အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တန်ပြန် အကြမ်းဖက် တိုက်ဖျက်ရေးဌာန – International Center for Counterterrorism (ICCT) သို့ ဆော်ဒီအာရေဗျမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို လှူဒါန်းလိုက်သည်။
၎င်းအလျင်ကလည်း ဆော်ဒီဘုရင့်နိုင်ငံသည် နယူးယော့ခ်အခြေစိုက် ICCT တည်ထောင်ရေးအတွက် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ခဲ့၏။
ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အားထုတ်ခြင်းအပေါ် အားပေးပါဝင်သောအားဖြင့် အလှမ်းကျယ်စွာကူညီမှုအပေါ် မြင့်မြတ်ဝတ်ကျောင်းတော်နှစ်ခု၏ ထိန်းသိမ်းသူဖြစ်သော ဘုရင် အဗ်ဒုလ္လာဟ်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ဆွစ်ဇာလန်၊ Montreux မြို့၌ ဗုဒ္ဓဟူးနေ့က စတင်သော ဂျီနီဗာ ၂ ကွန်ဖရင့် မကျင်းပမှီ အင်္ဂါနေ့တွင် ဘန်ကီမွန်းနှင့် ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီး မင်းသား စအူးဒ် အလ် ဖိုင်ဆဲလ်တို့ တွေ့ဆုံစဉ်ဝယ် ယင်းသို့ ချီးမွှမ်းလိုက်ခြင်းဖြစ်သည်။
ဆီးရီးယားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် လွန်ခဲ့သောသုံးနှစ်ကစပြီး အဆက်မပြတ်ဖြစ်ပွားလာသော ဆီးရီးယားအကြပ်အတည်းအား အလျဉ်အဆုံးသတ်ရန် အပါအ၀င် အရေးအရာများစွာကို ၎င်းတို့မှ ဆွေးနွေးခဲ့ကြသည်။ အထက်ပါစင်တာဌာနအား တည်ထောင်ရန် ၂၀၀၅ ခုနှစ်တွင် ဆော်ဒီအာရေဗျမှ အစပြုနှိုးဆော်ခဲ့ပြီး၊ ၎င်းကို ပုံဖော်နိုင်ရေး သဘောတူညီချက်တစ်ရပ်ကို ကုလသမဂ္ဂနှင့် ၂၀၁၁ ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Source : IINA
.......................................................................
ဤနေရာတွင် ဆော်ဒီ တို့၏ မျက်နှာ အစစ်ကို သိနိုင်ပေသည်။ ကိုလိုနီ အစ္စလာမ့်ရန်သူ အစ္စရေးတို့၏ အဖိနှိပ်ခံ နေရသည့် ပါလက်စတိုင်း များကို မည်မျှ လှူဒါန်းခဲ့ဖူးပါသနည်း ....? လက်ရှိ မိမိတို့ ဆော်ဒီ အနေဖြင့် ဆီးရီးယား သမ္မတ ကို မကြိုက်၍ သောင်းကြမ်းသူ အဖျက်သများ သက္က်ဖီူရီးများလွတ်ါဠတ်ပေးနေမှု ၊ လက်နက် ငွေရေးကြေးရေးကူညီမှု ၊အီရတ်၊ပါကစ္စတန် ၊ အာဖဂန်တွေ ရှီအာ မျိုးပြုတ်တိုက်ဖျက်၊တိုက်ခိုက်ရေး အတွက် ကူညီ ထောက်ပံ့မှုမျာူကို အဘယ်ကြောင့် ကမ္ဘာသိအောင် ? ဒုက္ခရောက်ဆီးရီးယား မွတ်စလင်များ ကိုကော် မကူညီရပါသနည်း ? (အဗ်နာ)