၁၇ ဇူလိုင် ၂၀၁၄ - ၁၄:၅၇
အစ္စရေးစစ်တပ် ဒုံးကျည်ပစ်ခတ်မှုကြောင့် ကလေး ၄ ဦး သေဆုံး

ဇူလိုင် ၈ ရက်နေ့ကစပြီး ပါလက်စတိုင်း ဟားမတ်တွေနဲ့ အစ္စရေးစစ်တပ် အပြင်းအထန် တိုက်ခိုက်နေကြပြီး ပါလက်စတိုင်း ၂၁၆ ယောက် သေဆုံးခဲ့ကြပြီ ဖြစ်ပါတယ်။ သေဆုံးသူအများစုကလည်း အပြစ်မဲ့အရပ်သားတွေ ဖြစ်ပြီး ကလေးအနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ကြတယ်လို့ ဂါဇာဒေသခံအာဏာပိုင်တွေက ဆိုကြပါတယ်။ အစ္စရေးဖက်ကတော့ ပါလက်စတိုင်း ဒုံးကျည်ပေါင်း ၁ ထောင်ကျော် ပစ်ခတ်ခံရမှုမှာ လူ ၁ ဦးပဲ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးတောင် မပြည့်ပါဘူး။ ဇူလိုင် ၁၇ ရက် ဒီနေ့မှာတော့ ကုလသမဂ္ဂရဲ့တောင်းဆိုမှုနဲ့ ၅ နာရီကြာ နှစ်ဖက် အပစ်အခတ် ရပ်စဲကြမယ်လို့ နှစ်ဖက်စလုံးက ဆိုကြပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

အစ္စရေးစစ်တပ် ဒုံးကျည်ပစ်ခတ်မှုကြောင့် ကလေး ၄ ဦး သေဆုံး

အစ္စရေးစစ်တပ်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် ဂါဇာကမ်းခြေမှာ ဆော့ကစားနေတဲ့ ကလေး ၄ ဦး ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က သေဆုံးခဲ့ကြပါတယ်။

အစ္စရေးရေတပ်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ထိမှန်လို့ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦး၊ အသက် ၉ နှစ်နဲ့ ၁၁ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦးတို့ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကလေးတွေအားလုံးဟာ မိသားစုတခုထဲက ဖြစ်ပြီး နောက်ထပ် ကလေးတဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ပထမ ပစ်ခတ်လိုက်တဲ့ဒုံးကျည်ကတော့ ဟားမတ်အဖွဲ့ရဲ့ အဆောက်အဦးလို့ အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုပြီး ထွက်ပြေးခဲ့ကြတဲ့ ကလေးတွေကိုတော့ ထွက်ပြေးနေတဲ့ စစ်သွေးကြွတွေအဖြစ် မှားယွင်းခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဌာန (အိုင်ဒီအက်ဖ်)က ပြောပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၈ ရက်နေ့ကစပြီး ပါလက်စတိုင်း ဟားမတ်တွေနဲ့ အစ္စရေးစစ်တပ် အပြင်းအထန် တိုက်ခိုက်နေကြပြီး ပါလက်စတိုင်း ၂၁၆ ယောက် သေဆုံးခဲ့ကြပြီ ဖြစ်ပါတယ်။

သေဆုံးသူအများစုကလည်း အပြစ်မဲ့အရပ်သားတွေ ဖြစ်ပြီး ကလေးအနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ကြတယ်လို့ ဂါဇာဒေသခံအာဏာပိုင်တွေက ဆိုကြပါတယ်။

အစ္စရေးဖက်ကတော့ ပါလက်စတိုင်း ဒုံးကျည်ပေါင်း ၁ ထောင်ကျော် ပစ်ခတ်ခံရမှုမှာ လူ ၁ ဦးပဲ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးတောင် မပြည့်ပါဘူး။

ဇူလိုင် ၁၇ ရက် ဒီနေ့မှာတော့ ကုလသမဂ္ဂရဲ့တောင်းဆိုမှုနဲ့ ၅ နာရီကြာ နှစ်ဖက် အပစ်အခတ် ရပ်စဲကြမယ်လို့ နှစ်ဖက်စလုံးက ဆိုကြပါတယ်။

REF; ဒီဗွီဘီ