၁၀ ဇွန် ၂၀၂၆ - ၂၃:၅၉
အမေရိကန်အာဏာပိုင်များက “အီရန်ခေါင်းဆောင်များ သဘောတူစာချုပ် လက်မှတ်မထိုးမချင်း တိုက်ခိုက်မှု များ ဆက်လက်ဖြစ်မည်” ဟု ထုတ်ပြန်

အမေရိကန်အာဏာပိုင်များက အီရန်နှင့်ပတ်သက်သည့် စစ်ရေးဖိအားများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်အာဏာပိုင်များက အီရန်နှင့်ပတ်သက်သည့် စစ်ရေးဖိအားများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ၎င်းတို့၏ ပြောကြားချက်အရ အီရန်၏ အုပ်ချုပ်ရေးခေါင်းဆောင်များက သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်မထိုးသ၍ တိုက်ခိုက်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း ဆိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် ဒေသတွင်းတင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နှစ်ဖက်အကြား သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် တိုက်တွန်းမှုများ ပိုမိုထွက် ပေါ်လာနိုင် ပါတယ်။

အခြေအနေမှာ ယခုအချိန်တွင် လျင်မြန်စွာ ပြောင်းလဲနိုင်သဖြင့် နောက်ထပ်တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ရန် လိုအပ်နေပါတယ်။

မှတ်သား စရာအချက်မှာ အီရန် နိုင်ငံ ခြိမ်းခြောက်မှု နှင့် မတရားမှုဖြင့် ပြုလုပ်မည့် မည်သည့် သဘောတူ စာချုပ်မျိုးမဆို လက်မှတ် ရေးထိုးမည် မဟုတ်ချေ။ ဒူးထောက်မည်လည်းမဟုတ်ချေ။ ပြင်းထန်သည့် အဖြေများ ပြန်လည်ပေးသွားမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha