၁၈ ဒီဇင်ဘာ ၂၀၁၃ - ၂၀:၃၀
အူမ္မူလ်ဘနီးန် - သားများ၏မိခင်

အစ္စလာမ့်သမိုင်းတလျှောက်လုံးတွင်သဘာဝကျသောလူမှုရေးနှင့်သာသနာ့နယ်ပယ်များတွင်စံထားလောက်အောင်

ပြည့်စုံသော အမျိုးသမီးတို့၏နမူနာမှာနည်းလှပေသည်။ အဓိကဦးဆောင်အမျိုးသမီးလေးဦး( မရီယာမ်၊ အစီယာ၊

ခတီဂျာနှင့်ဖါတီမာဇဟရာ ( အလိုင်ဟူမူစ္စလာမ် ) အပြင်အချို့သောအမျိုးသမီးများသည်လည်းအစ္စလာမ်သာသနာ

ကိုတစ်ဖက်တစ်လမ်းမှကူညီခဲ့ကြသည်။  ယနေ့အချိန်ထိတိုင်တန်ဖိုးထား၍မြတ်နှိုးလေးစားခံရသောမူဆလင်(မ)

အမျိုးသမီးများအနက်အူမ္မူလ်ဘနီးန်ဟုလူသိများသောဟီဇမ်ဘင်ခါလီဒ်လင်ရဘီး၏သမီးဖြစ်သူဖါတီမာသည်လည်း

တစ်ဦးဖြစ်သည်။ အူမ္မူလ်ဘနီးန်ကိုဟီဂျရီ၅ခုနှစ်တွင်မွေးဖွားခဲ့သည်။

 

 

Asiya bint Muzahim  အာစီယာဘင်တီမူဇာဟီးမ် -  ဖီးရ်အောင်န် Fir'oun ၏ ဇနီး။

Maryam  -  ဟဇရသ်အီစာ(အ.စ)၏မိခင်တော်

Khatija  -  တမန်တော်မြတ်မူဟမ္မဒ် (ဆွ)၏ဇနီးတော် 

Khadijah al-Kubra  binti   Khuwaylid   ibn  Asad ibn Abdul-`Uzza ibn Qusayy

သူမ၏သတ္တိ၊သူမ၏ဘာသာတရားကိုင်းရှိုင်းမှုနှင့်တမန်တော်မြတ်(ဆွ)နှင့်အဟ်လူးလ်ဘိုင်တ်(အ.စ)  အပေါ် တာဝန်ကျေပြွန်မှုတို့ကြောင့်ထိုအဆင့်တွင်ရပ်တည်နိုင်ခြင်းဖြစ်သည်။ အူမ္မူလ်ဘနီးန်သည်မြင့်မြတ်သော ဟာရှီမီမျိုးနွယ်စုမှဘနူကီလာဟ်အမျိုးအနွယ်မှဆင်းသက်လာသူဖြစ်သည်။ ထိုမျိုးနွယ်စုမှစစ်သည်များ သည်ရဲရင့် သတ္တိနှင့်ပြည့်စုံ၍ကျော်ကြားသည်။ အီမာမ်အလီ(အ.စ)သည်မျိုးရိုးစဉ်ဆက်ပညာရှင်ဖြစ်သူ အကိုတော်အကီးလ် ဘင်အဘီ သွာလီဗ်အားရဲရင့်သတ္တိနှင့်ပြည့်စုံသည့်မျိုးနွယ်မှအမျိုးသမီးတစ်ဦးနှင့်လက်ထပ်လိုသည့်အကြောင်းပြောခဲ့

ရာအကီးလ်ကဖါသီမာဘင်တီဟဇမ်ဘင်ခါလီးဒ်ကိုအကြံပြုခဲ့၍ထို့နောက်တွင်အီမာမ်အလီ(အ.စ)သူမအားလက် ထပ်ခဲ့သည်။

ဖါတီမာဘင်တီဟဇမ်သည်အီမာမ်အလီ(အ.စ)အိမ်သို့ရောက်သောအခါသူမအားဖါတီမာဟုခေါ်ဆိုခြင်းမပြုရန်အိမ်သူ အိမ်သားများကိုမေတ္တာရပ်ခံခဲ့သည်။ သူမသည်တမန်တော်မြတ်(ဆွ)၏အဟ်လူလ်ဘိုင်တ်(အလိုင်ဟူမူစ္စလာမ်)အပေါ်

အလွန်အချစ်မေတ္တာထားသူဖြစ်သည်။ သူမကိုယ်သူမကျေးကျွန်နေရာထား၍ ဟဇရသ်ဖါတီမာဇဟ်ရာ(ဆ.အ)၏ သားသမီး များကိုပြုစုဆက်ဆံခဲ့သည်။ ထိုနည်းအတူဖါတီမာဇဟ်ရာ(ဆ.အ)၏သားသမီးများကလည်းသူမကိုသူတို့၏

မိခင်အရင်းသဖွယ်ချစ်မြတ်နိုးခဲ့ကြသည်။  သူမသည်ဟဇရသ်ခတီဂျာကွယ်လွန်ပြီးသည့်နောက်အူမ္မီစလ်မာဟ်တမန်

တော်မြတ်(ဆွ)ကိုအလုပ်အကျွေးပြုခဲ့သည့်အတိုင်းအီမာမ်အလီ(အ.စ)ကိုထိုသို့ပင်အလုပ်အကျွေးပြုခဲ့သည်။

 

