အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
နီပေါနိုင်ငံမှာ မိုးသည်းထန်ပြီးနောက် ရေကြီး မြေပြိုမှုတွေဖြစ်ပြီး အနည်းဆုံး လူ ၅၃ ယောက် သေဆုံးသွားတယ်လို့ အစိုးရက သြဂုတ်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း နိုင်ငံ အစွန်အဖျား ဒေသတွေမှာ သဘာဝကပ်ဘေးနဲ့ ကြုံနေရတာပါ။
0,,17828281_303,00သြဂုတ်လ ၁၃ ရက်နေ့ကစလို့ မုတ်သုန်မိုး သည်းထန်နေပြီးနောက် မြစ်တွေ ရေလျှံနေပြီး အနိမ့်ပိုင်းက ရွာတွေမှာ မြေပြိုမှုတွေနဲ့ ကြုံနေရတာပါ။
နီပေါပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အဆိုအရ လူ ၇၅ ယောက်ကလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ ၃၆ ယောက် ဆေးရုံပို့ထားရတယ်လို့ ပြောပါတယ်။
နိုင်ငံ အုပ်ချုပ်ရေး နယ်မြေ ၇၅ ခုထဲက လေးပုံတပုံမှာ မြေပြိုမှု ရေကြီးမှုတွေနဲ့ ကြုံနေရတယ်လို့ အရာရှိတွေက ပြောပါတယ်။
လူပေါင်း ၃၅၀၀ ကိုလည်း ကျောင်းတွေ၊ အများပြည်သူပိုင် အဆောက်အဦတွေမှာ ကယ်တင်ထားရတယ်လို့ ပြောပါတယ်။
မိုးရေဟာ စိုက်ပျိုးရေးကို မှီခိုနေရတဲ့ နီပေါအတွက် အရေးကြီးပေမယ့် မိုးသည်းထန်မှုကြောင့် အသေအပျောက်၊ အပျက်အစီးတွေနဲ့ နေ့စဉ် ကြုံနေရပါတယ်။
၁၇ ဩဂုတ် ၂၀၁၄ - ၁၉:၀၀
News ID: 631811