အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ယခုလ 23 ရက်မှ 29 ရက်နေ့အထိ ဒလမြို့နယ်၊ ရာဇသင်္ကြန် ရပ်ကွက် တွင် ၉၆၉ အထူးတရားပွဲပြုလုပ်နေပါသည်။ ထိုတရားပွဲမှ မတရားစွာဟောပြောနေပါသည်။ မနေ့ညက ဟောပြောသော MRTV - 4 ဆရာတော်မှာ...ဘာသာ၊ သာသနာ အတွက် လူသတ်ဝံ့ရမည် ၊မြန်မာနိုင်ငံမှာ အသားမည်းသောလူများ မရှိအောင်အပြတ်ရှင်းရမည်၊ အစိုးရကနေရာပေးထားလို့ကုလားတွေဟာလူပါးဝနေကြောင်း၊ ဘယ်သူ့ကိုမှကြောက်နေစရာမလိုဘူး သတ်ရဲရမည်ဟု ဟောပြောနေပါသဖြင့် မြို့နယ် ရဲမှူးမှ လာရောက်တားဆီးရသည်အထိဖြစ်သွားခဲ့ပါသည်။ထိုအပြင် ဆိုက်ကားများ၊ ဆိုင်ကယ်များဖြင့်ဒလ မှာရှိတဲ့ကုလားမှန်သမျှ သင်္ကြန်မတိုင်ခင်အကုန် ရှင်းပြစ်မည်ဟု အော်ဟစ်ပြီး ဒလမြို့ကို လျှောက်ပတ်နေသဖြင့် အနီးနားမှ အစ္စလာမ်ဘာသာဝင် များမှ စိုးရိမ်နေကြပါတယ်။ယခုညတွင်လည်း ဘာတွေထပ်ဖြစ်မလဲမသိဟုစိုးရိမ်သောကနဲ့ သတင်းပေးပို့ထားပါတယ်။
အလ္လာဟ်ရှင် ဒလမြို့မှ အစ္စလာမ်ဘာသာဝင်များကို စောင့်ရှောက်တော်မူပါ ။။။။အာမိန်းးးးးး