ဖါတီမာဘင်တီဟဇမ်သည်အီမာမ်အလီ(အ.စ)အတွက်ရဲရင့်သတ္တိနှင့်ပြည့်စုံသောသား၎ဦးမွေးဖွားပေးခဲ့သည်။ သူမသည်မိမိကိုအူမ္မူလ်ဘနီးန်ဟုသာခေါ်ဆိုပါရန်မေတ္တာရပ်ခံခဲ့သည်။ သားများ၏မိခင်ဟူသောအမည်နှင့် အညီ မွေးဖွားခဲ့သောသား၎ဦးမှာ - ဘနီဟာရှီမ်၏လမင်းသဖွယ်ဖြစ်သော၊ရဲရင့်သတ္တိနှင့်ပြည့်စုံသော၊လိုအင်ဆန္ဒပြည့်ဝ စေမှု၏တံခါးဝဖြစ်သော အဘူဖဒလ် အလ်အဘားစ္စ်(အ.စ)၊ အဗ်ဒူလ္လာဟ်၊ ဂျာအဖရ်နှင့်အူစ်မာန် တို့ဖြစ်ပါသည်။

အူမ္မူလ်ဘနီးန်သည်သူမ၏သားများကိုတမန်တော်မြတ်(ဆွ)နှင့်အဟ်လူးလ်ဘိုင်တ်(အ.စ)ကိုအချစ်တရားနှင့်သစ္စာ

ထားပြီးအစ္စလာမ်အတွက်မည်သည့်တာဝန်ကိုမဆိုထမ်းဆောင်ရန်လမ်းညွန်မှုများအစဉ်ပြုခဲ့သည်။မိခင်၏ကိုယ်ကျိုး

စွန့်လွတ်မှု၊သတ္တိပြောင်မြောက်မှုများကြောင့်သာသူမ၏သားများသည်ကိုယ်ကျင့်တရားကောင်း၍မွန်မြတ်သည့်လုပ်

ရပ်များကိုကရ်ဘလာတွင်ပြသခဲ့ကြခြင်းဖြစ်သည်။

 

အဖိုးတန်သား၎ဦးလုံးသည်ကရ်ဘလာ၌အီမာမ်ဟူစိုင်န်(အ.စ)ကိုကာကွယ်ရင်းအသက်စတေးခဲ့ကြသည်။ အူမ္မူလ်

ဘနီးန်သည်အီမာမ်ဟူစိုင်န်(အ.စ)ကိုသူမ၏သားများထက်ပိုမိုချစ်မြတ်နိုးသည်။ ရှဟီဒီသား၎ဦး၏မိခင်သည်

ကရ်ဘလာ၏သတင်းကိုကြားကြားချင်းမိမိ၏သားများအကြောင်းမစုံစမ်းပဲအီမာမ်ဟူစိုင်န်(အ.စ)ကိုသာပထမဦးစွာ

မေးမြန်းခဲ့သည်။  အူမ္မူလ်ဘနီးန်သည်မဒီနာမြို့တော်မှအမျိုးသမီးများကိုစုစည်းဖိတ်ခေါ်ခါအီမာမ်ဟူစိုင်န်(အ.စ)

အတွက်မဂျလီးဇ်ကိုမဒီနာမြို့တော်တွင်ပထမဆုံးကျင်းပခဲ့သည်။

 

အူမ္မူလ်ဘနီးန်သည်အလ်ဘကီ သုဿာန်သို့သွားလေ့ရှိပြီးဝမ်းနည်းကျေကွယ်ဖွယ်ကောင်းသောကဗျာများကိုဖတ်ရွတ်

လေ့ရှိပါသည်။  တစ်နေ့တွင် အဟ်လူလ်ဘိုင်တ်(အ.စ)၏ရန်သူရက်စက်ယုတ်မာသောမရ်ဝါန်ဘင်န်ဟကီးမ် ဖြတ်သွား  စဉ်အူမ္မူလ်ဘနီးန်၏ငိုချင်းကဗျာကိုကြားသောအခါစိတ်မထိန်းနိုင်ပဲသူကိုယ်တိုင်ငိုကြွေးခဲ့သည်။ သူမ၏ကဗျာများ၊ ငို ကြွေးမြည်တမ်းခြင်း များသည်အရဗီစာပေ၏ထူးကဲကောင်းမွန်သည့်မူရင်းလက်ရာများဟုမှတ်တမ်းတင်ထားကြသည်။ အူမ္မူလ်ဘနီးန်သည်ဂျန္န အလ်ဘကီး ကို အီမာမ်ဟူစိုင်န်(အ.စ)နှင့်မဇ်လူးမ်မိသားစုအတွက်မဂျလီးဇ်ပြုလုပ်သည့် ဟူစိုင်နီယား အဖြစ်ပြောင်းလဲခဲ့သည်။


ဟဇရသ်အူမ္မူလ်ဘနီးန်သည် ဂျမာဒီး အလ် စာနီ ၁၃ရက်၊ ဟဂျရီ ၆၄ခုနှစ်တွင်ကွယ်လွန်ခဲ့ပြီးမဒီနာမြို့တော်ရှိဂျန္နသ်

အလ်ဘကီးဥယျာဉ်တော်(သုသာန်)တွင်မြှုပ်နှံထားသည်။

 

ဘာသာပြန်သူ -  MSM  အသင်းဝင်တစ်ဦး


http://www.abna.ir/data.asp?lang=3&id=412436

http://islamicinsights.com/religion/religion/the-mother-of-her-sons...