၁၀ ဇူလိုင် ၂၀၁၄ - ၀၆:၅၇
ကိုလိုနီ ကြီးနိုင် ငယ်ညှဉ်း လုပ်နေသည့် အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အပြစ်မဲ့ အရပ်သား ၇ ဦး ရှဟီးဒ် ဖြစ်

ကိုလိုနီ ကြီးနိုင် ငယ်ညှဉ်း လုပ်နေသည့် အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်း အပြစ်မဲ့ အရပ်သား ၇ ဦး ရှဟီးဒ် ဖြစ်ခဲ့ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊ အဗ်နာ
ဒါဟာ ဂါဇာကမ်းမြောင်ဒေသက မိမိတိုင်းပြည်အား နယ်ချဲ့ အစ္စရေးမှလွတ်မြောက်အောင်ကြိုးပမ်းနေ သည့်  ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိခဲ့ရပါသည်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို ကိုလိုနီ ကြီးနိုင် ငယ်ညှဉ်း လုပ်နေသည့် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ ကိုလိုနီ ကြီးနိုင် ငယ်ညှဉ်း လုပ်နေ သည့် အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ ရှဟီးဒ် ဖြစ်ခဲ့ပြီး  အများ စုကတော့ အရပ်သား ပြစ်မဲ့ တွေ ဖြစ်ပါသည်။

ကိုလိုနီ ကြီးနိုင် ငယ်ညှဉ်း လုပ်နေသည့် အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဟုလည်း ဆိုထားပါသည်။

ဒါပေမယ့် ကိုလိုနီ ကြီးနိုင် ငယ်ညှဉ်း လုပ်နေသည့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါသည်။

မိမိတိုင်းပြည်အား နယ်ချဲ့ အစ္စရေးမှလွတ်မြောက်အောင်ကြိုးပမ်းနေ သည့်  ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက်  ကိုလိုနီ အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ ကိုလိုနီ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါသည်။

မိမိတိုင်းပြည်အား နယ်ချဲ့ အစ္စရေးမှလွတ်မြောက်အောင်ကြိုးပမ်းနေ သည့် ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးကြောင်း ကိုလိုနီ နယ်ချဲ့ အစ္စရေးက ကြေငြာခဲ့ပါသည်။