၁၄ ဇူလိုင် ၂၀၁၄ - ၁၇:၃၈
ထိုင်းက မြန်မာဒုက္ခသည်များကို ၁ နှစ်အတွင်း နေရပ်ပြန်ပို့မည်ဟုဆို

“ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောတူညီမှုနဲ့အတူ လူသားချင်းစာနာမှု စံနှုန်းတွေကို လိုက်နာရမှာပါ။ ဒါပေမယ့် အလုပ်သမား စည်းမျဉ်း စည်းကမ်းတွေအပါအ၀င် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးထိခိုက်တဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပြဿ နာတခုဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ဟာ အချိန်ယူရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ် ကြာမယ်။” ထိုင်းအာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာကတော့ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကိစ္စဆွေးနွေးခဲ့ကြောင်း၊ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့အာင် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

ထိုင်းက မြန်မာဒုက္ခသည်များကို ၁ နှစ်အတွင်း နေရပ်ပြန်ပို့မည်ဟုဆို

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကို  ၁ နှစ်အတွင်း နေရပ်ပြန်ပို့ဖို့ ရှိနေတယ်လို့ ထိုင်းစစ်တပ်သတင်း ရင်းမြစ်ကို ကိုးကားပြီး ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြပါတယ်။

ထိုင်းအာဏာသိမ်း အဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီရဲ့  မူဝါဒဟာ ဒုက္ခသည်တွေ ကို ပြန်ပို့ဖို့နဲ့  ဒုက္ခသည် စခန်းတွေအားလုံး ပိတ် ဖို့ဖြစ်ကြောင်း၊ မြန်မာ အစိုးရကလည်း ဒုက္ခသည်တွေကို  ပြန်ခေါ်ဖို့အသင့်ပဲလို့ ထိုင်းခြေလျင်တပ်မ ၉ ရဲ့ အမည်မဖော်လိုသူက သတင်းမှာ ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့  ဆန္ဒသဘောတူညီမှုနဲ့အတူ လူသားချင်းစာနာမှု စံနှုန်းတွေကို လိုက်နာရမှာပါ။ ဒါပေမယ့် အလုပ်သမား စည်းမျဉ်း စည်းကမ်းတွေအပါအ၀င် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးထိခိုက်တဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပြဿ   နာတခုဖြစ်တယ်။  ဒီလုပ်ငန်းစဉ်ဟာ အချိန်ယူရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ် ကြာမယ်။”

ထိုင်းအာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာကတော့  ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နဲ့ ဒီကိစ္စဆွေးနွေးခဲ့ကြောင်း၊ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့အာင် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ရုပ်သံမိန့်ခွန်းမှာ  ပြောကြားသွားခဲ့ပါတယ်။

REF;ဒီဗွီဘီ