၁၄ ဧပြီ ၂၀၁၄ - ၁၈:၅၂
ဘာရိန်းရှိ မင်းညစ် အာလေခလီဖာ (လ.န) ၏ကြေးစားတပ်များ မှ အာယာသွလ္လာဟ် စစ်သာနီ ရုံးကို တိုက်ခိုက်ခဲ့

သတင်းအရ ဘာရိန်းရှိ မင်းညစ် အာလေခလီဖာ (လ.န) ၏ကြေးစားတပ်များ မှ အာယာသွလ္လာဟ် စစ်သာနီ ရုံးရှိ အာလင်မ် နှစ်ပါးကို ဖမ်းဆီးချုပ်နှောင်ပြီးCID ရုံးတွင် ၆နာရီ ကြာထားရှိပြီး မရိုမသေပြုမှု စော်ကားမှုများ ကို ပြုခဲ့ကြောင်း သိရှိခဲ့ရပါသည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
အလ်အာလာမ် သတင်းဌာန ၏ သတင်းအထောက်အထားအရ ယနေ့ မနက်တွင် ဘာရိန်းရှိ မင်းညစ် အာလေခလီဖာ (လ.န) ၏ကြေးစားတပ်များ မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက် အလီဟိုစိုင်း စစ်သာနီ ၏ ကိုယ်စားလှယ်တော်  အာယာသွလ္လာဟ် ဟိုစိုင်း အလ်နဂျာနီ ထိုင်သည့် ရုံးကို တိုက်ခိုက်ခဲ့ ပါသည်။ရုံးကို တိုက်ခိုက်စဉ် အတွင်းရှိ အာလင်မ် နှစ်ပါး ကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ကြလေသည်။
ဆက်လက်ပြီး ၎င်း အာလင်မ် နှစ်ပါး အား CID ရုံးခန်းတွင် ၆နာရီ ကြာထားရှိပြီး မရိုမသေပြုမှု စော်ကား မှုများ ကို ပြုခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ဘာရိန်းရှိ လူ့အခွင့်အရေး အဖွဲ့မှ ဤတိုက်ခိုက်မှု ကို ပြစ်တင် ရှုံ့ ချပြီး သာသနာ့ အဖွဲ့အစည်းများ ကို ဤ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက် အလီဟိုစိုင်း စစ်သာနီ ရုံး ၏တိုက်ခိုက်မှု အတွက် ပြစ်တင် ရှုံ့ ချဖို့ နှင့် ဘာရိန်း မင်းစိုးမင်းညစ်အာဏာရှင် အနေဖြင့် အဲဟ်လေ့ဘိုက်သ် (အ.စ) နောက်လိုက် ရှီအာ အေမာမ်မီယာ နှင့်ဆက်နွယ်ပြီး မည်သည့် ဆန်ကျင့်ဖက် ပြုမှု များ ကိုမပြုဘဲ  ၊ လုပ်ရပ်မှ ရပ်ရန် မေတ္တာ ရပ်ခံ နိုးဆော် ခဲ့  ကြောင်း သတင်းရရှိ ပါသည်။