၂၁ ဩဂုတ် ၂၀၁၄ - ၁၄:၁၃
နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု ရှိနေဆဲဟု သမ္မတ ၀န်ခံ

Thein-Sein-ASEAN သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၂၀၁၄-၁၅ ခုနှစ် ပထမ ၄ လပတ် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။



  အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

နိုင်ငံ့ဝန်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ၀န်ခံပြောဆိုလိုက်ပါတယ်။

Thein-Sein-ASEAN သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၂၀၁၄-၁၅ ခုနှစ် ပထမ ၄ လပတ် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ဖို့ ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်ကအစ ပြောင်းလဲ ပစ်ဖို့ လိုအပ်တဲ့အကြောင်း၊ အစိုးရအဖွဲ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းကာလအတွင်း လာဘ်ပေး လာဘ်ယူမှု လျော့နည်းပပျောက်ရေးလုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ နိုင်ငံဝန်ထမ်း အရာရှိကြီးတွေကို သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အဂတိ လိုက်စားမှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မလုပ်ဘူးလို့ ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန်မှုကို အမြဲတစေ ခံနေရပါတယ်။

===================================================