အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ
ယူကရိန်း လေပိုင်နက် အတွင်း ခရီးသည် ၂၉၅ ဦးပါ မလေးရှားလေယာဉ် ပျက်ကျ
ဟော်လန်နိုင်ငံ အက်စတာ ဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့သို့ ပျံသန်းခဲ့သည့် မလေးရှား လေယာဉ် MH17 မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့ပြီး ပစ်ချခံ ရသည်ဟု သံသယဖြစ်ဖွယ် ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။
ခရီးသည် ၂၈၀နှင့် လေယာဉ်အမှုထမ်း ၁၅ဦး လိုက်ပါလာသည့် MH17 လေယာဉ်မှာ ယူကရိန်းနိုင်ငံ လေပိုင်နက်အတွင်း ပျံသန်းနေစဉ် အဆက်အသွယ် ပျက်သွားခဲ့ပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဂရာဘိုဗိုရွာအနီးသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဂရာဘိုဗိုရွာတွင် ကရိုင်းမီးယား ဒေသကို ယူကရိန်းနိုင်ငံမှ ခွဲထုတ်ရန် ကြိုးပမ်းနေသည့် သူပုန်များ အခြေချပြီး MH17 လေယာဉ်ပျက် ကျမှုနှင့် ပတ်သက်၍ ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း ယူကရိန်း၊ ရုရှားတို့ ဘက်မှ ငြင်းဆန် ထားကာ ခွဲထွက်ရေး သူပုန်များကလည်း ၎င်းတို့ ပစ်ချခဲ့ခြင်း မဟုတ်ဟု တုန့်ပြန် ထားသည်။၏
သို့သော် ရုရှား၏ ထောက်ပံ့မှု ရရှိသည်ဟု သုံးသပ်ခံ ထားရသည့် ခွဲထွက်ရေး သူပုန်များမှာ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ယူကရိန်း လေယာဉ်နှစ်စီးကို ပစ်ချခဲ့သည်ဟု သံသယရှိ ခံနေ ရသည်။ ရုရှားလေပိုင်နက် အတွင်း မရောက်မီ မိုင် ၂၀ အကွာတွင် ပေ ၃၃၀၀၀ အမြင့်မှ ပျံသန်းနေစဉ် ပစ်ချခဲ့ရခြင်းဟု သုံးသပ် ထားကြပြီး လေယာဉ် အပျက် အစီးများနှင့် ရုပ်အလောင်း များမှာ အချင်း ၉ မိုင် အတွင်း ပြန့်ကျဲနေသည်ဟု သိရသည်။
ထို့အပြင် MH17 လေယာဉ်ပျက်ကျမှုမှာ ရုရှားနိုင်ငံတွင် အသုံးပြုသည့် အလယ်အလတ်စား အကွာအဝေးပစ် မြေစိုက်ဒုံးကျည်( BUK missile)အသုံးပြုဖွယ် ရှိခြင်းကြောင့် ခွဲထွက်ရေးသူပုန်များ ဖြစ်နိုင်ခြေ များသည်ဟု သုံးသပ်ထားကြသည်။ သို့သော် ရုရှားသမ္မတ ပူတင်က MH17 လေယာဉ်ပျက်ကျမှုကြောင့် ရုရှားကို စွပ်စွဲနေကြသူများမှာ မိုက်မဲလွန်းသူများဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ MH17 လေယာဉ်ပျက်ကျပြီးနောက် ကမ္ဘာ့ထိပ်တန်း လေကြောင်းလိုင်းများမှာ ယူကရိန်းလေပိုင်နက်ကို ရှောင်ကြည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။
REF; ရိုးရာလေး