အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်သ် (အ.စ) ၏ ဦးဆောင်မှုဖြင့် ဤနှစ်တွင် ((ဗရမ်းမ်ဗဲရ်ရေ အာဇမ်း (ဆွ) )) ခေါင်းစဉ်နှင့် နိုင်ငံတကာ ဖိတ်ခေါ်ပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ဤဖိတ်ခေါ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကို အောင်မြင်စွာ ကျင်းပပြီးနောက် လာမည့်နှစ်အတွက် ((ကျမ်း တော် မြတ် ကုရ်အာန် နှင့်တမန်တော်မြတ်ကြီး (ဆွ) ))ခေါင်းစဉ် ဖြစ်ကြောင်းကြေငြာခဲ့ပါသည်။
((ဗရမ်းမ်ဗဲရ်ရေ အာဇမ်း (ဆွ) )) ခေါင်းစဉ်နှင့် နိုင်ငံတကာ ဖိတ်ခေါ်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ တကမ္ဘာ့လုံး အတိုင်းအတာအရ ကိုယ်တော်မြတ်(ဆွ) ကို ကာတွန်း၊ ရုပ်ရှင် ၊စာအုပ် စသည်တို့ဖြင့် အစ္စလာမ့်ရန်သူများဖက်မှ မတရား၊လူမဆန်စွာ စော်ကားထားမှုများ ကို ပြန်လည်ပြီး ကာတွန်း၊ ရုပ်ရှင် ၊စာအုပ်စသည်ဖြင့်ထိထိမိမိ ခုခံကာကွယ် ရန် ပီပြင်စွာ ၊သဘာဝကျကျ၊တရားမျှတစွာ ချေပနိုင်ရန်ဖြစ် ပါသည်။ မာရှာအလ္လာဟ် ရည်ရွယ်ချင်အတိုင်း အောင်မြင်ခဲ့ပါသည်။

ဤပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ပေါင်း၈၀၀ ကျော်တို့၏ အစ္စလာမ့် အနုပညာ များကို ထိန်းသိမ်းနိုင်ခဲ့ပြီး အကောင်းတကာအကောင်းဆု အစ္စလာမ့် အနုပညာရှင်များကို ထိုက်တန်သည့် ဆုလာဒ်များ အဖြစ် ရွှေဒင်္ဂါးပြား များကို ကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ်စီနှင့်အတူ ချီးမြှင့်ခဲ့ ပါသည်။ရှီအာ၊စွန်နီများမှ ဝင်ရောက်ယှဉ်ပြိုင်နေရာယူခဲ့ကြပါသည်။
((ဗရမ်းမ်ဗဲရ်ရေ အာဇမ်း (ဆွ) )) ခေါင်းစဉ်နှင့် နိုင်ငံတကာ ဖိတ်ခေါ် ပွဲအပြီး ပြည်ထောင်စု အစ္စလာမ်မစ် သမ္မတ အီရန်နိုင်ငံ၏ ပါလီမန်ဥက္ကဋ္ဌ ဒေါက်တာ လာရီဂျာနီ မှ နောက်နှစ် အတွက်ခေါင်းစဉ် ဖြစ်သည့် ((ကျမ်းတော်မြတ်ကုရ်အာန် နှင့်တမန်တော်မြတ်ကြီး (ဆွ) )) အား တရားဝင် ဖွင့်လှစ်ကြေငြာပေးခဲ့ပါသည်။
