၂၀ ဩဂုတ် ၂၀၁၄ - ၁၉:၀၃
ရှီအာများ၏ ဖြစ်ပေါ်ဖန်တီးမှု

အေမာမ်ဂျအ်ဖွာရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။ ကျွန်ုပ်တို့ ၏ ရှီအာသည် ကျွန်ုပ်တို့၏ အစိတ် အပိုင်းဖြစ် ချေ သည်။ ၎င်း တို့အား ကျွန်ုပ်တို့၏ သန့်စင်သန့်ပြန်သည့်မြေမှ ဖန်ဆင်း ထားခြင်းဖြစ် ပေ သည်။ ကျွန်ုပ်တို့ကို ဒုက္ခ၊ သောကဖြစ်စေ သောအရာသည် ၎င်းတို့အဖို့ လည်း ဒုက္ခ၊ သောကကို ဖြစ်စေ လေ သည်။ ကျွန်ုပ်တို့ကို ပီတိ၊ ၀မ်းမြောက်ဝမ်း သာ ဖြစ်စေသည့်စကားသည်လည်း၎င်းတို့အဖို့ ပီတိ ၀မ်းမြောက် ၀မ်းသာကို ဖြစ် စေ ပေသည်။ အကြင်မည်သူမဆို ကျွန်ုပ်တို့နှင့် နီးစပ် နီးကပ်ရင်းနှီးလို လျှင် ၎င်းတို့ထံ ချည်းကပ်ပါလေ။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ် တို့နှင့် သာမန် မနုဿ၊ ပုထုဇဉ် လူသားများအကြား အမှီခံ၊ ဆက်နွယ်ပေးသူများ ဖြစ် ချေ သည်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ

ရှီအာများ၏ ဖြစ်ပေါ်ဖန်တီးမှု

ဟဒီးစ်တော် (၁)
قال الصَّادِقِ ع :  قَالَ: شِيعَتُنَا جُزْءٌ مِنَّا، خُلِقُوا مِنْ فَضْلِ طِينَتِنَا، يَسُوؤُهُمْ مَا يَسُوؤُنَا، وَ يَسُرُّهُمْ مَا يَسُرُّنَا، فَإِذَا أَرَادَنَا أَحَدٌ فَلْيَقْصِدْهُمْ فَإِنَّهُمْ الَّذِينَ يُوصَلُ مِنْهُ إِلَيْنَا.
امالی شیخ طوسی ره جلد 1
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွာရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
    ကျွန်ုပ်တို့ ၏ ရှီအာသည် ကျွန်ုပ်တို့၏ အစိတ် အပိုင်းဖြစ် ချေ သည်။ ၎င်း တို့အား ကျွန်ုပ်တို့၏ သန့်စင်သန့်ပြန်သည့်မြေမှ ဖန်ဆင်း ထားခြင်းဖြစ် ပေ သည်။ ကျွန်ုပ်တို့ကို ဒုက္ခ၊ သောကဖြစ်စေ သောအရာသည် ၎င်းတို့အဖို့ လည်း ဒုက္ခ၊ သောကကို ဖြစ်စေ လေ သည်။ ကျွန်ုပ်တို့ကို ပီတိ၊ ၀မ်းမြောက်ဝမ်း သာ ဖြစ်စေသည့်စကားသည်လည်း၎င်းတို့အဖို့ ပီတိ ၀မ်းမြောက် ၀မ်းသာကို ဖြစ် စေ ပေသည်။ အကြင်မည်သူမဆို ကျွန်ုပ်တို့နှင့် နီးစပ် နီးကပ်ရင်းနှီးလို လျှင် ၎င်းတို့ထံ ချည်းကပ်ပါလေ။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ် တို့နှင့် သာမန် မနုဿ၊ ပုထုဇဉ် လူသားများအကြား အမှီခံ၊ ဆက်နွယ်ပေးသူများ ဖြစ် ချေ သည်။                 
ညွှန်း - အမာလီရှိက်ခ် သူစီ(ရ.ဟ)ကျမ်း အတွဲ (၁)
စဉ်းစား၊မှတ်သား၊ ပညာယူစရာနှင့် ပြု ပြင်စရာများ

