၂၅ ဧပြီ ၂၀၁၄ - ၀၂:၁၄
ဗုဒ္ဓရုပ်ပုံဆေးမင်ကြောင် ထိုးထားသူ ဗြိတိန်အမျိုးသမီးကို သီရိလင်္ကာ ပြည်နှင်ဒဏ်ပေး

အောက်ပါသတင်းလေးကို အသေအခြာဖတ်ကြည့်ပါ ။ ကိုယ်ဘာသာကြတော့ ဆေးမင်ကြောင် လောက်ထိုးတာတောင် သည်းမခံနိုင်ကြဘူး …. သူများဘာသာကြတော့ ဗလီတွေ ဖျက်စီး၊ မီး ရှို့ ၊ စော်ကား ၊ဘာသာခြားတွေကို ရက်ရက်စက်စက် သတ် စုံလိုပါဘဲ …. ဒါတောင် အရေး မယူပေးကြဘူး။ တော်တော်တရားတဲ့သူတွေဘဲဗျား …. ။ တရားယူဖို့ကောင်းလိုက်တာ … ။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ဗုဒ္ဓမြတ်စွာ ဘုရားပုံတော်ကို ခန္ဓာကိုယ်တွင် ဆေးမင်ကြောင် ရေးထိုးထားသည့်  ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့် တိုးရစ်တစ်ဦးကို ပြည်နှင်ဒဏ်ပေးရန် သီရိလင်္ကာနိုင်ငံ အာဏာပိုင်များက အမိန့်ချ မှတ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြ သည်။
အဆိုပါ ဗြိတိန်နိုင်ငံသူ အမျိုးသမီးသည် တနင်္လာနေ့တွင် အိန္ဒိယမှ သီရိလင်္ကာနိုင်ငံသို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး အာဏာပိုင်များက ၎င်း၏ ညာဘက်လက်မောင်း၌ ဗုဒ္ဓရုပ်ပုံနှင့် ပဒုမ္မာကြာပန်းပုံ ဆေးမင်ကြောင် ထိုးထားသည်ကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်သည်။
နာအိုမီကိုးလ်မန်းဟု အမည်ရသည့် ယင်းဗြိတိန် နိုင်ငံသူကို ပြည်နှင်ဒဏ် မပေးမီ လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထားသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကိုလံဘိုမြို့တော်ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ မဟာမင်းကြီးကို ဆက်သွယ် မေးမြန်းရာ ၎င်းအနေနှင့် ကောင်းစွာ သိရှိထားပြီ ဖြစ်ကြောင်း၊ နာအိုမီကိုးလ်မန်းအတွက် သင့်တော်သည့် ကောင်စစ်ဝန်ဆိုင်ရာ ကူညီ ပံ့ပိုးမှုများ ပေးထားကြောင်း ဖြေကြားသည်။
သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာအပေါ် စော်ကားသည့် အပြုအမှုများနှင့် ပတ်သက်၍ ပြင်းထန်စွာ အရေးယူလေ့ရှိသည့် နိုင်ငံဖြစ်ပြီး သီရိလင်္ကာ ပြည်သူ အများစုမှာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ပြီးခဲ့သည့် မတ်လကလည်း ဗြိတိန်နိုင်ငံသား တိုးရစ်တစ်ဦးမှာ ထိုသို့ပင် လက်မောင်း၌ ဗုဒ္ဓပုံ ဆေးမင်ကြောင် ရေးထိုးထားသောကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။
အာဏာပိုင်များက အဆိုပါ ဗြိတိန် နိုင်ငံသားသည် ယင်းဆေးမင်ကြောင်နှင့် ပတ်သက်၍ မေးမြန်းရာ၌ ယဉ်ကျေးမှု ကင်းမဲ့စွာ တုံ့ပြန် ပြောဆိုခြင်းကြောင့် ပြည်ဝင်ခွင့် ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် အဆိုပါ အမျိုးသားက ၎င်းသည် မြတ်ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို လိုက်နာကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း၊ ထိုသို့ ဗုဒ္ဓပုံကို ဆေးမင်ကြောင် ရေးထိုးထားခြင်းမှာ ဗုဒ္ဓအားဂါရဝ ပြုလိုသောကြောင့် ဖြစ်ကြောင်း အံ့အားသင့်စွာ ပြောဆိုခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း သီရိလင်္ကာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သော ပြင်သစ်နိုင်ငံသား တိုးရစ်သုံးဦးမှာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို နမ်းရှုတ်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ဆိုင်းငံ့ထောင်ဒဏ် ပြစ်ဒဏ် ပေးခံခဲ့ရသည်။  
PHOTO By - BBC News
Ref : yoyarlay