အဲဟ်လေ့ဘိုက်သ်(အ.စ)သတင်းဌာန၊အဗ်နာ
အဘူဂျာ- ဘိုကိုဟာရမ်စစ် သွေးကြွများ ဖမ်းဆီးခေါ်ဆောင် သွားသော ကျောင်းသူ ၂၀၀ ကျော် ရှိသည့် နေရာကို သိရပြီဖြစ်ကြောင်း နိုင်ဂျီးရီးယား စစ်တပ် အကြီးတန်း အရာရှိ တစ်ဦးက မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။ ‘‘မိန်းကလေးတွေ အတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့တွေ သိထားပါတယ်။ ဒါပေမဲ့ ထုတ်မပြောနိုင်ပါဘူး’’ ဟု လေတပ်အကြီးအကဲ အဲလက်စ်ဘက်ဒါက သတင်းထောက်များအား ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်တွင် နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ နိုင်ဂျီးရီးယားအစိုးရနှင့် စစ်တပ်မှာ အပြင်းအထန် ဝေဖန်ခံ နေရပြီး နောက်ဆုံးတွင် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြည်ပနိုင်ငံ များ၏ အကူအညီကို ယူခဲ့ရသည်။
လေတပ် အကြီးအကဲက စစ်ရေးလျှို့ဝှက်ချက် အရ ကယ်ဆယ်ရေး လုပ်ငန်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် ငြင်းပယ်ခဲ့ပြီး အစိုးရသည် ကျောင်းသူ ကလေးများ ပြန်လည် လွတ်မြောက်စေရန် ကြိုးပမ်းလျက်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
By The Voice Journal
၁ ဇွန် ၂၀၁၄ - ၁၆:၃၂
News ID: 612873