အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း တန်ဆရီ ဆရဒ်အဟာမစ်အလ်ဘာအာ ခန့်အပ်လိုက်သည်ဟု OIC အထွေထွေအတွင်းရေးမှူး Iyad Amin Madani က မေလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
OIC နှင့် မြန်မာအစိုးရတို့အကြား သံတမန်ရေးရာ ခိုင်မာစေရန်၊ အကြောင်းအရာများအား ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အထိ ဆွဲဆောင်ရန်အတွက် ဆရဒ်ဟာမစ် ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု OIC မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ခန့်အပ်ခဲ့မှုမှာ ပြည့်ဝသော ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများအကြား ငြိမ်းချမ်းမှုမြှင့်တင်ရေးနှင့် သဟာဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် အရေးပါသော ဆောင်ရွက်ချက်လည်းဖြစ်သည်။
OIC ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဆရဒ်ဟာမစ်မှာ ၎င်း၏ အင်အား၊ ကျွမ်းကျင်လိမ်မာမှုနှင့် အတွေ့အကြုံများကို အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း Madani က ထိုကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
ဆရဒ်ဟာမစ်မှာ မလေးရှားနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပြည်ထဲရေး၊ ဥပဒေရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းရာထူးများကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
Ref: NST / M-Media
၁၅ မေ ၂၀၁၄ - ၁၄:၃၄
News ID: 608861