နာမည်ကျော် ခရစ်ယာန် အဆိုတော် တစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ တိုင်းပြည်၊သာသနာနှင့်လူမျိုး ကို ခုခံကာကွယ် နေသည့် ဟစ်ဘွလ္လာဟ် တပ် တွင် ဝင်ရောက်
နာမည်ကျော် ခရစ်ယာန် အဆိုတော် တစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ တိုင်းပြည်၊သာသနာနှင့်လူမျိုး ကို ခုခံကာကွယ် နေသည့် ဟစ်ဘွလ္လာဟ် တပ် တွင် ဝင်ရောက်လာကြောင်း လက်ဘနွန် နိုင်ငံ အခြေဆိုက် (( အလ်ဂျဒီးဒ်) ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
အဲဟ်လေ့ဘိုက်သ် (စ.အ) သတင်းဌာန၊ အဗ်နာ
နာမည်ကျော် ခရစ်ယာန် အဆိုတော် တစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ တိုင်းပြည်၊သာသနာနှင့်လူမျိုး ကို ခုခံကာကွယ် နေသည့် ဟစ်ဘွလ္လာဟ တပ် တွင် ဝင်ရောက်လာကြောင်း လက်ဘနွန် နိုင်ငံ အခြေဆိုက် (( အလ်ဂျဒီးဒ်) ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
(အလ်ဂျဒီးဒ်) ရုပ်မြင်သံကြားမှ ဤအဆိုတော် ၏ သတင်းအကျယ်တဝင့် ကို တင်ပြပြီး နာမည်ကျော် ခရစ်ယာန် အဆိုတော် ဖြစ်သည့် ဝလီးဒ်စရ်ကက်စ် သည် ပထမတွင် ရုပ်မြင်သံကြားများ၏ အစီအစဉ်များ စသည်တို့တွင်နေရာယူ လှုပ်ရှားခဲ့ သော်လည်း ယခုအခါ ၊တိုင်းပြည်၊သာသနာနှင့်လူမျိုး ကို ခုခံကာကွယ် နေသည့် ဟစ်ဘွလ္လာဟ် တပ် ယူနီဖောင်း အဝတ်ကို ဝတ်ဆင်ပြီး ဆီးရီးယား နိုင်ငံ ရှိ (မအ်လူလာ ) ဒေသတွင် ဟစ်ဘွလ္လာဟ် တပ်သို့ဝင်ရောက် နေရာယူလိုက်ပြီး ဖြစ်ကြောင်း သိရှိ ရပါသည်။
(အလ်ဂျဒီးဒ်) ရုပ်မြင်သံကြားမှ နာမည်ကျော် ခရစ်ယာန် အဆိုတော် ဖြစ်သည့် ဝလီးဒ်စရ်ကက်စ် အားဘာကြောင့် ဟစ်ဘွလ္လာဟ် တပ်သို့ ဝင်ရောက်ရကြောင်းမေးမြန်းခဲ့ရာ ၎င်း အနေဖြင့် အဖြေပေးခဲ့ လေသည်။
…တကယ်တော့ ကျွန်တော်ဟာ ဆီးရီးယား နိုင်ငံသား ဖြစ်ပါတယ် ။ ဒါပေမဲ့ လက်ဘနွန် မှာနေပါတယ် … အခု ကျွန်တော်နိုင်ငံကို ကာကွယ်ဖို့ သမိုင်းပေး တာဝန် ကျွန်တော် ဆီ မှာ ရှိနေတယ်လေ … ဒါကြောင့် အခု ဝင်ရောက် ပြီး တာဝန် ယူရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။
ဆက်လက်ပြီး (အလ်ဂျဒီးဒ်) ရုပ်မြင်သံကြားမှ … လူကြီးမင်းလို အဆိုတော် တစ်ဦးက ဘာကြောင့် စစ်တိုက်လိုရတာလဲ ဟုဆက်လက်မေးမြန်းရာ …. ၎င်းမှ အဖြေပေးသည်မှာ ….
ဆီးရီးယားနိုင်ငံ မှာ ကျွန်တော်တို့၏ အသက်များ ၊ ပစ္စည်း ဥစ္စာများ သတ်ဖြတ်၊လုယူနေကြတယ်လေ … ကျွန်တော်တို့၏ အမေအမများကို ဖျက်စီးနေကြတယ် … ဒီလိုအချိန်မှာ ကျွန်တော် အဆိုတော် လုပ်နေရမှာလားခင်ဗျား …? ကျွန်တော် အရှက်တရား တို့ မျိုးချစ်စိတ်တို့ ထားလို့မရဘူးလားခင်ဗျား ? ..သောင်းကြမ်းသူအဖျက်သမားတွေ အစွန်းရောက်တွေနဲ့ စကားပြောလိုလဲ အလကားပါဘဲဗျား … သူတို့နဲ့ စစ်တိုက်ဖို့လမ်းဘဲ ကျန်တော့တယ်လေ….. ( ဒါကြောင့်ဒီလမ်းကို ရွေးတာပါ …)
မှတ်သားစရာ အချက်မှာ လွန်ခဲ့သည့် တစ်ပတ်ကျော် လောက်က လက်ဘနွန် နိုင်ငံအခြေဆိုက် ((အလ်မီနာ ))ရပ်မြင် သံကြား ၏ အဖွဲ့ဝင်များကို သောင်းကြမ်းသူအဖျက်သမား၊ အစွန်းရောက်သက္က်ဖီးရီးများ မှ သေနတ်နှင့် လူမဆန်စွာ ပစ်သတ်ခဲ့ချိန်တွင် ဤ နာမည်ကျော် ခရစ်ယာန် အဆိုတော် ဝလီးဒ်စရ်ကက်စ်လည်း ရှိနေခဲ့ပြီး အထူးကိုခံစားလိုက်ရသူဖြစ်ပါသည်။

ا

...................