    အထက် ဖော်ပြပါဟဒီးစ်တော်အား လေ့လာသုံးသပ်ခြင်းဖြင့် အထင် အရှား သိမြင် ရမည့်အချက်မှာ အဟ်လေ့ဘိုက်(သ)(အ.စ) ၏ နှစ်သက် သည့် အရာများသည် ၎င်းတို့၏ စစ်မှန်သော ရှီအာများနှစ်သက်ပေမည်။ ထို့ အတူ မုန်းတီးရွံရှာသော အရာများ သည် လည်း ရှီအာအစစ် အမှန်များ မုန်းတီးရွံ ရှာလေ၏ ။
    ဤအတွက်ကြောင့် အလ်လေ့ဘိုက်(သ)(အ.စ) မည်သည့် အရာများ ကို နှစ်သက် မြတ်နိုး တန်ဖိုးထားကြောင်း၊ မည်သည့်ကိစ္စများကို မုန်းတီး၊ မနှစ် မြို့  ကြောင်း အသေအချာ သိရှိထားဖို့၊ လေ့လာလိုက်စား၊ ကျင့်သုံး နာယူရန် ရှီအာ စစ် ရှီအာ မှန် ဖြစ်လိုသူတိုင်း၏ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပေသည်။
    ဤအတွက်ကြောင့် အဟ်လေ့ဘိုက်(သ) (အ.စ) သည်အလ္လာဟ်ဟို အ ရှင် မြတ် သခင်၏ လမ်းစဉ်တွင် လှူဒါန်းပေးကမ်းခြင်းကို နှစ်သက်မြတ်နိုး၏။     
    ကျွန်ုပ်တို့သည် မိမိကိုယ်ကို ရှီအာဟုလည်း ကြွေးကြော် ၏။ သို့သော် အလ္လာဟ်ဟို အရှင် မြတ်လမ်းစဉ်တွင် လှူဒါန်းဖို့ စိတ်မပါဆိုလျှင် ….? စဉ်း စား စရာ ....?
    ၎င်းတို့သည် နမာဇ်၊ ရိုဇာ၊ ခွမ်းစ် စသည်ဖြင့်ကို နှစ်သက်၏။ လက်တွေ့ လုပ် ဆောင် ခဲ့ကြလေ၏။ ကျွန်တော်တို့ကမူ…...!!!???.
    ၎င်း တို့သည် မာန်မာန၊အတင်း အဖျင်း ၊ကောက်ကျစ် ခြင်း ၊စကား အပေး အယူ ပြု မှုခြင်း  စသည့် မကောင်း မှုဒုစရိုက်များကို ရွံမုန်း၍ လုံးဝ ရှောင်ကြဉ် ကြ လေ ၏ ။ ကျွန်တော်တို့ က ရှင်းပြဖို့ ပင်မလို ၊ လက်ရှိ အခြေအနေအမှန် ကို အများစု အသိပင် ......!!!???
သင်ခန်းစာများ
(၁) ရှီအာများသည် အဟ်လေ့ဘိုက်(သ)(အ.စ) ၏ အစိတ် အပိုင်းဖြစ် လေရာ ရှီအာ များကို ပုတ်ခတ်စွပ်စွဲမတရားပြော သူများ၊ ယုတ် စွ ကာဖေရ်ဟုပြောသူများ သည်ကိုယ်တော်မြတ်(ဆွ) ၏ အနွယ် တော် မွန် များ (အ.စ) ကို ပြောဆိုခြင်း မည်သွား လေ၏ ။

(၂)    ရှီအာများသည် ကိုယ်တော်မြတ်(ဆွ)နှင့် အဟ်လေ့ဘိုက်(သ) (အ.စ) တို့၏ အကြိုက်ကို သာကြိုက်ပြီးး၊ မနှစ်မြို့  လည်း မနှစ်မြို့  ကြ ချေ။ အေးအတူ ပူ အမျှ ၀မ်းသာ အတူ ၀မ်းနည်းမလွဲပင်တည်း။

(၃)    အလ္လာဟ်ဟို အရှင်မြတ်ထံရောက်ဖို့ နီးစပ်ဖို့ ချည်းကပ်နိုင်ရန် တမန်တော် မြတ်ကြီး(ဆွ) ၏ ၀ဇီလာလိုလေ၏။  ကိုယ်တော် ထံ ရောက်နိုင်ရန် အဟ်လေ့ ဘိုက်(သ)(အ.စ) ၏ ၀ဇီလာလိုပြန် လေ သည်။ အနွယ်တော်မွန်များ ထံရောက် ရန်တစ်ခါ ရှီအာအစစ် အမှန်တို့လိုပြန်ကြောင်းထင်ရှားနေလေ၏။ ဤအတွက် ကြောင့် အ ဆင့် မကျော်နိုင်ကြောင်းဆိုသည့်အချက် ကိုမေ့မရ ချေ။
ဝမ်းနည်းစရာ ၊ ဤမျှအဆင့် သရ်ဂျာကြီး ကျယ်မြင့်မြတ်သည့်ရှီအာအားယနေ့ မိမိ ကိုယ်မိမိ မွတ်စလင်မ်ဟု ခံယူထားသူ အရေခြုံအတုများ အနေဖြင့် သူခိုးကလူပြန်ဟစ် ဆိုသည့် အခြေအနေသို့ ရောက်နေလုပ်နေကြလေသည်။
________________________________________