အဲဟ်လေ့ဘိုက်သ်(အ.စ)သတင်းဌာန၊အဗ်နာ
Albany နိုင်ငံရှိ ဂျာမေအသိုလ်မွစ်တဖွာ(ဆွ)ကိုယ်စားလှယ် ၏ အစီအစဉ်များအရ ဟဇရသ်အာယာသွလ္လာဟ်အလ်အွဇ်မာမာကာရေမ် ယှီးရာဇီး၏ သဖ်စီးရ်ကျမ်း၊သဖ်စီးရ် နမူနာကျမ်းအား ယှီးဗ်ဘာသာ ဖြစ် ပြန်ဆိုရန် ဖြစ်ပါသည်။
ဤဘာသာပြန်ဆိုမှုသည် ပထမဆုံး ယှီးဗ်ဘာသာဖြင့် ကုရ်အာန်ကရီးမ် ဆိုင်ရာ သဖ်စီးရ် နမူနာ ဘာသာပြန် ခြင်းဖြစ်ပါသည်။
အစပထမပိုင်းတွင် တစ်နှစ်ကို တစ်တွဲဘာသာပြန်ဆိုရန် အစီအစဉ်ဖြင့် ကြိုပမ်းလှုပ်ရှားခဲ့ပြီး တတွဲအားထုတ်ဝေဖြန့်ချိခဲ့ သော်လည်း Albany နိုင်ငံရှိ အိုလမာ၊ ပညာရှင်များ၊ ပြည်သူလူထု အမြောက်အများဖက်မှ ကြိုဆိုလာသဖြင့်ကျန် ၂၆ တွဲအား တစ်နှစ်အတွင်း ဆက်လက် ဘာသာပြန်ဆို ထုတ်ဝေသွားမည်ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။
ယခုလက်ရှိအနေအထားအရ ဤဘာသာပြန်ဆိုရန် ကျန်ရှိနေသေးသည့် ၂၆ တွဲအား ဘာသာပြန်ဆိုမှု တွင် ၇၀ % စိစစ်တည်းဖြတ်မှုတွင် ၃၀ % ပြီးစီးနေပြီးဖြစ်ပါသည်။
အင်ရှာအလ္လာဟ် ၊ Albany နိုင်ငံရှိဂျာ မေအသိုလ်မွစ်တဖွာ(ဆွ)ကိုယ်စားလှယ်၏ အား ထုတ်ကြိုး ပမ်းမှုဖြင့် ယှီးဗ်ဘာသာဖြင့် ကုရ်အာန်ကရီးမ်တစ်အုပ်လုံး ဘာသာပြန်ဆိုမှုနှင့်စိစစ်တည်းဖြတ် မှုသည်လည်း ၆၅ % ပြီးစီးနေပြီး ဖြစ်ပါသည်။
၁ ဇွန် ၂၀၁၄ - ၁၅:၂၃
News ID: 612863

အင်ရှာအလ္လာဟ် ၊ Albany နိုင်ငံရှိဂျာ မေအသိုလ်မွစ်တဖွာ(ဆွ)ကိုယ်စားလှယ်၏ အား ထုတ်ကြိုးပမ်းမှုဖြင့် ပထမဆုံး ယှီးဗ်ဘာသာဖြင့် ကုရ်အာန်ကရီးမ် ဆိုင်ရာ သဖ်စီးရ် နမူနာ ဘာသာပြန် ထွက်ရှိမည် ဖြစ်ပါ သည်။