပေးတယ်။ ဘယ်အလှူရှင်မှ မလိုအပ်ပါဘူး။'ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ဦးတင်ထွန်းက ပြောသည်။

ရန်ကုန်တက္ကသိုလ်၌ ပထမနှစ်ထူးချွန်ကျောင်းသားများကို မေဂျာတစ်ခုလျှင် လူဦးရေအယောက် ၅၀ နှုန်းဖြင့် မေဂျာ ၂၀ ခုအတွက် ကျောင်းသားကျောင်းသူ အရေအတွက်တစ်ထောင်ကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်မခ သတင်းအေဂျင်စီအနေနဲ့ သတင်းမီဒီယာလုပ်ငန်းများအတွက် ပုံနှိပ်မီဒီယာများအတွက် သတင်းများ၊အွန်လိုင်းမီဒီယာများအတွက် သတင်းများ၊ အသံလွှင့် လုပ်ငန်းများတွက် သတင်းများနှင့် တယ်လီဗေးရှင်းသတင်းဋ္ဌာနများအတွက် ရုပ်သံသတင်းများကို ၀န်ဆောင်မှု ပေးလျက်ရှိတဲ့ အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အောက်ပါလုပ်ငန်းများကိုလည်း တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။  (1) Media Research & Data Collection  (2) Business and Market Survey  မိတ်ဆွေတို့ရဲ့ လုပ်ငန်းများတိုးတက်အောင်မြင်နိုင်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်များကို မြစ်မခ မီဒီယာက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ပါတယ်။  မိတ်ဆွေတို့ရဲ့ အောင်မြင်မှုအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိရေးကိုလည်း မြစ်မခ မီဒီယာက မျှော်လင့်လျက်ပါ။  မြစ်မခ မီဒီယာ၊ မြစ်မခ သတင်းအေဂျင်စီ။ ရွှေမြစ်မခ မီဒီယာဂရု ကုမ္ပဏီလီမီတက်ခ်။ တိုက် ၁၇၊ အခန်း ၇၉+ ၈၀၊ ပြည်ရိပ်မွန်အိမ်ယာ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ဖုန်း - ၀၁ ၅၃၈၂၈၄, ၀၉ ၇၃၀၇၆၅၇၆, ၀၉ ၄၉၂၈ ၄၇၅၇, ၀၉ ၇၃၂၀ ၅၃၂၇ info@myitmakhamediagroup.com service@myitmakhamediagroup.com lawinthit@myitmakhamediagroup.com