အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
သတင်းအထောက်အထားများအရ အီရတ် နိုင်ငံ ၏မြို့ တော် ဘဂ္ဂဒတ်မြို့ တော် ၏ အနောက်တောင် ပိုင်း ဒေသ ရှိ ((အလ်စနာအေဟ် အားကစားကွင်း)) ရှိ မဲဆန္ဒနယ်မြေ ၏ ပါလီမန်ရွေးကောက်ပွဲ၏ အတွက်စုဝေးပွဲ အား အဆုံးသတ်ချိန် တွင် ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါ သည်။ ဤပေါက်ကွဲမှုကြောင့် အယောက်၃၀ ရှဟီးဒ် ဖြစ်ခဲ့ရပြီး ၅၅ ဦး ဒဏ်ရာရှိခဲ့လေသည်။
ဤတိုက်ခိုက်မှုတွင် အကြမ်းဖက်အစွန်းရောက် သက္က်ဖီးရီးများမှ အီရတ်နိုင်ငံ ပါလီမန် ရွေးကောက်ပွဲ ဆိုင်ရာ ရှီအာ ပါတီ ((အေဆာအေဗ် အဲဟ်လေလ်ဟက် )) ၏ မဲဆန္ဒနယ်မြေ ကို အဓိက ထားပြီး အကြမ်းဖက် တိုက်ခိုက်မှု ကို ပြုခဲ့ပါသည်။ဤသို့တိုက်ခိုက်ချိန်တွင် ဤ ပါတီ၏ ခေါင်းဆောင် များဖြစ် သည့် ရှိက်ခ် ကိုက်စ်ခေဇ်အလီ နှင့်ဆရက်ဒ်အမာဟကီးမ် တို့မှာ မရှိခဲ့အတွက်ကြောင့် သက္က်ဖီးရီးများ ၏ မကောင်းသည့် နီယသ် မအောင်မြင်ခဲ့ချေ။
သတင်းအထောက်အထားများအရ ရှိက်ခ် ကိုက်စ်ခေဇ်အလီ နှင့်ဆရက်ဒ်အမာဟကီးမ် တို့မှာ ဗုံးမပေါက်ကွဲမည် အချိန် အနီးငယ် အလျင် ထိုနေရာ မှ ထွက်ခွာသွားခဲ့ကြပြီး ဖြစ်ပြီး တက်ရောက်လာကြသည့် ပြည်သူလူထုမှ မိမိတို့ နေရပ်ဌာနများ သို့ ပြန်နေသည့် အချိန် တွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပါသည်။
ဤတိုက်ခိုက်မှုအား အကြမ်းဖက်အစွန်းရောက် သက္က်ဖီးရီးများမှ တစ်ဖွဲ့ ဖြစ်သည့် ((ဒါအေရှ် (လ.န) )) အဖွဲ့မှ တာဝန်ယူ ဝန်ခံလေသည်။
အီရတ်နိုင်ငံ ပါလီမန် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ် မ လိုတော့ သည့်အချိန် အခါ တွင် ယခုလိုသတ္တိ မဲ့ပြီး လူမဆန်သည့် တိုက်ခိုက်မှု ကို ခံခဲ့ရခြင်းဖြစ်ပါသည်။





