၂၉ ဇူလိုင် ၂၀၁၄ - ၁၈:၂၁
ဒုံးကျည်ပစ်လွှတ်မှု ကိုယ့်ဇာတိမြေကို ကာကွယ်ခြင်းဖြစ်ဟု ဟားမတ်စ်ခေါင်းဆောင်ပြော

အစ္စရေးမြေထဲကို ဒုံးကျည်တွေ ပစ်လွှတ်မှုဟာ ကိုယ့်ဇာတိမြေကို ကာကွယ်တာသာ ဖြစ်တယ်လို့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ခါလစ် မီရှားလ်က အမေရိကန် ရုပ်သံကွန်ရက် ပီဘီအက်စ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က လူတွေ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ခါလစ် မီရှားလ်က “ဒုံးကျည်နဲ့ ပစ်တာဟာ ရန်လိုမှုကို ခုခံ ကာကွယ်တာသာ ဖြစ် တယ်။ ရန်လိုမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟု နဲ့ စစ်တပ်က စခဲ့တာပါ။ ကျူးကျော် သိမ်းပိုက်ခံရ မှုအောက်မှာ ကျနော်တို့ ထပ်ခါ ထပ်ခါနေ ရဖို့က ဖြစ်နိုင်မလား” လို့လည်း တန်ပြန်မေးခွန်းထုတ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ

ဒုံးကျည်ပစ်လွှတ်မှု ကိုယ့်ဇာတိမြေကို ကာကွယ်ခြင်းဖြစ်ဟု ဟားမတ်စ်ခေါင်းဆောင်ပြော

အစ္စရေးမြေထဲကို ဒုံးကျည်တွေ ပစ်လွှတ်မှုဟာ ကိုယ့်ဇာတိမြေကို ကာကွယ်တာသာ ဖြစ်တယ်လို့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ခါလစ် မီရှားလ်က အမေရိကန် ရုပ်သံကွန်ရက် ပီဘီအက်စ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က လူတွေ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။

ခါလစ် မီရှားလ်က “ဒုံးကျည်နဲ့ ပစ်တာဟာ ရန်လိုမှုကို ခုခံ ကာကွယ်တာသာ ဖြစ် တယ်။ ရန်လိုမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟု နဲ့ စစ်တပ်က စခဲ့တာပါ။ ကျူးကျော် သိမ်းပိုက်ခံရ မှုအောက်မှာ ကျနော်တို့ ထပ်ခါ ထပ်ခါနေ ရဖို့က ဖြစ်နိုင်မလား” လို့လည်း တန်ပြန်မေးခွန်းထုတ်ပါတယ်။

လတ်တလော ပဋိပက္ခဟာ အစ္စရေးဆယ်ကျော်သက် ၃ ယောက် ပြီးခဲ့တဲ့လက ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုကနေ စပါတယ်။ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်က ရန်လိုမှုတွေကို ချင့်ချိန် ဆုံးဖြတ်ရမယ့်အစား အစ္စရေးက ဟားမတ်စ်အဖွဲ့ကို စွပ်စွဲပြီး ကောက်ချက်ချခဲ့တယ်လို့ ခါလစ်က ပြောပါတယ်။

ခါလစ်က “ဒီလုပ်ရပ်ကို ဘယ်သူ ကျူးလွန်တယ်ဆိုတာ ခုထိ ကျနော်တို့လည်း မသိသေးဘူး။ မသိကြောင်းလည်း ကြေညာခဲ့ပြီးပြီ” လို့ ဆိုပါတယ်။

ခါလစ်က ဂျူး၊ ခရစ်ယာန်၊ အာရပ်လူမျိုးတွေအပါအ၀င် အာရပ်မဟုတ်တဲ့လူတွေနဲ့လည်း အတူ ပူးတွဲနေထိုင်ဖို့ အဆင်သင့်ပဲလို့ အရင်က ပြောခဲ့ဖူးပါတယ်။

ဒါကြောင့် လူတွေ့မေးမြန်းသူ ချာလီရို့စ်က “အစ္စရေးတွေနဲ့ အတူပူးတွဲ နေနိုင်သလားလို့ မေးရာမှာတော့ ကျူးကျော်သိမ်းပိုက်သူတွေနဲ့အတူ မနေချင်ဘူးလို့ ခါလစ်က ပြောခဲ့တယ်” လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းပဋိပက္ခကတော့ အဆုံးသတ်မယ့်လက္ခဏ မပြသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အရပ်သားအများစုဖြစ်တဲ့ ဂါဇာဒေသခံ အယောက် ၁၀၆၀ သေဆုံးခဲ့ပြီး အစ္စရေးဘက်ကတော့ စစ်သည် ၄၈ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။

REF;ဒီဗွီဘီ