အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
========================================================
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ၎င်းတို့၏ ရန်သူတော် ကာဒစ်ရှ်တပ်ဖွဲ့များကို ခြိမ်းခြောက်သည့် အနေဖြင့် ကာဒစ်ရှ် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအား ထုတ်ပြန် ပြသခဲ့ကြောင်း သတင်းရရှိသည်။
သွေးထဲက သတင်းစကားဟု ခေါင်းစဉ်တပ်ထားသည့် ဗီဒီယိုထဲတွင် ကာဒစ်ရှ်အမျိုးသား တစ်ဦးကို IS တပ်ဖွဲ့ဝင်များက ခေါင်းဖြတ်သတ်နေသည့် မြင်ကွင်းအပြင် အဖမ်းခံထားရသည့် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများဟု ယူဆရသူအချို့၏ ပုံရိပ်ကိုလည်း ပြသထားသည်။ ၎င်းတို့အားလုံး လိမ္မော်ရောင် တူညီဝတ်စုံများနှင့် ရှိနေကြသည်။
ဗီဒီယိုထဲတွင် ကာဒစ်ရှ် အမျိုးသားသည် IS တို့ ထိန်းချုပ်ထားသည့် အီဂျစ်မြောက်ပိုင်း မိုဆူးလ်မြို့မှ ဗလီတစ်ခုရှေ့တွင် ဒူးထောက်လျက်သား ရှိနေပြီး ထို့နောက်တွင် IS တို့က ၎င်းကို ခေါင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကာဒစ်ရှ်တို့က အမေရိကန်၏ အလိုအတိုင်း IS အဖွဲ့ကို ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက ဖမ်းဆီးထားသည့် အခြား ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများကိုလည်း ခေါင်းဖြတ်မည်ဟု ၎င်းတို့က ခြိမ်းခြောက် သတိပေးခဲ့သည်။
IS တို့သည် အမေရိကန်၏ အကန့်အသတ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လက်စားချေသည့် အနေဖြင့် အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်နေပုံ ဗီဒီယိုကိုလည်း အင်တာနက်တွင် လွှင့်တင်ခဲ့ဖူးသည်။ အမေရိကန်သည် IS တို့၏ ရန်သူတော် ကာဒစ်ရှ် တိုက်ခိုက်ရေး အဖွဲ့များကိုလည်း လက်နက် တပ်ဆင်ပေးနေသည်။
အစောပိုင်းက ဆီးရီးယားတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် IS တို့၏ ဗီဒီယို မှတ်တမ်းတစ်ခုတွင် ဆီးရီးယား အစိုးရ စစ်စခန်းတစ်ခုကို သိမ်းယူပြီးနောက် ဆီးရီးယား စစ်သား အများအပြားကို သတ်ဖြတ်ကာ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသွားသည့် ပုံရိပ်များကိုလည်း တွေ့ရှိခဲ့ရသည်။ ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက်များ ဖြစ်ကြသည့် IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် သတ်မှတ် ထူထောင်ကြောင်း ကြေညာထားသည်။
_Ref: BBC
===================================================
အဗ်နာ သုံးသပ်ချက်
ISIL (OR) IS အဖွဲ့သည် ဒါအေရှ်အမည် နှင့်လည်း ခေါ်ဆိုပြီး အစ္စလာမ်ခုတုံးလုပ်အစွန်းရောက် သက္က်ဖီးရီး မလ်အူးမ် (ထာဝရဘုရားသခင်ဖက်မှ လအ်နသ်ကျထားခံရသူများ ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ရလာအဖြာဖြာပေးသနားတော်မူခြင်းမှအပြယ်ခံရသူများ)သာဖြစ်ပါသည်။၎င်းတို့သည် အစ္စလာမ်အတွက်သာမက ရှီအာများ၏ညီနောင်ဖြစ်သည့် စွန်နီများ ကို ပါ အမည်ဖျက်နေလေသည်။
၎င်းတို့အတွက်ကြောင့်ယနေ့ကမ္ဘာ က ဆွန်နီ သူပုန်ဟုရေးသားကြခြင်းဖြစ်ပါသည်။အမှန်တကယ်မှ ၎င်းတို့သည် ဆွန်နီ အစစ်များနှင့်လုံးဝ မပတ်သက်ချေ။
==================================================